ဘင်္ဂလားဒေ့ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ကူးစက်သေဆုံး အရေအတွက် အမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိလာ။ တစ်ရက်တည်း ၁၁,၀၀၀ ကျော်ကူးစက်ခံရပြီး လူ ၂၀၀ နီးပါး သေဆုံး၊ ပိုးတွေ့လူနာမှာ စစ်ဆေးမှု့၏ ၃၁ % ၌ တည်ရှိနေ


ကြာသပတေးနေ့ နံနက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်  COVID-19 ဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိသူ ၁၁,၆၅၁-ဦးကို ၂၄-နာရီအတွင်း ထပ်မံတွေ့ရှိရသဖြင့် ယခင်ပမာဏတို့တွင် အများဆုံးဖြစ်ကြောင်း၊ ထိုသို့ တစ်ရက်တည်း အမြင့်ဆုံးအရေအတွက်တွင် ဆက်တိုက်တည်ရှိနေသည်မှာ ၂-ရက်ရှိပြီဖြစ်ကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။

…  
နိုင်ငံတစ်ဝှန်းလုံး၌ လူပေါင်း ၃၆,၈၅၀- ဦးထံမှ စမ်းသပ်မှု နမူနာများကို ကောက်ယူရရှိခဲ့ရာ ပိုးတွေ့သူ ဦးရေမှာ စမ်းသပ်မှု၏ ၃၁.၆၂% ဖြစ်သည်ဆို၏။

…     
လွန်ခဲ့သည့် အင်္ဂါနေ့တွင်လည်း တစ်ရက်တည်း ပိုးတွေ့သူ ၁၁,၅၂၅-ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။

…  
တစ်ချိန်တည်းမှာပင် COVID-19 ရောဂါဖြင့် ၂၄ နာရီအတွင်းလူပေါင်း ၁၉၉ ဦး ထပ်မံသေဆုံးခဲ့သည်။

…  
ကူးစက်ကပ်ရောဂါ စတင်ကျရောက်ပြီးချိန်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသက်ဆုံးရှုံးရသူ စုစုပေါင်း တစ်သောင်းခြောက်ထောင်နီးပါး (၁၅,၇၉၂-ဦး) ရှိခဲ့ပြီး ကူးစက်မှုစုစုပေါင်းမှာလည်း တစ်သန်းနီးပါး ( ၉၈၉,၂၁၉-ဦး) အထိ ဖြစ်လာခဲ့ကြောင်း Covid-19 နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အထွေထွေ ညွှန်ကြားမှုဌာန (DGHS) ၏ ကြာသပတေးနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

((လူဦးရေ ၁၆၆ သန်းကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၁-သန်းခန့်၌ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိပါသဖြင့် အကြမ်းအားဖြင့် လူ ၁၆၆ ယောက်တွင် တစ်ယောက်နှုန်း COVID-19 ရောဂါဖြစ်ပွားဖူးသည်ဟု ဆိုလိုရာ ရောက်နေပါသည်။ ယခုအတိုင်းဆိုလျှင် ဆက်လက်၍လည်း မြင့်တက်နေဖွယ်ရှိသည်။

…  
ရှမ်းပြည်နယ်မျှသာ ကျယ်ဝန်းသော နိုင်ငံတွင် မြန်မာနိုင်ငံလူဦးရေ၏ ၃-ဆမျှ နေထိုင်သည့် တိုင်းပြည်ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အတက်အကျမှာ ကျွန်တော်တို့နှင့် မတိမ်းမယိမ်း ရရှိတတ်ကြောင်း သတိပြုမိပါသည်။ ပထဝီအနေအထားနှင့် ရာသီဥတူညီသောကြောင့် ဖြစ်ပုံရပါသည်။ ။သတင်းဘာသာပြန်သူ))

ကူးစက်ကပ်ရောဂါသည် အနီ-အစိမ်း၊ အဝါ၊ အပြာ NLD-USDP ပါတီ မရွေးပါ။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူ ကျား-မ အသက်မရွယ်မရွေးတို့အားလုံးကို ကူးစက်မည်ဖြစ်ပြီး ဖျားနာ၍ အလုပ်အကိုင်ပျက်ယွင်းရခြင်းမှ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။

#ကာကွယ်ဆေး_အမြန်ဆုံး_ထိုးနှံကြပါ။ Mask_ဝတ်ဆင်ပါ၊ #လက်ဆေးပါ #လူစုလူဝေးရှောင်ရှားပါ #လူချင်းနီးကပ်မှုကန့်သတ်ပါ #အိပ်ရေး၀၀အိပ်၍ ကိုယ်ခံအားပြည့်နေစေရန်ဂရုစိုက်ပါ #ကျန်းမာရေးဋ္ဌာန၏_ညွှန်ကြားချက်များကို_လိုက်နာပါ

#ဘင်္ဂလားဒေ့ရှ်၏_ကိုရိုနာဗိုင်းရပ်စ်ရောဂါ_ကူးစက်သေဆုံး_အမြင့်ဆုံးပြန်ဖြစ်လာ

(((Dhaka Tribune., July 8 2021,” Covid-19: Bangladesh again records highest single-day infections with 11,651 cases.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/2021/07/08/covid-19-bangladesh-again-records-highest-single-day-infections-with-11-651-cases 

Leave a Reply

Your email address will not be published.