ဟိန္ဒူလူငယ် ဘိုင်လော့ချန်ဒရာ၏ Facebook Account အား Hack ၍ အမုန်းစကားအဖြစ် ဖြန့်ဝေသူကို ဖော်ထုတ်ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း အားပေးကူညီသူများအား ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ဘင်္ဂလားဒက်ရှ်ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune တို့က ယမန်နေ့ရေးသားသည်။

အောက်တိုဘာ ၂၀-ရက် တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒက်ရှ်မြစ်ဝကျွန်းပေါ်ဒေသ
အကြီးဆုံးကျွန်းတည်ရှိရာ ဘိုလာခရိုင် ဘော်ဟန်နာဒင်မြို့နယ်၌ Facebook တွင်
တမန်တော်မိုဟာမက်အား စော်ကားရေးသားမှု့စွပ်စွဲချက်ဖြင့် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာ
လူ ၄-ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၁၀-ဦးအပါအဝင် လူ ၂၀၀ နီးပါး ဒါဏ်ရာ
ရရှိခဲ့ရသည်။
စွတ်စွဲနေကြသော ဟိန္ဒူလူငယ်၏ Account မှာ Hack ခံထားရစဉ် လွှင့်တင်ခြင်းဖြစ်ကြောင်း
မွတ်စလင် ခေါင်းဆောင်တို့က ဖြောင့်ဖျသည့်တိုင် ၄၀၀-၅၀၀ ခန့်ရှိမည့် ဒေါသထွက်နေသူ
လူစုလူဝေးကြီးက ဘိုင်လော့ချန်ဒရာအား သေဒါဏ်ပေးရန်တောင်းဆိုခဲ့ကြသည်။
ထိုစဉ်က အိဒ်မြေတွင် စုဝေးကန့်ကွက်ကြသူများသည် ရဲတပ်ဖွ့ဲဝင်များအား ကျောက်တုံး၊
အုတ်ခဲကျိုးများဖြင့် စတင်ပစ်ပေါက်ဆဲဆိုကြပြီး ကိုယ်ထိလက်ရောက်ရန်ပြုခဲ့ကြသည်ဆို၏။
ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လူ ၂-ဦး သေဆုံးခဲ့ရသည်။ အခြား ဆန္ဒပြသူ ၂-ဦး
ဦးခေါင်းတွင် အုတ်ခဲကျိုးထိမှန်သေဆုံးပြီးနောက် ဆန္ဒပြသူများက အနီးအနားရှိ
ဟိန္ဒူဘာသာဝင်တို့ကိုလည်း ချမ်းသာမပေးပဲ ၎င်းတို့၏ နေအိမ်၊ ဈေးဆိုင် ၉-လုံးနှင့်
ဘုရားကျောင်း ၁- ကျောင်းတို့အား ရမ်းကားဖျက်ဆီး၍ မီးတင်ရှိုရန်
ကြိုးစားခဲ့ကြသည်။
မနီးမဝေးတွင်လည်း မျိုးမည်မသိရသူများလက်ချက်ဖြင့် မော်တော်ဆိုင်ကယ် ၁-စီးနှင့်
ဟိန္ဒူနေအိမ် ၁-လုံး မီးလောင်ကျွမ်းခဲ့ရကြောင်း၊ ကြောက်လန့်နေသော နယ်မြေအတွင်း
နေထိုင်သူ ဟိန္ဒူ မိသားစု ၃၅ စုခန့်ကို မွတ်စလင် မိသားစု ၅-စုတို့က
ဝှက်ထားပေးကြပြီး ၎င်းတို့၏ နေအိမ်များ တိုက်ခိုက်ဖျက်ဆီးခြင်းမခံရအောင် အခြားမွတ်စလင်အချို့က
ကယ်တင်စောင့်ရှောက်ပေးခဲ့ကြောင်း bdnews24 က ယမန်နေ့ ဖော်ပြသည်။
အဓိကရုန်းဖြစ်ပွားမှုကြောင့် မည်သည့်နည်းနှင့်မဆို လူသူစုဝေးခြင်းမပြုရန်
ယာယီတားဆီးကြောင်းနှင့် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို
ထုတ်ပြန်ခဲ့ရသည်။
ယမန်နေ့တွင် ဆူပူသောင်းကျန်းရာ၌ ပါဝင်သူ ၅-ဦးကို ပုဒ်မ ၂-ခုဖြင့် တရားစွဲဆိုရန်
ဘိုလာခရိုင်တရားရုံးက ရမန်ပေးခဲ့ကြောင်း၊ အခင်းဖြစ်ပွားစဉ်
သက်ဆိုင်ရာအာဏာပိုင်များအား ဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုယ်တိုင်
ကြီးကြပ်ခဲ့ကြောင်း၊ လိုအပ်သည့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း
တံတားနှင့်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောဆိုသည်ဟု သတင်းတွင်
