ဘင်္ဂါလီတို့အား မီးလောင်တိုက်သွင်းအစီအစဉ် သက်သေအထောက်အထားသစ် ဟုဆိုကာ ထွက်ပေါ်လာပြန်

မြန်မာစစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းက ထိုသူတို့သည် ဗြိတိသျှအုပ်ချုပ်ရေးကာလတွင် ဘင်္ဂလားဒက်ရှ်မှ အလုပ်သမားအဖြစ် ခေါ်သွင်းလာခဲ့သူများဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်သည်လည်း တစ်ချိန်က ဗြိတိသျှအင်ပါယာ အစိတ်အပိုင်းဖြစ်သည်ကို လစ်လျု့ရှု့ကာပြောဆိုခဲ့သည်။ ဒုက္ခသည်ဘင်္ဂါလီ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့အား မီးလောင်တိုက်သွင်းအစီအစဉ် အထောက်အထားများမှာ ယခုအခါ သက်သေအဖြစ် အသစ်ထွက်ပေါ်လာကြောင်း ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် ရက်စက်စွာဖြိုခွင်းမှု့အတွက် နိုင်ငံတကာတရားခုံရုံး ( ICJ ) က အရေးယူဆောင်ရွက်လျှက်ရှိချိန်တွင် နိုင်ငံတကာသတင်းချန်နယ်တစ်ခု ဖြစ်သော Al Jazeera က ရာဇဝတ်မှု့ဟု စွပ်စွဲရသည့် အထောက်အထားသစ်အချို့ကို ထင်ရှားပြသလိုက်သည်။

တနင်္ဂနွေနေ့ Al Jazeera က ဖော်ပြသော ဗွီဒီယို ရုပ်သံတွင် ဖမ်းဆီးထားသော ဒုက္ခသည်ဘင်္ဂါလီတို့အား မြန်မာစစ်သားက ခြေနှင့်ကန်-ရိုက်နှက်နေပုံ ပါရှိသည်။ ဗွီဒီယိုတစ်ခုတွင် မိမိတို့နေအိမ်များမှ ထွက်ပြေး၍ ဘင်္ဂလားဒက်ရှ်ဖက်သို့ ဦးတည်သွားနေသော ဒုက္ခသည်ဘင်္ဂါလီများကို တွေ့မြင်ရသည်။ ခပ်လှမ်းလှမ်းတွင် မီးလောင်ကျွမ်းနေသည်ကို နောက်ခံပြုလျှက် ရွှံ့နွံထူထူ တောတန်းလမ်းမှ ခြေလျှင်လျှောက်ကာ မြစ်ကိုဖြတ်ကူးနေသည့် ဒုက္ခသည် ဘင်္ဂါလီများအား ၎င်းတို့ပိုင် အိုးခွက် တိုလီမုတ်စတို့နှင့်အတူ ရှု့မြင်ကြရသည်။

Al Jazeera သို့ မှတ်တမ်းရုပ်သံကို တင်ပြသူ မြန်မာအကယ်ဒမစ်ပညာရှင် #မောင်ဇာနည်က မြန်မာစစ်ဖက်အနေဖြင့် ၁၉၆၆ စောစောပိုင်းတည်းက ဒုက္ခသည်ဘင်္ဂါလီတို့အား ပြဿနာတစ်ရပ်အဖြစ် သုံးသပ်ခဲ့ကြောင်း ပြောဆိုသည်။ ဒုက္ခသည်ဘင်္ဂါလီမျိုးနွယ်တို့အတွက် အထူးတပ်များဖွဲ့စည်း၍ပင် ကိုင်တွယ်ဖြေရှင်းခဲ့သည်။

နာမည်ဆိုးထွက်သော “ အထူးတပ်ဖွဲ့ နစက “ ဆိုသည်မှာ နာဇီဂျာမနီခေတ် အဒေါဖ့်ဟစ်တလာလက်အောက်မှ လုံထိန်းတပ် Schutzstaffel ခေါ် အတိုကောက် SS တို့နှင့်မခြားရှိပုံကို မောင်ဇာနည်က ရှင်းပြသည်။ “ နစက “ တို့သည် အနှစ်သာရအားဖြင့် မြန်မာ SS ပါးကွက်သားများဖြစ်သည်ဆို၏။

ယခင် မြန်မာစစ်ဖက်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကလည်း “ နစက “ အကြောင်း AL Jazeera သို့ ပြောပြဖူးသည်။ “ မွတ်စလင်တို့နှင့် အဆိုပါပြဿနာတို့မှာ ဗြိတိသျှအုပ်ချုပ်ရေးကာလတွင် ဘင်္ဂလားဒက်ရှ်မှ ဘင်္ဂါလီတို့ကို အလုပ်သမားအဖြစ် ခေါ်သွင်းလာခဲ့စဉ်ကတည်းက တည်ရှိခဲ့သော ပြဿ နာဖြစ်ကြောင်း၊ ဘင်္ဂလားဒက်ရှ်သည်လည်း တစ်ချိန်က ဗြိတိသျှအင်ပါယာ အစိတ်အပိုင်းဖြစ်သည်ကို လစ်လျု့ရှု့ကာ ပြောဆိုခဲ့သည်။

