ဘင်္ဂလားဒေ့ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ နေ့စဉ် ဦးရေမှာ စစ်ဆေးမှု၏ ၁၀% အောက်အဖြစ် ၁၃-ရက်မြောက် တစ်ဆက်တည်းကျဆင်း၊ နှစ်ဆန်းတစ်ရက်နေ့အထိ ပိုးတွေ့-သေဆုံးနှုန်း ဆက်တိုက် အကျဖက်တွင်ရှိနေ

.  
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄-နာရီအတွင်း ရောဂါပိုးတွေ့ရှိသူဦးရေမှာ စစ်ဆေးမှု စုစုပေါင်း၏ ၁၀-ရာနှုန်းအောက်ဖြစ်ကြောင်း သောကြာနေ့တွင် တွေ့ရှိရသည်။ ထိုသို့တွေ့ရှိခြင်းမှာ နှစ်ဆန်း ၁-ရက်နေ့တွင် ၁၃ ရက် မြောက် ဆက်တိုက်ဖြစ်လာသဖြင့် နှစ်သစ်အတွက် မျှော်လင့်စရာဖြစ်ရသည် ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။..
နိုင်ငံအတွင်း ဒေသအချို့တွင် ပြင်းထန်မှုမရှိသော အအေးလှိုင်း ကျရောက်လျှက်ရှိပြီး တုပ်ကွေးရာသီ စတင်ချိန် ဖြစ်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကျပ်အတည်း ပိုမိုဆိုးရွားလာမည်ကို အစိုးရက စိုးရွံ့နေရခိုက် ယခုကဲ့သို့ ရောဂါဖြစ်ပွားမှု  အကျဖက်သို့ ပြသလာခြင်းဖြစ်သည်။ ..  
သောကြာနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူဦးရေမှာ ၁၇-ဦး ရှိခဲ့သဖြင့် စုစုပေါင်း ၇,၅၇၆-ဦး ဖြစ်လာသည်။ အလားတူပင် သံသယရှိသူများထံမှ စမ်းသပ်မှုနမူနာ ၁၂,၁၀၃ – ခုတွင် ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခံရသူ ၉၉၀-ဦး ရှိ၍ ၎င်းနေ့စစ်ဆေးမှု၏ ၈.၁၈ % ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်၏ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဦးရေ စုစုပေါင်းမှာ ၅၁၄,၅၀- ဦး ဖြစ်လာသည်ဟု သောကြာနေ မွန်းလွဲပိုင်း၌ ထုတ်ပြန်သော ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှုဌာန၏ နေ့စဉ်သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။..  
ယမန်နေ့အထိ နိုင်ငံတစ်ဝှန်းလုံးရှိ အစိုးရနှင့် ပုဂ္ဂလိကပိုင် တရားဝင် ဓါတ်ခွဲခန်းပေါင်း ၁၈၀ တို့တွင် စမ်းသပ်မှုပေါင်း ၃,၂၃၉,၇၀၁ ခုကို ပြုလုပ်နိုင်ခဲ့ပြီး ရောဂါကူးစက်မှုနှုန်းမှာ စစ်ဆေးမှု၏ ၁၅.၈၈% ရှိသည်။ ..
စောစောပိုင်းတွင် ပိုးတွေ့မှုနှုန်းမှာ စစ်ဆေးမှု၏ ၁၀% အောက်အဖြစ် ဒီဇင်ဘာ (၁၅) ရက်နေ့မှစ၍ (၄) ရက် ဆက်တိုက် အပြောင်းအလဲမရှိ တစ်တန်းတည်းတည်ရှိနေပြီး ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှ ယမန်နေ့အထိ အကျဖက်သို့ ပြောင်းလဲလာခြင်းဖြစ်သည်။ ..
