ဘင်္ဂလားဒေ့ရှ်၏ COVID-19 ရောဂါဖြစ်ပွားမှု ဇွန်ထက် ဇူလိုင်တွင် ၃-ဆတိုး၊ တစ်ရက်တည်း ၂၀၀ ကျော်သေဆုံး၍ ၁၂,၀၀၀ ကျော် ကူးစက်ခံရ။ အိဒ်ကာလ ရောဂါပျံ့ပွားဖွယ်ရှိသည်ကို မထိန်းချုပ်နိုင်ပါက သေဆုံးမှု ပိုမိုလာနိုင်ကြောင်း အစိုးရတာဝန်ရှိသူများ ပြောဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ကူးစက်-သေဆုံးသူဦးရေမှာ ပြီးခဲ့သည့် ဇွန်လနှင့် နှိုင်းယှဉ်လျှင် ယခုဇူလိုင်လတွင် အရေအတွက် ၃-ဆတိုးလာခဲ့ကြောင်း၊ ဇူလိုင်လ ပထမ ရက်ပေါင်း ၂၀ အထိပင်လျှင် ကူးစက်ခြင်းခံရသူ ၂၁၅,၆၃၁-ဦးနှင့် အသက်ဆုံးရှုံးရသူ ၃,၈၈၂-ဦး ရှိခဲ့ရာ ဇွန်လ၌ ကူးစက် ၁၁,၇၁၈-ဦး၊ သေဆုံး ၁၈၈၄-ဦးနှင့် နှိုင်းယှဉ်လျှင် ၃-ဆမျှ တိုးလာသည်ကို တွေ့ရှိရကြောင်း၊ ဇွန်လတွင် ပျမ်းမျှ  ၆၃-ဦး သေဆုံးရာမှ ဇူလိုင်လတွင် ၁၉၄-ဦးသေဆုံးကြောင်း၊ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာအထွေထွေ ဦးစီးဋ္ဌာန DGHS ၏ စာရင်းဇယားများအရ သိရှိရသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

…   
COVID-19 ရောဂါအခြေအနေဆိုးရွားနေချိန်တွင် အစိုးရက တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံမှုကို ဇူလိုင်လ ၈-ရက်နေ့၌ ပြန်လည်စတင်ခဲ့ကြောင်း၊ အားလပ်ရက်ကာလအတွင်း နေအိမ်သို့ အလုအယက်ပြန်လာကြသူများမှာ ကျန်းမာရေးလမ်းညွှန်ချက်များကို ပြောပြောင်တင်းတင်း ချိုးဖောက်နေကြသဖြင့် #အီးဒွလ်အသွာဟာ ပွဲတော်အပြီး ကြာသပတေးနေ့မှစ၍ ကူးစက်-သေဆုံးအရေအတွက် ပိုမိုတိုးမြင့်လာနိုင်သည်ကို စိုးရိမ်မိကြောင်း DGHS ၏ Covid-19 ရောဂါ စီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်

…   
ဆေးရုံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါလူနာများ စုပြုံနေခြင်းကို ဖြေရှင်းရန် ရုန်းကန်နေရချိန်တွင် ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းမှာ ကျန်းမာရေးဝန်ဆောင်ပေးနိုင်မှုကို ပိုမိုဖိစီးလာမည်ဖြစ်ကြောင်း၊ ဒေသခံကျန်းမာရေးအာဏာပိုင်များအနေဖြင့် Covid-19 ကုသမှု ဆေးရုံများကို တတ်နိုင်သလောက် တိုးမြှင့်ပေးရန် လွန်ခဲ့သည့် ရက်သတ္တပတ်တည်းက တိုက်တွန်းခဲ့ကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့်နှစ်၌ အစိုးရ၏ အားထုတ်ပုံ အရဆိုလျှင် တိုးလာရန် အခွင့်အလမ်း အလွန်နည်းပါးကြောင်း DGHS က ပြောဆိုသည်။

…  
အိဒ်ပွဲတော်မတိုင်မီ ၁-ရက်အလို ယမန်နေ့နံနက် ၈-နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် လူ ၂၀၀ ကျော် သေဆုံးပြီး ကူးစက်ခံရသူ ၁၁,၅၇၉-ဦးကို ထပ်မံတွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံးတွင် ထိုအချိန်ထိ သေဆုံးသူပေါင်းမှာ ၁၈,၃၂၅-ဦးနှင့် ကူးစက်ခံရသူပေါင်း ၁.၁-သန်းကျော် (၁,၁၂၈,၈၈၉ ဦး) ဖြစ်လာခဲ့ကြောင်း၊