နယ်စပ်ကို ဖြတ်သန်း၍ ဝင်ရောက်လာသူများ မရှိရလေအောင် “ နစက “ ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရသည်မှာ နည်းလမ်းမှန်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဧည့်သည်များသာဖြစ်၍ ဘင်္ဂလားဒက်ရှ်မှ ဝင်ရောက်လာသော ရွှေ့ပြောင်းအခြေချများဖြစ်ကြောင်း၊ ကျွန်ုပ်တို့ လက်ခံရန်မဖြစ်သည့် ဧည့်သည်များ ဖြစ်ကြောင်း၊ ထို့ပြင် အခြားတစ်ဖက်ကကြည့်လျှင် ( နစက တည်ရာ ရခိုင်မြောက်ဖျား ထိုဒေသ ) ၌ ရခိုင်များများများစားစားမရှိကြောင်း၊ မွတ်စလင်ဦးရေကပင် ပိုများနေကြောင်း ဗိုလ်ချုပ်ခင်ညွန့်က Al Jazeera သို့ ရှင်းပြခဲ့ဖူးသည်။

မြန်မာစစ်ဖက်၏ ဖြိုခွင်းမှု့ကြောင့် ၂၀၁၇ ကတည်းကပင် ဒုက္ခသည်ဘင်္ဂါလီမွတ်စလင် ၇၃၀,၀၀၀ ကျော်တို့မှာ ဘင်္ဂလားဒက်ရှ်သို့ ထွက်ပြေးခဲ့ရသည်။

အာဖရိကတိုက်အနောက်ပိုင်း မွတ်စလင်အများစုတိုင်းပြည် ဂမ်ဘီယာနိုင်ငံက အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ ထောက်ခံမှု့ဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားခုံရုံး ICJ တွင် တရားစွဲထားသည်။

( ဆက်လက်ဖတ်ရှု့နိုင်ပါရန် )

ICJ နှင့် ရက်အနည်းငယ်ခြားလျှက် လက်တင်အမေရိက လူ့အခွင့်အရေးအုပ်စုနှင့် ဒုက္ခသည်ဘင်္ဂါလီ( ကိုယ်စားလှယ် ) တို့က ကမ္ဘာအရပ်ရပ်မှ ကြောက်မက်ဖွယ် ရာဇဝတ်မှု့မှန်သမျှ ရုံးတင်စွဲဆိုခွင့်တည်းဟူသော universal jurisdiction “ နေရာခပ်သိမ်းတရားစီရင်ပိုင်ခွင့် “ အရ အာဂျင်တီးနားဖက်ဒရယ်တရားရုံးတော်တွင် မြန်မာအပေါ် တရားစွဲဆိုခဲ့သည်။

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းစစ်ဖက်၏ လူမျိုးသုဉ်းပြုသည်ဟူသော စွပ်စွဲချက်ကို ICJ တွင် ဖြေရှင်းလိမ့်မည်ဟု မျှော်လင့်ရသည်။

(( သက်သေအထောက်အထားအသစ်ဟု ဆိုသော်လည်း မြန်မာအကယ်ဒမစ်ပညာရှင်ဆိုသူ #မောင်ဇာနည်က Al Jazeera သို့ တင်ပြသော ဗွီဒီယိုကလစ်မှာ မြန်မာလူမှုကွန်ယက်အသုံးပြုသူများ မြင်ဖူးတွေ့ဖူးပြီးဖြစ်ပါသည်။

လုံထိန်းတပ်ဖွဲ့ဝင်များ၏ စိတ်မချမ်းသာဖွယ် ထိုးကြိတ် ကန်ကြောက်နေပုံကို ကျွန်တော်တို့ အတော်များများက လည်း ကြည့်ရှု့ခဲ့ဖူးပြီး ထိုစဉ်က ကျူးလွန်ရာတွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူအရာရှိများအား အရေးယူခဲ့ဖူးသည်ကိုလည်း အမှတ်ရပါသည်။

မီးလောင်နေသော အိမ်တစ်စုကို နောက်ခံပြုလျှက် လက်ဖြစ် လက်နက်ကို ပုခုံးတွင်ထမ်းကာ ထွက်ခွာလာသော ရခိုင်လူမျိုးတစ်ဦး ဓါတ်ပုံဆိုသည်မှာ ၂၀၁၂- ဇွန်လ ၁၀ ရက် စစ်တွေ ဗုဒ္ဓဘာသာ-မွတ်စလင် အဓိကရုန်းမှ ဆိုပါသည်။ ဝတ်ကောင်း စားလှနှင့် လေချွန်၍ ထွက်လာပုံမှာ ထူးခြားပြီး တစ်ချိန်က မြင်ဘူးသည်ဟု ထင်ပါသည်။

မောင်ဇာနည်က တစ်ချိန်က ဘင်္ဂလားဒက်ရှ်သည်လည်း ဗြိတိသျှအင်ပါယာအစိတ်အပိုင်းဖြစ်၍ အင်္ဂလိပ်က အလုပ်သမား ဘင်္ဂါလီတို့ကို တမင် ခေါ်သွင်းရန် မလိုဟု ဆိုလိုပုံရပါသည်။

သို့သော် ကျွန်တော်များ လက်လှမ်းမီသမျှတွင် တစ်ချိန်က ထိုသို့ခေါ်သွင်းခဲ့ရာတွင် စီမံကိန်းချ၍ အမှန်ပင်ဖြစ်ခဲ့ကြောင်းကို မှတ်တမ်းမှတ်ရာနှင့်တကွ တွေ့ရပါသည်။ ။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Nov. 24 2019, “ New documentary reveals scorched-earth campaign against Rohingya. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/south-asia/2019/11/24/new-documentary-reveals-scorched-earth-campaign-against-rohingya

https://www.aljazeera.com/news/2019/11/myanmar-al-jazeera-documentary-uncovers-rohingya-abuse-191124100506089.html

#AlJazeera #မောင်ဇာနည် #နစက #ICJသက်သေအထောက်အထားသစ်

0

Leave a Reply

Your email address will not be published.