ဘင်္ဂလားဒေ့ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူ ၁-သောင်းခွဲခန့်တွင် သုံးပုံတစ်ပုံကျော်မှာ ၃-လ အတွင်း ဖြစ်။ ထက်ဝက်ကျော်မှာ ၆-လအတွင်းဖြစ်ပြီး ကျား ၇၁% မ-၂၉% ပါဝင်။ ယမန့်စစ်ဆေးမှု၏ ၂၈.၂၇% မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၁၃၂-ဦးသေဆုံး


လွန်ခဲ့သောသုံးလမှစ၍ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် အသက်ဆုံးရှုံးရသူပမာဏမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး ယခင်သေဆုံးမှုအမြင့်ဆုံးဖြစ်သည့် ဧပြီနှင့် ဇွန်လတို့ထက် ပိုမိုများပြားသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

…  
လွန်ခဲ့သည့် ဧပြီ ၁-ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ နိုင်ငံတစ်ဝှန်းလုံး၌ ကူးစက်ကပ်ရောဂါဖြင့် သေဆုံးသူ ငါးထောင့်ငါးရာနီးပါး (၅,၄၅၇-ဦး) ရှိခဲ့ရာ ထိုအချိန်ထိ သေဆုံးသူ ၁၄,၅၀၃-ဦး၏ ၃၇% မဟုတ် ၃-ပုံ ၁-ပုံကျော် ရှိကြောင်း၊ ၂၀၂၁-ခုနှစ် ပထမ ၆-လအတွင်း ကူးစက်-သေဆုံးနှုန်းမှာ နေ့စဉ်နီးပါး စံချိန်တင် မြင့်တက်မှု စတင်ခဲ့ကြောင်း၊ ယခင်နှစ် ဇူလိုင်လ ပထမ ၂-ရက်အတွင်းး သေဆုံးသူ ၇၉-ဦးရှိခဲ့ရာ ယခုနှစ် အလားတူကာလ၌ ၂၇၅-ဦး သေဆုံးသဖြင့် ၃၄၈% မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များထံမှ သိရှိရသည်

…  
သောကြာနေ့တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌ ၁၃၂ ဦး သေဆုံးခဲ့ရာ နေ့စဉ် လူ ၁၀၀ အထက် သေဆုံးခြင်း တစ်ဆက်တည်း ၆-ရက်မြောက်နေ့ဖြစ်သည်။ ၎င်းမတိုင်မီ ကြာသပတေးနေ့၌ ၁၄၃-ဦး သေဆုံးခြင်းမှာ နိုင်ငံတွင် ကူးစက်ကပ်ရောဂါကျရောက်ချိန်နောက်ပိုင်း တစ်ရက်အတွင်း အများဆုံး လူသေဆုံးမှုဖြစ်ကြောင်း၊ သေဆုံးမှု၏ ၅၁-ရာနှုန်းသည် လွန်ခဲ့သည့် ၆-လအတွင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှုဋ္ဌာန (DGHS) က ပြောဆိုသည်။

…   
ထိုစဉ် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၈,၄၈၃-ဦး ရှိသဖြင့် သောကြာနေ့ နံနက် ၈ နာရီအထိ ကူးစက်သူ စုစုပေါင်း ၈-သိန်း ၃-သောင်းကျော် ( ၉၃၀,၀၄၂-ဦး) ဖြစ်လာခဲ့သည်။

…   
ယမန်နေ့၌ ၂၄-နာရီအတွင်း ဆိုင်းငံ့ထားအချို့အပါအဝင် ဓါတ်ခွဲနမူနာပေါင်း ၃၀,၀၁၂ ကို နိုင်ငံတစ်ဝှန်းလုံးရှိ တရားဝင်ဓာတ်ခွဲခန်း ၅၆၆ ခုတို့တွင် စစ်ဆေးခဲ့ရာ ပိုးတွေ့သူမှာ စမ်းသပ်မှု၏ ၂၈.၂၇% ရှိကြောင်း၊ ထိုအချိန်ထိ နိုင်ငံအတွင်း စုစုပေါင်း လူ ၆-သန်း ၆-သိန်းကျော် (၆,၆၇၀,၉၉၄-ဦး) ကို စမ်းသပ်နိုင်ခဲ့ပြီး ၁၃.၉၄% မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဆို၏။

…    
ယခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးကြရာ၌ ကျား ၇၁.၀၂% မ-၂၈.၉၈% ပါဝင်၍ ကူးစက်ခံရသူအရေအတွက်နှင့် နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းမှာ ၁.၅၉% ရှိသည်။

…  
((အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သာမက ဥရောပနိုင်ငံများသည်ပင်လျှင် WHO သို့ အသီးသီးတင်ပြသည့် တရားဝင် သေဆုံးသူ အရေအတွက်နှင့် ရာခိုင်နှုန်းမှာ ပကတိအမှန် သေဆုံးပမာဏထက် များစွာလျှော့နည်းကြောင်း ကျွမ်းကျင်သူများက သံသယ ရှိကြပါသည်။ ။သတင်းဘာသာပြန်သူ))

#ဘင်္ဂလားဒေ့ရှ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့်_သေဆုံး၃-ပုံ_၁-ပုံမှာ_၃-လအတွင်းဖြစ်

(((Dhaka Tribune., July 2nd, 2021,” Bangladesh’s one-third Covid deaths reported in last 3 months.” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/health/coronavirus/2021/07/02/bangladesh-s-one-third-covid-deaths-reported-in-last-3-months 

Leave a Reply

Your email address will not be published.