ဘာလီဗုံးခွဲမှုနှင့် ဆက်စပ်သည့် အင်ဒိုနီးရှား အစွန်းရောက် ဘာသာရေးခေါင်းဆောင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ၊ ထောင်ကျနေစဉ်ပင် အိုင်အက်စ်တို့ကို သစ္စာခံခဲ့ဟုဆို၊ အစွန်းရောက်အယူအဆလျှော့ချရေးအစီအစဉ်၌ ပူးပေါင်းရန်ဟုဆိုသော်လည်း စိုးရိမ်သူများ ရှိနေ


၂၀၀၂-ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်ကြောင်း သံသယရှိသဖြင့် ဖမ်းဆီးခြင်းခံရသူ အစ္စလာမ်မစ်တရားဟောဆရာ အဘူဘေကာဘာရှီယာသည် သောကြာနေ့တွင် အကျဉ်းထောင်မှ လွတ်မြောက်သွားပြီဖြစ်သည်။၊ နိုင်ငံအတွင်း တစ်ယူသန်အယူအဆလျှော့ချရေးအစီအစဉ်၌ ပူးပေါင်းရန် လွှတ်ပေးလိုက်ခြင်းဖြစ်သော်လည်း အစွန်းရောက်အသိုင်းအဝိုင်းများကြား၌ ဆက်လက်သြဇာလွှမ်းမိုးမည်ကို စိုးရိမ်စရာ ဖြစ်ရသည်ဟု Reuters က ယနေ့ရေးသားသည်။ 

..  
ဘာရှီယာကို ၎င်း၏ မိသားစုဝင်များက လာရောက်ခေါ်ဆောင်သွားပြီး ဂျာဗားကျွန်းအလယ်ပိုင်းရှိ ၎င်း၏ နေအိမ်သို့ ကားဖြင့် ထွက်ခွာသွားကြကြောင်း ဥပဒေနှင့်လူ့အခွင့်အရေးဝန်ကြီးဌာန၏ ( ဖမ်းဆီးခံရသူများ ) စာရိတ္တပြုပြင်ရေးဆိုင်ရာညွှန်ကြားမှူးက ပြောဆိုသည်။ 

..
ယနေ့နံနက် ၅-နာရီခွဲတွင် ဂွန်ရမ်ဆင်ဒူအကျဉ်းထောင်မှ လွတ်မြောက်သွားသော အဘူဘေကာဘာရှီယာသည် အဖြူရောင်ဦးုထုပ်၊ သင်တိုင်းရှည်နှင့် Mask မျက်နှာဖုံးဝတ်ဆင်ထားပြီး ကျန်းမာပုံရကြောင်း သတင်းဓါတ်ပုံများ၌ တွေ့မြင်ကြရသည်။

..  
အသက် ၈၂-နှစ်အရွယ်ရှိ ဘာရှီယာသည် #အယ်လ်ကိုင်အကြမ်းဖက်အဖွဲ့အစည်း နှင့်ဆက်သွယ်မှုရှိသည့် #ဂျမတ်အစ္စလာမ်မီယာ ( JI ) အမည်ရှိ #ဂျီဟဒ်ဝါဒီကွန်ယက် ၌ စိတ်ဓါတ်ပိုင်းရေးရာခေါင်းဆောင်ဖြစ်သည်။ ၂၀၁၁-ခုနှစ်တွင် အာချေးပြည်နယ်ရှိ စစ်သွေးကြွလေ့ကျင့်ရေးစခန်းများနှင့် ဆက်သွယ်မှုကြောင့် ထောင်ဒဏ် ၁၅-နှစ် အပြစ်ပေးခြင်း ခံရသူဖြစ်သည်။ 
၎င်းသည် ချုပ်နှောင်ထားခြင်းခံရစဉ် လျှော့ရက်များ ရရှိခဲ့ပြီး လွတ်မြောက်ချိန်၌ အကျဉ်းကျသက်တမ်း ၁၀-နှစ်ရှိ ပြီဖြစ်သည်။ 

