ဘင်္ဂလားဒေ့ရှ် အိဒ်ပွဲတော်ကာလ လူစုဝေးမှုများက ဗီဇပြောင်းဗိုင်းရပ်စ် တတိယလှိုင်း စတင်လိမ့်မည်ဟု ကျွမ်းကျင်သူများ သတိပေး။ နိုင်ငံရေးနှင့် အကြမ်းဖက်စုဝေးမှုများက အိန္ဒိယတွင် ကပ်ရောဂါကို ဆိုးရွားစေခဲ့။ အိန္ဒိယဗိုင်းရပ်စ်မှာ အခြားမျိုးကွဲများထက် ကူးစက်မှု ၄၂ ရာခိုင်နှုန်း ပိုမိုမြင့်မား


ဘင်္ဂလားဒေ့ရှနိုင်ငံတွင် လာမည့် ဇွန်လမှစတင်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု တတိယလှိုင်းကို စတင်ကြုံတွေ့ရဖွယ်ရှိသည့်အတွက် အိဒ်ပွဲတော်ကာလ လူစုဝေးမှုများကကို ထိန်းချုပ်ပါရန် ထိပ်တန်းလူထုကျန်းမာရေးကျွမ်းကျင်သူများနှင့် ဗိုင်းရပ်စ်ရောဂါဗေဒပညာရှင်များက  တောင်းဆိုလိုက်သည်ဟု Dahka Tribune က ယမန်နေ့ ရေးသားသည်။…   
နိုင်ငံအတွင်း အိန္ဒိယမျိုးပြောင်းဗီဇကွဲပိုင်းရပ်စ်ပိုးကို တွေ့ရှိနေရချိန်၌ ဖယ်ရီရေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် ရှော့ပင်းမောလ်တို့တွင် လူချင်းဝေးကွာစေမှုကို ထိန်းသိမ်းနိုင်မှု မရှိကြောင်း၊ ထို့အပြင်ဆေးဝါးအရေအတွက် မလုံလောက်မှုကြောင့် ကာကွယ်ဆေးထိုးနှံပေးနိုင်မှုမှာလည်း ကျေနပ်ဖွယ် မရှိကြောင်း ထိုအတွက် Covid-19 ရောဂါ နောက်ထပ်ကူးစက်ပျံ့ပွားလာမည်ကို ရှောင်လွဲရန်မှာ အကောင်းမြင်စရာ မရှိကြောင်း Covid-19 ရောဂါ ဆိုင်ရာ အမျိုးသားနည်းပညာအကြံပေးကော်မတီဝင် ဗိုင်းရပ်စ်ရောဂါဗေဒပညာရှင်ပါမောက္ခ နာဇရူအစ္စလာမ်က ရှင်းပြသည်။…  
လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အိန္ဒိယမျိုးပြောင်းဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်၍ အကြံပေးကော်မတီက ၎င်းတို့၏ ခန့်မှန်းချက်ကို အစိုးရထံ တင်ပြခဲ့ပြီးဖြစ်ရာ နေရပ်ပြန်ခရီးသွားများအား တစ်နည်းနည်းဖြင့် ထိန်းချုပ်ပါရန် တိုက်တွန်းထားသည်။…   
အာရှဖွံ့ဖြိုးမှုဘဏ်မှ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူဒေါက်တာတီရက်ဟူစိန်ကမူ အိန္ဒိယဗီဇပြောင်းဗိုင်းရပ်စ်သည် အခြားမျိုးကွဲများထက် ကူးစက်မှု  ၄၂ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း၊ ထိုအခြေအနေတွင် ကူးတို့ဆိပ်များနှင့် ဈေးဝယ်စင်တာများ၌ လူအများအပြား စုဝေးမှုကို မထိန်းချုပ်နိုင်ခြင်းမှာ ကူးစက်ရောဂါ တတိယလှိုင်း ဖြစ်ပွားရန် အကြောင်းရင်း ဖြစ်လာဖွယ်ရှိကြောင်း၊ အိဒ်ရက်မြတ် #အိဒ်_ဒွလ်_အွဒ်ဟာတိုင်အောင် ဆက်လက်စု ဝေးနေကြပါက လာမည့် ရက်သတ္တနှစ်ပတ်အကြာ ဇွန်လဆန်းတွင် ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို စတင်တွေ့မြင်ရဖွယ်ရှိ ကြောင်း ပြောဆိုသည်။…  
လွန်ခဲ့သည့် မေလ ၇ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Covid-19 ကာကွယ်ဆေး ၂-ကြိမ်ထိုးနှံပြီးစီးသူ စုစုပေါင်း ၃.၄ သန်းရှိခဲ့ရာ နိုင်ငံလူဦးရေ၏ ၂ ရာခိုင်နှုန်းခန့်သာရှိသည်။ အခြားသူ ၅.၈၂ သန်း (လူဦးရေ၏ ၃.၆% ) မှာ ၁-ကြိမ်သာလျှင် ထိုးနှံပေးနိုင်သေးရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ နိုင်ငံတစ်နိုင်ငံအတွင်း #မျိုးအုပ်လိုက်_ရောဂါပြီးခြင်း Herd Immunity ရရှိရန် လူဦးရေ၏ ၇၀% ခန့်ကို ကာကွယ်ဆေးထိုးနှံပေးရန် လိုအပ်နေသည်။

