ဘင်္ဂါလီဒုက္ခသည်များ ၎င်းတို့ဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာကြောင်း ဒါကာမြို့ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်မှာ ဝါဒဖြန့်ခြင်းသာဖြစ်ဟု ဘင်္ဂလားဒက်ရှ် ပြောဆို။

ယမန်နေ့ ( ၂၂-အောက်တိုဘာ-၂၀၁၉ ) တွင် ဒါကာမြို့ ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ Facebook Account က အထောက်အထား ဓါတ်ပုံ ၂-ပုံပါ သတင်းတစ်ပုဒ် လွှင့်တင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံရောက်ရှိနေသူ ၂၉ ဦးကျော်တို့က ၎င်းတို့ ဆန္ဒသဘောထားအလျှောက် မြန်မာနိုင်ငံသို့ တောင်ပြိုလက်ဝဲစခန်းမှတဆင့် ထပ်မံဝင်ရောက်လာကြကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနနှင့် အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများက ကောင်းမွန်စွာကြိုဆိုကြောင်း မြန်မာသံရုံးသတင်း၌ ဖော်ပြထားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားဟု ယူဆရသည်အနီး ကောင်းမွန်စွာ ဝတ်စားထားသူများ၊ ကြိုဆို-မှတ်တမ်းတင်သူများပါဝင်သော အထောက်အထား ဓါတ်ပုံ ၂-ပုံနှင့်တကွ မြန်မာသံရုံးက သတင်းပေးရာတွင် ယခုအချိန်ထိ ၎င်းတို့ဆန္ဒအလျှောက်ပြန်လည် ရောက်လာသူ ၃၅၁-ဦးရှိပြီဖြစ်ကြောင်း၊ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနနှင့် အခြားသော သက်ဆိုင်ရာတာဝန်ရှိ သူများက ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများ လစဉ်ထောက်ပံ့လျှက်ရှိကြောင်း၊ ဘင်္ဂလားဒက်ရှ်၌ ရောက်ရှိနေသူတွင် မြန်မာနိုင်ငံသို့ ပြန်လာရန် စိတ်အားထက်သန်သူ အများအပြားရှိသည်ဟု သိရှိရကြောင်း၊ မြန်မာအစိုးရသည် ဘင်္ဂလားဒက်ရှ်နှင့် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့သည့်အတိုင်း ဆန္ဒအလျောက် ဘေးကင်းလုံခြုံ ချောမွေ့၍ ရေရှည်တည်တန့်မည့် နေရပ်ပြန်ရေးဖြစ်ထွန်းရန် ကုလသမဂ္ဂသက်ဆိုင်ရာအဖွဲ့အစည်းများ အနီးကပ်ကူညီမှု့ဖြင့် တင်ကြွစွာဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြပါရှိသည်။

ယမန်နေ့ တစ်ရက်တည်း၌ပင် ဘင်္ဂလားအခြေစိုက် Dhaka Tribune က အဆိုပါသတင်းမှာ မြန်မာအစိုးရ၏ ဝါဒဖြန့်သက်သက်သာလျှင်ဖြစ်ကြောင်း ပြန်လည်ချေပရေးသားသည်ကို တွေ့ရသည်။ ( သူတို့ မီဒီယာတွေဟာ အဲ့သလို ဗျ )

ဒုက္ခသည်များ နေရပ်ပြန်သည်ဟု သတင်းမရရှိကြောင်း၊ နေရပ်ပြန်လိုလျှင် RRRC နှင့် UNHCR တို့၏ အစီအစဉ်အတိုင်း လိုက်နာကြရမည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ဒုက္ခသည်များ အကူအညီပေးရေးနှင့် နေရပ်ပြန်ရေးဆိုင်ရာ မဟာမင်းကြီးရုံး ( RRRC ) မိုဟာမက်မာဘတ်အလမ်တာလုခ်ဒါက ပြောဆိုသည်။