..
ဘာရှီယာသည် လူပေါင်း ၂၀၂- ဦးသေဆုံးခဲ့ရသည့် ၂၀၀၃-ခုနှစ် ဘာလီကျွန်းဗုံးခွဲမှုနှှင့် ၂၀၀၃-ခုနှစ် ဂျာကာတာရှိ ဂျေ-ဒဗလျူမာရီရော့ဟိုတယ်တိုက်ခိုက်မှုတို့၌ ဆက်နွယ်မှုရှိကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့နှင့် အနောက်နိုင်ငံထောက်လှမ်းရေးတို့က ပြောဆိုသော်လည်း မည်သို့မျှ ပတ်သက်ကျူးလွန်ခြင်းမရှိခဲ့ကြောင်း ဘာရှီယာက ငြင်းဆိုခဲ့သည်။

..   
JI ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးအဖြစ် ယုံကြည်ရပြီး ဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်သူ #ယူကာနမ်အား လွန်ခဲ့သည့်လ၌ ဖမ်းဆီးရမိခဲ့သည်။ သြစတေးလျလူမျိုး ၈၈-ဦးသေဆုံးခဲ့ရသော ဘာလီဗုံးခွဲမှုကဲ့သို့ အကြမ်းဖက်မှု မျိုးကို အင်ဒိုနီးရှားတွင် နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခြင်း မရှိစေရန် လိုအပ်ကြောင်း အိမ်နီးချင်း သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးက ယခုသီတင်းပတ်၌ ပြောဆိုသည်။ 
..
၂၀၀၂-ခုနှစ် အကြမ်းဖက်မှုတွင် ဒဏ်ရာရရှိခဲ့သော အင်ဒိုနီးရှားနိုင်ငံသူအမျိုးသမီးတစ်ဦးကမူ ဘာရှီယာအား ဆက်လက်ချုပ်နှောင်ထားစေလိုကြောင်း ဆန္ဒရှိသည်။ ဘာရှီယာအနေဖြင့် အကျဉ်းထောင်အတွင်း မည်သည်တို့လုပ်ဆောင်နေခဲ့သည်ကို မသိရှိရကြောင်း၊ထောင်မှ လွတ်မြောက်လာသည့် အကြမ်းဖက်သမားများကို အစိုးရအနေ ဖြင့် ဆက်လက်ထိန်းကွပ်ရန်လိုအပ်ကြောင်း တယ်လီဖုန်းဖြင့် ဖြေကြားသည်။ 

..  
ဘာရှီယာသည် အကျဉ်းကျနေစဉ် ၂၀၁၄-ခုနှစ်၌ #အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ #အိုင်အက်စ် #IS တို့အား သစ္စာခံကြောင်း ကတိပြုခဲ့သည်ဆို၏။

..    
အင်ဒိုနီးရှား၏ အကြမ်းဖက်မှုဆန့်ကျင်ရေးအေဂျင်စီမှ အက်ဒီဟတ်တိုနိုကမူ ဘာရှီယာသည် ယခုအခါ အစွန်းရောက်အယူအဆလျှော့ချရေးအစီအစဉ်၌ ပူးပေါင်းပါဝင်လျှက်ရှိကြောင်း၊ လွတ်မြောက်သွားပြီးနောက် ငြိမ်းချမ်းဖြေသိမ့်ရေး ဟောပြောနိုင်မည်ဟု မျှော်လင့်ကြောင်း ရှင်းပြသည်။ 

..   
ဘာလီတိုက်ခိုက်မှုများအပြီးတွင် အင်ဒိုနီးရှားနိုင်ငံသည် သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကျောထောက်နောက်ခံရယူ၍ အကြမ်းဖက်မှုဆန့်ကျင်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ စစ်သွေးကြွအဖြစ် သံသယရှိသူများကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်ခြင်းဖြင့် JI အဖွဲ့ကို အင်အားဆုတ်ယုတ်စေခဲ့သည်။ 

