ဘန်ကောက်လမ်းမပေါ်တွင် လူသေအလောင်းများ တွေ့ရှိရသဖြင့် ပရာယွတ်ချန်အိုချာ တုန်လှုပ်။ အချိန်မီ ဆေးကုသမှု မရရှိပဲ COVID-19 ဖြင့် သေဆုံးသူများအတွက် စိုးရိမ်။ လမ်းမပေါ်တွင် လဲကျသေဆုံးနေသူ၏ ရုပ်အလောင်းအား ကောက်ယူရှင်းလင်းရန် ၁၂-နာရီမျှ နှောင့်နှေးခဲ့


ထိုင်းနိုင်ငံလမ်းများပေါ်တွင် လဲကျသေဆုံးသူတို့၏ ရုပ်အလောင်းများ တွေ့ရှိရခြင်းမှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ COVID-19 သေဆုံးမှုနှင့် ပတ်သက်၍ အချိန်မီကုသမှုခံယူခြင်း မရရှိသူများအတွက် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်ဟု Bangkok Post က ယနေ့ ရေးသားသည်။

…  
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူအားလုံးတို့က ကူညီရန် အေဂျင်စီများအား ညွှန်ကြားလိုက်သည်။ လူနာတင်ကား အလာကို နေအိမ်များမှ နေ၍ သို့မဟုတ် လမ်းပေါ်မှ နေ၍ စောင်းဆိုင်းနေကြရသည့် ရောဂါကူးစက်ခံရသူ အရေအတွက်အား လျှော့ချနိုင်မည့် နည်းလမ်းကို ရှာဖွေခြင်းဖြင့် ကူညီကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ရပ်မျိုးကို နောက်ထပ် မြင်တွေ့လိုခြင်း မရှိကြောင်း၊ အများပြည်သူဆိုင်ရာ ကျန်းမာရေးဝန်ကြီးဋ္ဌာနတွင်သာမ က အေဂျင်စီအားလုံးတို့တွင်လည်း တာဝန်ရှိကြောင်း၊ ၎င်းလူနာတို့အား ကုသရေးစင်တာများသို့ ပို့ဆောင်ပေးနိုင်မည့် နည်းလမ်းမျာရှာဖွေရာတွင် ပါဝင်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

…    
အင်္ဂါနေ့ညတွင် ဘန်ကောက်မြို့  ဖရာနာခွန်ခရိုင်ရှိလမ်းတစ်လမ်းပေါ်၌ တွေ့ရှိရသည့် ရုပ်အလောင်း ၃ လောင်းအနက် အလောင်းတစ်လောင်းကို ကောက်ယူရှင်းလင်းရန် နှောင့်နှေးခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က ယခုကဲ့သို့ ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

…  
အဝတ်ဖြူ ဖုံးအုပ်လျှက် လမ်းမပေါ်တွင် ၁၂ နာရီ နီးပါးမျှ လဲကျနေသော ရုပ်အလောင်းမှာ မြင်တွေ့ရသူ အားလုံးတို့ကို ဒေါသထွက်စေခဲ့သည်။ ထိုသူမှာ ကားရပ်နားစခန်းစောင့် တစ်ဦးဖြစ်ပြီး အင်္ဂါနေ့နံနက်ပိုင်း ၁၁-နာရီခန့်၌ လမ်းမပေါ်တွင် သတိလစ် လဲကျလျှက်ရှိကြောင်း တစ်စုံတစ်ယောက်က ရဲတပ်ဖွဲ့ထံ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်။

…   
နောက်ပိုင်းတွင် ဆေးဘက်အကူနှင့် ကယ်ဆယ်ရေးသမားများသည် အောက်စီဂျင်အိုးဖြင့်ရောက်ရှိလာသည်။ လူနာအား အသက်ကယ်ရန် ကြိုးစားခဲ့ကြပြီး ဗာဂျီရာဆေးရုံမှ မှုခင်းဆေးပညာကျွမ်းကျင်သူများကို ခေါ်ယူ၍ ရုပ်အလောင်းအား စစ်ဆေးရန် ရဲတပ်ဖွဲ့အား တိုက်တွန်းခဲ့သည်။

…  
ည ၁၀-နာရီခန့်တွင် ပိုတက်သောင်ဖောင်ဒေးရှင်းက ရုပ်အလောင်းအား ကောက်ယူပြီး သေဆုံးရခြင်း အကြောင်းရင်းကို စစ်ဆေးရန် ဗာဂျီရာဆေးရုံသို့ ပို့ဆောင်ခဲ့ရာ COVID-19 ရောဂါဖြင့် ကွယ်လွန်ရခြင်းဖြစ်ကြောင်း သိရှိရသည်။



…  

…  
COVID-19 ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လျှက်ရှိစဉ် ပရာယွတ်အား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုများမှာ ထိုင်းနိုင်ငံတစ်ဝှန်းလုံး၌ နေ့စဉ်နီးပါး ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။ ထိုင်းကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူအများစုတို့မှာ လက်ရှိကပ်ရောဂါအပေါ် ပရာယွတ်အစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ စိတ်ပျက်လျှက်ရှိစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#ထိုင်းနိုင်ငံလမ်းမပေါ်တွင်_ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့်လူသေအလောင်းများတွေ့ရှိ
#ပရာယွတ်ချန်အိုချာအား_ရာထူးမှနှုတ်ထွက်ပေးရန်တောင်းဆိုမှုများ_နေ့စဉ်နီးပါးဆက်တိုက်ဖြစ်ပေါ်နေ

(((Bangkok Post., 23 JUL 2021, ” Bodies in streets shock PM” By: Gary Boyle ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.bangkokpost.com/learning/easy/2153623/bodies-in-streets-shock-pm
https://coconuts.co/bangkok/news/bodies-literally-left-lying-in-bangkoks-streets-as-covid-19-takes-heavy-toll/
https://www.benarnews.org/english/news/thai/thailand-covid-dead-bodies-street-07212021160613.html 

Leave a Reply

Your email address will not be published.