ကော့ခ်ဘဇားဒုက္ခသည်စခန်းမှ နေရပ်ပြန်သူဟူ၍ တစ်ဦးတစ်ယောက်မှ စာရင်းမရှိကြောင်း၊ မြန်မာတို့သည် ထိုသို့ အမြဲဆိုလေ့ရှိပြီး ၎င်းတို့၏ ဝါဒဖြန့်အစိတ်အပိုင်းတစ်ရပ်သာဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် RRRC မဟာမင်းကြီးက ပြောဆိုသည်ဟု Dhaka Tribune က ဆက်လက်ရေးသားသည်။

ဤတွင် ဘင်္ဂလားဒက်ရှ်ရောက် ဒုက္ခသည်များ ပြန်ဝင်လာရေး၌ အဖြူနှင့် အမည်းပမာ ဆန့်ကျင်ကွဲလွဲနေသော အမြင်- ခံယူ-အကောင်အထည်ဖော်မှုရှိကြောင်း အထက်ဖော်ပြပါ သတင်းနှစ်ပုဒ်က ညွှန်ပြလျှက်ရှိသည်။

အမှန်တော့ ကော့ခ်ဘဇားရောက် ဒုက္ခသည်ဘင်္ဂါလီအချို့ မကြာမီပြန်ဝင်လာမည်ဖြစ်ကြောင်း နာရီအနည်းငယ်စောလျှက် Facebook တွင် သတင်းပို့စ်လွှင့်တင်သူရှိပါသည်။ ထောက်လှမ်းရေး၊ အစိုးရ သို့မဟုတ် မည်သည့်အဖွဲ့အစည်းနှင့်လည်းမပတ်သက်ပါပဲ ကော့ခ်ဘဇားဒုက္ခသည်စခန်းရောက် မြို၊ ခမီ၊ ဟိန္ဒူအပါအဝင် ဒုက္ခသည်ဘင်္ဂလီတို့သတင်းကို အထောက်အထား ဓါတ်ပုံ၊ ရုပ်သံများနှင့် နေ့စဉ်နီးပါး အွန်လိုင်းလွှင့်တင်သူများ၊ သတင်းပေးပို့သူများ ရှိနေပါသည်။

ဒုက္ခသည်များအရေးမှာ မဖြစ်မနေ ဖြေရှင်းရတော့မည့်အခြေအနေတွင် ဆိုက်ရောက်လျှက်ရှိပြီး ကြာလေ ရှုတ် ထွေးလေလေ သားစဉ်မြေးဆက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ကို စိတ်ကောင်းနှလုံးကောင်းဖြင့် ထောက်ပြသူ အလွန်နည်းသည်။

ဒုက္ခသည်များပြန်ဝင်လာကြောင်း ဖော်ပြသည့် မြန်မာမီဒီယာတို့သတင်းအောက်တွင် အများဆုံးတွေ့ရသည့် ကောမန့်များမှာ ဘင်္ဂါလီနှင့် ပေးစား၍ ဆဲခြင်းဖြစ်သည်။ ၎င်းတို့တွင် အမျိုးသားရေး၊ နိုင်ငံတော်အကျိုးစီးပွားကိုသာလျှင် အမြဲဦးထိပ်ပန်ဆင်သည် ဆိုသူများ၊ “ မင်းက ဘာချောက်ဆင့်ရှိလို့ ဝင်ဟောင်တာလဲ “ ကို ထာဝစဉ် ရေလိုသုံးကာ ICC, ICJ , R2P မျှော်သူများကို တွေ့ရသည်။

လူတစ်စုတစ်ဖွဲ့က ၎င်းတို့ကို ခေါ်စေချင်သည့်အတိုင်း ခေါ်ဆိုရသည်မှာ လူ့အခွင့်အရေးဖြစ်သည်ဟု ဆိုလျှင် ထိုသို့ခေါ်ဆိုခြင်းမှာ လူ့အဖွဲ့အစည်းကြား သွေးကွဲ၊ သံသယဖြစ်စေသော အမုန်းစကားသာလျှင်ဖြစ်ကြောင်း ထောက်ပြသူများလည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေပါသဖြင့် လူ့အခွင့်အရေးရှိပါသည်။

