ဘင်္ဂလားဒေ့ရှ်ပြည်သူ ၄.၈ သန်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးစီး။ ထိုးနှံရန် လူ ၆.၂-သန်း မှတ်ပုံတင်ထား၊ တနင်္ဂနွေနေ့တွင် လူ ၈-သောင်းကျော် ထိုးနှံပေးခဲ့။ နိုင်ငံတစ်ဝှန်း လူပေါင်း သန်း ၁၃၀ အတွက် ရုံးပိတ်ရက်မှအပ နေ့စဉ်ကာကွယ်ဆေးထိုးနှံခံယူနိုင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူ များပြားလာစဉ် တနင်္ဂနွေနေ့၌ လူပေါင်း ၈၀,၂၂၂-ဦးကို ထိုးနှံပေးခဲ့ကြောင်း၊ ယခုထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် ပြည်သူ ၄.၈ သန်း ရှိနေပြီး ဆက်လက်၍ ထိုးနှံမှုခံယူမည့်သူ  ၆.၂-သန်းတို့မှာ မှတ်ပုံတင်ထားကြောင်း ကျန်းမာရေးအထွေထွေဝန်ဆောင်မှုဆိုင်ရာညွှန်ကြားမှုဦးစီးဋ္ဌာန DGHS က ပြောဆိုသည်ဟု bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ရေးသားသည်။…   
ကာကွယ်ဆေးထိုးနှံပြီးနောက် ဘေးထွက်ဆိုးကျိုးခံစားရကြောင်း သတင်းပို့သူ အရေအတွက်မှာ ၉၀၆-ဦး ရှိသည်ဆိုသော်လည်း မည်သည့်ရောဂါလက္ခဏာအမျိုးအစားဖြစ်သည်ကို DGHS က ဖော်ပြခြင်း မရှိချေ။..  
လွန်ခဲ့သည့် ဇန်နဝါရီလ ၂၇-ရက်နေ့တွင် ဒါကာမြို့ ကာမင်တူလာအထွေထွေရောဂါကုဆေးရုံကြီး၌ သူနာပြု တစ်ဦးအား ပထမဆုံးဆေးထိုးနှံပေးခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသည့် ကာကွယ်ဆေးထိုးနှံခြင်းကို အပြည့်အစုံလေ့ကျင့်မှု စတင်ခဲ့ရသည်။…   
လူဦးရေ သန်း ၁၃၀ အထိ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူအမြောက်အများအား တပြိုင်နက်တည်း ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၇-ရက်နေ့ရောက်မှသာလျှင် စတင်နိုင်ခဲ့သည်။ ၎င်းနေ့တွင် ဒါကာမြို့အနှံ့ ဖွင့်လှစ်ထားရှိသည့် (ကိုရိုနာဗိုင်းရပ်စ်ရောဂါ) စင်တာ ၄၇-ခုတို့၌ လူပေါင်း ၁၀,၀၀၄-ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စင်တာတစ်ခုတည်းတွင် အများဆုံးအဖြစ် ကာမင်တူလာဆေးရုံကြီးက ၉၁၀-ယောက်ကို ထိုးနှံပေးခဲ့ကြောင်း တွေ့ရှိရသည်။…     
တိုင်းဒေသတစ်ခုချင်းအရ ဒါကာဒေသကြီးသည် ၂၀,၉၉၅-ဦးဖြင့် အများဆုံးဖြစ်၍ ဆဲလ်ဟက်ဒေသကြီးတွင် ကာကွယ်ဆေး ထိုးနှံသူ ၂,၉၃၉-ဦးရှိသည်။..  
ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးတိုက်ဖျက်ရေးအတွက် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးတွင် ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာပေါင်း ၁,၀၀၀ ကျော်ကို ဖွင့်လှစ်ပေးထားပြီး သောကြာနှင့် တရားဝင်ရုံးပိတ်ရက်များမှအပ နေ့ စဉ် နံနက် ၈-နာရီမှ မွန်းလွဲ ၂း၃၀ နာရီအချိန်အတွင်း ထိုးနှံမှု ခံယူနိုင်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြ သည်။

(((bdnews24., 21 Mar 2021,” Bangladesh administers over 4.8 million COVID vaccine doses.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
#ဘင်္ဂလားဒေ့ရှ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူ_၄.၈သန်းရှိနေ
#လူပေါင်း_သန်း၁၃၀_ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံရန်_ဘင်္ဂလားဒေ့ရှ်စီစဉ်

https://bdnews24.com/coronavirus-pandemic/2021/03/21/bangladesh-administers-over-4.8-million-covid-vaccine-doses 

Leave a Reply

Your email address will not be published.