ဆက်လက်ရေးသားသည်။
(( ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ဆန္ဒဖော်ထုတ်ခြင်းသည် လူတစ်ဦး-တစ်ဖွဲ့၏
နစ်နာချက်များအား တရားမျှတမှု ရှာဖွေရန် အကောင်းဆုံး အထောက်အကူပြုပါသည်။ သို့သော်
လွတ်လပ်စွာ လူသူစုဝေး ဆန္ဒဖော်ထုတ်ကြရာ၌ ဥပဒေ စည်းကမ်းဘောင်အကန့်အသတ်မရှိ၍
မဖြစ်နိုင်ကြောင်း ယခုဖြစ်စဉ်က ပြဆိုလျှက်ရှိသည်ဟု ကျွန်တော် ယုံပါသည်။
ကျွန်တော်တို့ဆီတွင် ၂၀၁၁-ခုနှစ် ငြိမ်းစုစီဥပဒေကို လုံးဝဖျက်သိမ်းပစ်ရန်
ဆန္ဒုပြတောင်းဆိုမှုများရှိခဲ့ဖူးပါသည်။ ဘာသာရေး လူမျိုးရေးအဓိကရုန်းသို့
ဦးတည်စေသော လူသူစုဝေးခြင်းများလည်း ရှိနိုင်၍ ဥပဒေကို အပြီးတိုင်
ဖျက်သိမ်းခြင်းမပြုပဲ ဆီလျော်သည့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊
ငြင်းပယ်ခြင်းများအဖြစ် ပြင်ဆင်ရန်၊ ပြစ်ဒါဏ်သတ်မှတ်ချက်များ ပြင်းထန်လွန်းသည်ထင်၍
လျှော့ပေါ့သင့်ကြောင်း ကျွန်တော်များ ချေပမိခဲ့ပါသည်။
မြန်မာနိုင်ငံ ၂၀၁၁-ခုနှစ် ငြိမ်းစုစီဥပဒေကို ၂၀၁၄-ခုနှစ်နှင့် ၂၀၁၆
ခုနှစ်တို့တွင် ၂-ကြိမ်တိုင် ပြင်ဆင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ရက်ပိုင်းအတွင်း နိုင်ငံတကာဖြစ်စဉ်များတွင် ချီလီအစ လက်ဘနွန်အလယ် ဟောင်ကောင်အဆုံး
ကမ္ဘာအရပ်ရပ်၌ Civil disobedience ခေါ် မြို့ပြအာခံမှုများဖြစ်ပွားလျှက်ရှိသည်။
ပြင်သစ် ယဲလိုးဗက်စ်နှင့် ဟောင်ကောင်
တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကန့်ကွက်ပွဲများတွင် ဆန္ဒပြသူနှင့်
အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တို့ အကြား အကြမ်းဖက်မှုစွပ်စွဲချက်များ
အပြန်အလှန်ထွက်ပေါ်လျှက်ရှိသည်။
မည်သို့ပင်ဖြစ်စေ သက်ဆိုင်ရာအာဏာပိုင်တို့က ငြိမ်ဝပ်ပြိပြားရေးအားထုတ်ရာတွင်
လူသေစေသောလက်နက် Lethal weapon အသုံးပြုရန် အလွန်တင်းကြပ်စွာ ချိန်ဆကြကြောင်း
တွေ့ရှိရသည်။ ယခု ဆယ်စုနှစ်အတွင်း လက်နက်မဲ့ဆန္ဒပြသူများကို
လက်နက်အသုံးပြုဖြိုခွင်းရာမှ ယနေ့တိုင် အဆုံးမသတ်နိုင်သော ပြည်တွင်းစစ်ဖြစ်ခဲ့ရသည့်
နိုင်ငံများမှာ လစ်ဗျားနှင့် ဆီးရီးယားတို့ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))
((( Dhaka Tribune, 24 Oct 2019, .,”,” Bhola clash: Hacker of Biplob’s Facebook account identified, Kamal says.” နှင့် bdnews24., “After deadly clashes with police, Muslims also attacked Hindu homes, temple in Bholaကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်သည်။ )))
https://www.dhakatribune.com/bangladesh/court/2019/10/24/bhola-clash-facebook-helps-identify-biplob-s-id-hacker
https://bdnews24.com/bangladesh/2019/10/24/after-deadly-clashes-with-police-muslims-also-attacked-hindu-homes-temple-in-bhola
https://www.nytimes.com/2019/10/23/world/middleeast/global-protests.html