၂၄-နာရီအတွင်း ပိုးတွေ့လူနာပမာဏမှာ စစ်ဆေးမှု၏ ၂၉.၃၁% ရာခိုင်နှုန်းရှိနေကြောင်း၊ အားလုံး ပျမ်းမျှ ဆိုလျှင် ယမန်နေ့အထိ စစ်ဆေးမှုအားလုံး၏ ၁၅.၃၈% မှာ ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိပြီး၊ သေဆုံးမှု ၁.၆၂% ရှိကြောင်းသည်ဟု ယမန်နေ့ Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်က ဖော်ကြသည်။


Covid-19 ကူးစက်ရောဂါဖြစ်ပွားမှုများအကြားမှ ဘင်္ဂလားဒေ့ရ်ှသည် ဒုတိယအကြိမ် အိဒ်ပွဲတော်ကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန်စီစဉ်ခဲ့သည်။

…  
ရောဂါပျံ့ပွားမှု ထိန်းချုပ်ရေး ကန့်သတ်ချက်များကို ဇူလိုင် ၁၅ မှ ၂၃ အထိ ရုတ်သိမ်းကြောင်း ရှိတ်ဟာစီနာအစိုးရက ကြေညာခဲ့ပြီးနောက် ာ အားလပ်ရက် အိဒိပွဲတော်ကျင်းပရန်နှင့် မွေးရပ်ဇာတိမြေမှ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရေးအတွက် လူအများအပြားတို့မှာ ဒါကာမှ ထွက်ခွာရန် သယ်ယူပို့ဆောင်ရေး နည်းလမ်းမှန်သမျှတို့ကို အသုံးချခဲ့ကြသည်။

…    
မီးရထားဘူတာများနှင့် ကူးတို့ဆိပ်များ၌ တိုးဝှေ့နေသော လူအုပ်ကြီးများကို တွေ့မြင်ရပြီး၊ အဝေးပြေးလမ်းမကြီးများပေါ်၌ ဆိုးရွားသော ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

…  
အင်္ဂါနေ့နံနက်အထိ ဘင်္ဂလားဒေ့ရှ်တွင် Oxford-Astrazeneca ကာကွယ်ဆေးကို ၂-ကြိမ်ထိုးနှံပြီးသူ ၄.၂၉၈ သန်းနီးပါးရှိပြီး ၁-ကြိမ်ထိုးနှံပြီးသူ ၁.၅၂၂ သန်းကျော်ရှိသည်။

…   
တစ်ချိန်တည်းမှာပင် တရုတ်လုပ် Sinopharm ကို လူပေါင်း ၁-သန်းကျော်အား ထိုးနှံပေးရန် စီစဉ်ခဲ့ရာ လွန်ခဲ့သည့် အင်္ဂါနေ့အထိ ၁-ကြိမ်ထိုးနှံပြီးသူ ၁-သိန်း ၃-သောင်းနီးပါး (၁၂၉,၈၉၃ ဦး) နှင့် ၂-ကြိမ် ပြီးစီးသူ ၃,၃၁၉-ဦး ရှိခဲ့သည်။

#ဘင်္ဂလားဒေ့ရှ်_COVID-19_ရောဂါဖြစ်ပွားမှု_ဇွန်ထက်_ဇူလိုင်၃-ဆတိုး၊
#အိဒ်ကာလ_ရောဂါပျံ့ပွားမှု_မထိန်းချုပ်နိုင်ပါက_သေဆုံးမှု_ပိုမိုများပြားလာနိုင်

(((Dhaka Tribune., July 20 2021, “Covid-19 thrice as deadly in July than in June” နှင့် “ Covid-19: Bangladesh reports 200 more deaths, 11,579 new infections in 24 hours” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/health/coronavirus/2021/07/20/covid-19-thrice-as-deadly-in-july-than-in-june
https://www.dhakatribune.com/health/coronavirus/2021/07/20/covid-19-bangladesh-reports-200-more-deaths-11-579-new-infections-in-24-hours
https://www.dhakatribune.com/bangladesh/2021/07/19/bangladesh-prepares-for-2nd-eid-ul-azha-amid-covid-19 

Leave a Reply

Your email address will not be published.