ထိရောက်သော ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံခြင်း မရှိပါက တတိယလှိုင်းရောဂါဖြစ်ပွားမှုအတွက် အထူးကြပ်မတ်ကုသဆောင်များတွင် အောက်ဆီဂျင်ဖြည့်တင်းမှု ချောမွေ့စေရန် ဆေးရုံများကို ထပ်မံပြင်ဆင်ရန်သာရှိတော့ကြောင်း၊ အများလူထုက ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို ဆက်လက် လစ်လျူရှုနေပါလျှင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ထပ်မံဖြစ်ပွားမည့် ကူးစက်ပျံ့နှံမှုအတွက် စီမံကိန်း ချမှတ်ရလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။…     
တနင်္ဂနွေနေ့တွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက ကူးတို့ဝန်ဆောင်မှုများကို လုံးဝပိတ်သိမ်းလိုက်ရာ အရေးပေါ်လူနာသယ်ယူပို့ဆောင်ရန်ကိုပင်လျှင် နေ့ပိုင်း၌ ဆိုင်းငံ့စေခဲ့သည်။ အရေးပေါ် ဝန်ဆောင်မှုယာဉ်များအနေဖြင့်လည်း မြစ်ကို ဖြတ်သန်းရာတွင် အခြားနည်းလမ်းများ အသုံးပြုကြရမည်ဖြစ်သည်။…    
ဗီဇပြောင်းဗိုင်းရပ်စ်များနှင့် လူသူစုဝေးမှုများမှာ ရောဂါပိုးအား မျိုးဗီဇပြောင်းလဲစေရန် အခွင့်အလမ်းပိုမိုတိုးပွားစေသည်။ ကူးစက်ပျံ့နှံ့မှုသစ်များကို ရှောင်ရှားရန်အတွက် လူအမြောက်အများ စုရုံးခြင်းကိုထိန်းချုပ်ရန်မှာ အလွန်အရေးကြီးသည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံရေးစုဝေးချီတက်မှုများနှင့် အကြမ်းဖက် လူစုလူဝေးများကြောင့် ပြင်းထန်သည့် ကူးစက်ရောဂါဖြစ်ပွားမှုများနှင့် ရင်ဆိုင်ရခြင်းဖြစ်ကြောင်း နာဇရူအစ္စလာမ်က ပြောဆိုသည်။

#ဘင်္ဂလားဒေ့ရှ်_အိဒ်ပွဲတော်ကာလ_လူစုဝေးမှုများက_ဗီဇပြောင်းဗိုင်းရပ်စ်_တတိယလှိုင်းစတင်လိမ့်မည်

(((Dhaka Tribune., May 9th, 2021,” Experts: Indian variant, gatherings could spark third wave in June.By:Shohel Mamun.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက် နှုတ်ဘာသာ ပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2021/05/09/experts-indian-variant-gatherings-could-spark-3rd-wave-in-june

+1

Leave a Reply

Your email address will not be published.