ထိုသို့ ပိုးတွေ့မှုရာနှုန်းသည် နိမ့်ကျလာခြင်းသည် ၁၀-ရက်မှ ၁၄-ရက်အထိ ဆက်တိုက်တည်ရှိနေလျှင် အဆိုပါ တိုင်းပြည်ကို #ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု_လျော့ကျနေသည့်နိုင်ငံ အဖြစ် အနည်းဆုံး သတ်မှတ်နိုင်ကြောင်း၊ ယခင်မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော တိုးတက်မှုအလားအလာများကို မြင်တွေ့နေရပြီး အကယ်၍ ရောဂါဖြစ်ပွားမှုလျော့ကျသည့်အခြေအနေမှာ မပြောင်းမလဲ တည်ငြိမ်နေပါလျှင် Mask #မျက်နှာဖုံးများ_ဝတ်ဆင်ခြင်းသည် ကူးစက်မှုကို တိုက်ဖျက်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဘန်ဂါဘန်ဒု ရှိတ်မူဂျစ် ဆေးဘက်ဆိုင်ရာတက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးနှင့် သတင်းအချက်အလက်ပညာဋ္ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ အတ်တီကွယ်လ်ဟတ်ဂ်က ပြောဆိုသည်။..   
(( SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် Covid-19 ဟု လူသိများသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားကြရာတွင် ဘင်္ဂလားဒေ့ရှ်၌ ၈-ရက် မတ်လ၊ ၂၀၂၀ နေ့တွင် ပထမဆုံးတွေ့ရှိရပြီး၊ မြန်မာက ၂၃-ရက် မတ်လ၊ ၂၀၂၀ ဖြစ်၍ မြန်မာက ရက်သတ္တ ၂-ပတ်နီးပါးနောက်ကျသည်။ ..  
ဘင်္ဂလားဒေ့ရှ်သည် စတင်ဖြစ်စကတည်းက ပိုးတွေ့-သေဆုံးနှုန်း ခပ်ကြမ်းကြမ်း တရိပ်ရိပ်တက်နေပြီး လွန်ခဲ့သည့်နှစ် အောက်တိုဘာမှစ၍ မြန်မာ၏ နေ့စဉ် ပိုးတွေ့-သေဆုံးနှုန်းမှာ ဘင်္ဂလားဒေ့ရှ်နှင့် မတိမ်းမယိမ်းဖြစ်လာသည်။ ယခု နေ့စဉ်ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာကြရာ၌လည်း နှစ်နိုင်ငံ တူညီနေကြသည်။ ယနေ့နံနက်တွင် worldometer အရ နိုင်ငံတကာတွင် ဘင်္ဂလားဒေ့ရှ်သည် အဆင့် ၂၇ ဖြစ်ပြီး၊ မြန်မာက ၆၈ တွင်တည်ရှိနေကြောင်းတွေ့ရှိရသည်။ ..
အိမ်နီးချင်းနိုင်ငံများအနက် အိန္ဒိယသည် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၁၀-သန်းကျော် ဖြင့် အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ သို့သော် မြန်မာနှင့်ထိစပ်နေသော အိန္ဒိယအရှေ့ဖျား ပြည်နယ်များမှာ အနောက်ပိုင်းထက်စာလျှင် ရောဂါဖြစ်ပွားမှှု အလွန်နည်းသည်။ ..
ရေမြေချင်းထိစပ်နေပြီး လူဦးရေသိပ်သည်းမှုအလွန်များသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ နေ့စဉ် ပိုးတွေ့-သေဆုံးနှုန်း အပြောင်းအလဲမှာ မြန်မာနှင့် မတိမ်းမယိမ်းရှိတတ်ကြောင်း သတိပြုမိပါသည်။      ။ သတင်းဘာသာပြန်သူ )) 
..
#ကိုရိုနာဗိုင်းရပ်စ်ရောဂါ #ဘင်္ဂလားဒေ့ရှ်နေ့စဉ်ပိုးတွေ့နှုန်းဆက်တိုက်ကျဆင်း 
..
..
((( Dhaka Tribune., 1 January 2021, “ Covid-19: Single digit test-positivity rate for 13th straight day.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))..   
https://www.dhakatribune.com/health/coronavirus/2021/01/01/covid-19-17-die-990-new-cases-in-24hrs 

0

Leave a Reply

Your email address will not be published.