ဘင်္ဂလားဒေ့ရှ် တက္ကနဖ်ဒုက္ခသည်စခန်း မီးလောင်၊ ထိခိုက်သေဆုံးသူ မရှိသော်လည်း တဲအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီး၊ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုပမာဏကို မသိရသေး

 
ကြာသပတေး ( ယနေ့ ) နံနက် စောစောပိုင်းတွင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့ ခိုလှုံ လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားနယ်မြေ တက္ကနဖ်တွင် မီးလောင်မှုဖြစ်ပွားရာ ထိခိုက်သေဆုံးသူ မရှိသော်လည်း တဲအိမ် ၅၀၀ ကျော် မီလောင်ဆုံးရှုံးခဲ့ရကြောင်း ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် အကူအ ညီပေးရေးဆိုင်ရာ ကော်မရှင်နာရုံး RRRC တွဲဘက်မဟာမင်းကြီး မိုဟာမက်ရှမ်ဆွတ်ဒေါဇာ ကပြောဆိုသည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။ 
.. 
နံနက်စောစော ၃-နာရီတွင် တက္ကနဖ်မြို့နယ် နှီလာယူနီယံ၊ နာယာပါရာ ဒုက္ခသည်စခန်း၌ မီးလောင်ကျွမ်းလျှက်ရှိသည်ဟု သတင်းရရှိခဲ့ကြောင်း၊ တက္ကနဖ်မီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ပြီး မီးငြိမ်းသတ်ခဲ့ရာ ၂-နာရီခန့်အကြာ နံနက် ၅-နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ 
..
ဒုက္ခသည်ဘင်္ဂါလီတို့၏ တဲအိမ် ၅၀၀ ထက်မနည်း မီးလောင်ကျွမ်းခြင်းကြောင့် လုံး၀ ပျက်စီးသွားခဲ့ရပြီး မီးလောင်ရသည့်အကြောင်းရင်းကို မသိရှိရသေးကြောင်း၊ ဆုံးရှုံးမှုနှင့် ထိခိုက်မှုပမာဏကိုလည်း တွက်ချက်နေဆဲဖြစ်ကြောင်း ရှမ်ဆွတ်ဒေါဇာက ရှင်းပြသည်။ 
.. 
#ကော့ခ်ဘဇား_နာယာပါရာဒုက္ခသည်စခန်းမီးလောင်

((( Dhaka Tribune., January 14 2021, “ Fire guts over 500 shanties in Teknaf Rohingya camp. By: Abdul Aziz, Cox’s Bazar ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 
..
https://www.dhakatribune.com/bangladesh/nation/2021/01/14/fire-guts-over-500-shanties-in-teknaf-rohingya-camp 
..
https://bdnews24.com/bangladesh/2021/01/14/fire-guts-500-shanties-at-cox-s-bazar-rohingya-camp

0

Leave a Reply

Your email address will not be published.