သင်သည် အင်မတန် ချောမောလှပသူဖြစ်ကြောင်း ပြောခွင့်ရှိသည်၊ ဟိုကမက ရုပ်ဆိုးနေသဖြင့် စမီးက ခရုရကြောင်း ပြောခွင့်မရှိချေ။ သင့်ကိုယ်သင် မြမြဖြစ်ကြောင်း ဘီဒိုရိုက်နိုင်သော်လည်း မီးမလင်းသော ဓါတ်တိုင်အောက် ဒချိပြီး လူကိုပါ ရှော့ထာ ဒီလူတွေပါဟု တစ်ဖက်သားကို စွပ်စွဲ ဗီလိန်နေရာတွန်းပို့ခြင်းဖြင့် ဂရုဏာ ချူခွင့်မရှိချေ။

ရန်ကုန်မြို့လယ် အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းတစ်လျှောက် တစ်ခေါက်လောက် လမ်းလျှောက်ယုံမျှနှင့် အလွယ်မြင်နိုင်- သိနိုင်ပါလျှက် ဘာမှ မဝေးသော ဈေးကြီး ကြေးကြီး နေရာကောင်းတွင် ဘယ်ကစပွန်ဆာမှန်း မရှင်းမလင်းပဲ သာလာယံဇရပ် စကားဝိုင်းဖွဲ့ကာ “ ခွဲခြားဆက်ဆံခြင်း “ အကြောင်း ဆွေးနွေးရဲသည်မှာ အတော်ပင် မျက်နှာပြောင်တိုက်သော အမုန်းကားဆိုနေခြင်းဖြစ်သည်။

ကျွန်တော်ကဲ့သို့ ဖတ်သူအကန့်အသတ်ရှိသော စာမျိုးရေးသူတွင် စာဖတ်သူမှာ ကျေးဇူးရှင်ဟု ဆိုနိုင်ပါသည်။ နားလည်ခံယူပြီးဖြစ်ပါသည်။ သို့သော် ထိုသို့သော အကြောင်းကြောင်းကို အကြောင်းပြုပြီး သကာလ သံသယရှိလျှင် အကုန် ဘလော့နေရခြင်းဖြစ်သည်။ ( ပြောသာ ပြောရတယ်၊ လပို့ထုတာ အုပ်စုတောင့်တဲ့ သူတို့တွေလဲ ပါပုံရတယ်ဗျ။ အဟိ အသာလုပ်ပါဗျ။ ခညားကြီးတို့ ရှိနေသရွေ့ ဆက်ပြီး ဘလော့အူးမှာ )

((( အောကျတိုဘာ – ၂၃၊ ၂၀၁၉ Dhaka Tribune., October 22nd, 2019,” Bangladesh finds Myanmar’s claim regarding 29 Rohingya repatriation as propaganda.” နှငျ့ ဒါကာမွို့ မွနျမာသံရုံး၏ “Update News of 29 more voluntary returnees from Bangladesh today (22-10-2019) “ ကို #HtayOung, #OungMarine ကိုးကားသညျ။ )))

https://www.facebook.com/medhakaofficial/?__tn__=%2CdkCH-R-R&eid=ARDqNh66O6x1Hce6OElQNubmh4x_JXk6sbKPto8svoOg8w_IwW6k3AqUWwUYucxgfwvJBAXXW1VUTOZX&hc_ref=ARSZhCyhYFx6eLkBsggbhQmR_dZGYcf5C8LZKIfNk3VkYpuxfNxeYlK6lTMU-9HSAEY&fref=nf&hc_location=group

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/10/22/bangladesh-finds-myanmar-s-claim-on-29-rohingya-repatriation-as-propaganda

+1

Leave a Reply

Your email address will not be published.