..
သို့သော် ကမ္ဘာ့အကြီးဆုံး မွတ်စလင်အများစုနေထိုင်ရာ တိုင်းပြည်တွင် ဖွဲ့စည်းထားပြီး အခြားအစွန်းရောက်အုပ်စုတို့က တိုက်ခိုက်မှုများ ပြုလုပ်နေခဲ့သည်။ လွန်ခဲ့သည့် လ၌ပင် ယူကာနမ် အပါအဝင် စစ်သွေးကြွ ၂၃ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရသည်။

..  
ဘာရှီယာလွတ်မြောက်ခြင်းမတိုင်မီ ၎င်း၏သားဖြစ်သူ အဗ္ဗဒူရိုဟင်းက ပြောဆိုရာ၌ ဖခင်ဘာရှီယာသည် ဂျာဗားအလယ်ပိုင်း ဆိုလိုမြို့အနီးရှိ #အယ်လ်မတ်မင်အစ္စလာမ့်ဘော်ဒါကျောင်း သို့ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းကို ၁၉၇၀ ပြည့်နှစ်များတွင် ဖခင်ဖြစ်သူ ဘာရှီယာက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အတိတ်ကာလ၌ ၎င်းကျောင်းထွက်များသည် တိုက်ခိုက်မှုများ၊ စစ်သွေးကြွကွန်ယက်တို့နှင့် ဆက်သွယ်ခဲ့ဖူးကြောင်း၊ သို့သော် ဖခင်ဖြစ်သူ၏ခေတ် သက်တမ်းကုန်ဆုံးသွားခဲ့ပြီး၊ ၎င်းကိစ္စများလည်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြော ကြားသည်။ 

..
လုံခြုံရေးလေ့လာသုံးသပ်သူများကမူ ဘာရှီယာအနေဖြင့် JI နှင့် အခြားအုပ်စုများအပေါ်တွင် အာဏာအပြည့်အ၀ မပေးနိုင်သော်လည်း အခြားစစ်သွေးကြွများအပေါ်၌မူ သြဇာလွှမ်းမိုးနိုင်ဆဲဖြစ်ကြောင်း၊ တွေးခေါ်ပညာရှင် တစ်ဦးဖြစ်သူ ဘာရှီယာ၏ ဟောပြောချက်များကို လိုက်နာ၍ စံနမူနာယူကြလိမ့်မည်ဟု ယုံကြည်လျှက်ရှိသည်။ 
.. 

(( အကြမ်းဖက်အဖွဲ့အစည်း- ၎င်းတို့နှင့် ဆက်စပ်အုပ်စုတို့သည် ရရာပစ္စည်းများဖြင့် ဗုံးပြုလုပ်နိုင်စွမ်းရှိပြီး၊ ဗုံးထောင် ဗုံးခွဲရာ၌ အထူးကျွမ်းကျင်သူများဖြစ်ပါသည်။ ဘာလီဗုံးခွဲမှုမှာ အလွန်သေသပ်ပြီး ထိခိုက်ပျက်စီးမှု အလွန်များပြားသဖြင့် စောစောပိုင်းတွင် စစ်ဘက်ကဲ့သို့ အထူးလေ့ကျင့်ထားသူများက ဖောက်ခွဲခြင်းဖြစ်မည်ဟု သံသယရှိခဲ့ကြရသည်အထိ ဖြစ်သည်။ ဗုံးခွဲခံရသော ဘာလီအပန်းဖြေစခန်း၏ ဓါတ်ပုံကို ပြန်လည်ဖော်ပြထား ပါသည်။   ။ သတင်းဘာသာပြန်သူ ))

..
#ဘာလီဗုံးခွဲမှုအစွန်းရောက်ဘာသာရေးခေါင်းဆောင် #အကျဉ်းထောင်မှပြန်လည်လွတ်မြောက် 
#ဂျမတ်အစ္စလာမ်မီယာ #အယ်လ်ကိုင်ဒါ #အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူအိုင်အက်စ်  ..
((( Reuters., 08 Jan 2021,” Indonesian radical cleric linked to Bali bombings released from jail: media.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

0

Leave a Reply

Your email address will not be published.