ဘင်္ဂလားဒေ့ရှ် ဗလီပေါက်ကွဲမှုတွင် ရဲတပ်ဖွဲ့၏ တရားစွဲဆိုခံရသူ ၂၉-ဦးရှိ။ ဆေးရုံတင်ရသူများအနက် ၃၄-ဦး သေဆုံး၍ ၄-ဦးသာ အသက်ရှင်ခဲ့။ အစိုးရအရာထမ်း ၈-ဦးကို နောက်ဆက်တွဲ တရားစွဲဆိုမည်

 
လွန်ခဲ့သည့် စက်တင်ဘာ ၄-ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် #နာရေယင်ဂမ့်ချ် ခရိုင်ရှိ “ ဖာသူလာ “ ဗလီတွင် အဲကွန်း ၆-လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မွတ်စလင် ဝတ်ပြုသူ ၅၀ ကျော်အား မီးလောင်ဒဏ်ရာများ ရရှိစေခဲ့သည်။ ဆေးရုံတင်ရသူများအနက် ၃၄-ဦးမှာ ကုသပေးနေစဉ် ဒဏ်ရာပြင်းထန်မှု ကြောင့် သေဆုံးခဲ့ရပြီး ၄-ဦးသာလျှင် အသက်ရှင်သူရှိခဲ့သည်။ မှုခင်းစုံစမ်းရေးဋ္ဌာန ( CID ) က ၃-လခန့် စုံစမ်းစစ်ဆေးပြီးနောက် အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စီအိုင်ဒီရဲမှူး ဘာဘူလ်မီယာက ကြာသပတေးနေ့တွင် နာရေယင်ဂမ့်ချ်တရားရုံး ၌ တရားစွဲတင်လိုက်သည်ဟု ဒါကာအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။ 
..
ကနဦး တရားစွဲထားသူ ၂၉-ဦးရှိပြီး တရားစွဲဆိုရန် နောက်ဆက်တွဲစာရင်းပါ ၈-ဦးမှာ အစိုးရအရာရှိများဖြစ်နေသည့်အတွက် သက်ဆိုင်ရာဋ္ဌာန၏ ခွင့်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။ 
.. 
ပိုက်လိုင်းယိုစိမ့်မှုကြောင့် ဗလီအတွင်း ဓါတ်ငွေ့များ ပိတ်လှောင်နေစဉ် လျှပ်စစ်ရှော့ဖြစ်၍ ပေါက်ကွဲမှုဖြစ်ရကြောင်း မီးသတ်ဋ္ဌာနက အတည်ပြုခဲ့သည်ဆို၏။ 
..
လူ့အသက်ပေါင်းများစွာဆုံးရှုံးရသည်အမှုအား စုံစမ်းစစ်ဆေးရာတွင် မမှန်မကန်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိချက်များ ထွက်ပေါ်လာခဲ့သည်။ ဗလီအဆောက်အအုံအား တရားမဝင် တိုးချဲ့ ဆောက်လုပ်ထားစဉ် “ တီတပ်စ် “ ဓါတ်ငွေ့ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးကုမ္ပဏီသည် အသုံးမဝင်သော ဓါတ်ငွေ့လိုင်းများအား ဖြတ်တောက်ထားခြင်း မရှိကြောင်း၊ သက်ဆိုင်ရာအခွင့်အာဏာရှိသူများကလည်း လျှပ်စစ်ရှော့ဖြစ်ရသည့် ဗလီ၌ တရားမဝင် ဓါတ်ငွေ့လိုင်း ဆက်သွယ်အသုံးပြုနေသည်ကို စစ်ဆေးကြပ်မတ်ရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိရသည်။ 
.. 
ရဲတပ်ဖွဲ့က ဖမ်းဆီးသူ ၁၂-ဦး ရှိခဲ့ပြီး အားလုံးကို အာမခံပေးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ဗလီကော်မတီဥက္ကဋ္ဌ အဗ္ဗဒူဂတ်ဖာမီယာအပါအဝင် တီတပ်စ်ကုမ္ပဏီမှ အင်ဂျင်နီယာများ၊ ဒါကာစွမ်းအင်ဖြန့်ဖြူးရေးကုမ္ပဏီမှ လျှပ်စစ်အင်ဂျင်နီယာများ ပါဝင်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။ 
..
..
((( bdnews24., 01 Jan 2021,” Police formally charge 29 in court over deadly Narayanganj mosque blast.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
.. 
https://bdnews24.com/bangladesh/2021/01/01/police-formally-charge-29-in-court-over-deadly-narayanganj-mosque-blast 
..
https://bdnews24.com/bangladesh/2020/09/05/death-toll-from-bangladesh-mosque-ac-blasts-climbs-to-14 
..
https://bdnews24.com/bangladesh/2020/09/13/gas-pipe-abandoned-for-22-years-caused-narayanganj-mosque-blast 
..
https://en.somoynews.tv/10353/news/Narayanganj-mosque-blast-death-toll-rises-to-26

Leave a Reply

Your email address will not be published.