အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ အိုင်စစ် ( IS,ISIS,ISIL ) ခေါင်းဆောင်သေဆုံးပြီဖြစ်၍ “ ရှိုက်ကြီးတငင် ငိုကြွေးကြ “ ဟု ဒေါ်နယ်ထရမ့် ရွဲ့ခဲ့သည့်အတိုင်း ဘဝသက်တမ်းတစ်လျှောက် အကြမ်းဖက်မှု့၌မြှုပ် နှံထားသည့် အဘူဘေက္ကအယ်လ်ဘက်တာဒီ၏ နိဂုံးချုပ်ပုံကို အမေရိကန်သမ္မတရုံးက ထုတ်ပြန်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။
အီရတ်အကြမ်းဖက်ခေါင်းဆောင်သည် ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒဲလ်ဗ်ခရိုင်
ဘာရီရှာရွာအနီး၌ အမေရိကန်၏ နေဗီဆီးလ်စီးနင်းမှု့တွင် သေဆုံးသွားပြီဖြစ်သည်။
အဆိုပါရွာသည် ဆီးရီးယားနိုင်ငံ၏ အစိုးရထိန်းချုပ်ခြင်းမရှိသော
နောက်ဆုံးဧရိယာ၌ တည်ရှိသည်။ ရုရှားလေကြောင်းအခြေစိုက်စခန်းနှင့် မဝေးလှသော
ဧရိယာအတွင်း အမေရိကန်စစ်လေယာဉ်များ အဆင်ပြေစွာဝင်ရောက်နိုင်ရေးအတွက် ရုရှားက
အကူအညီပေးခဲ့သည်ဆို၏။
အမေရိကန်အထူးတပ်ဖွဲ့ဝင်များသည် ဆီးရီးယားအနောက်မြောက်ပိုင်းတွင် အန္တရာယ်များ၍
ရဲဝံ့စွန့်စားသည့် ၂-နာရီကြာ ညဉ့်နက်ပိုင်း စစ်ဆင်ရေးတစ်ရပ်ကို
ပြောင်မြောက်စွာတာဝန်ထမ်းဆောင်ပြီးဆုံးခဲ့ကြောင်း သမ္မတအိမ်တော်မှ ရုပ်သံလွှင့်ရာ၌
ဒေါ်နယ်ထရမ့်က ပြောဆိုသည်။
အကြမ်းဖက်သမားနှင့် မိသားစု အပေါင်းပါများ ပုန်းအောင်းနေသည့် အဆောက်အအုံသို့
အထူးတပ်ဖွဲ့ဝင်များ ရောက်ရှိသည့်အခါ လက်နက်ပစ်အား အလုံးအရင်းအသုံးပြုခဲ့ရကြောင်း၊
အဆောက်အအုံတွင်းရှိနေသူများ လက်နက်ချအညံ့ခံခြင်းမရှိလျှင်
ချေမှုန်းရလိမ့်မည်ဖြစ်ကြောင်း ကြေညာသဖြင့် အပြင်ထွက်လာသော ကလေးငယ် ၁၁-ဦးမှာ
အထိအခိုက် အခိုက်မရှိကြောင်း၊ အဆောက်အအုံအား ဝင်ရောက်ရှင်းလင်းသည့်အခါ
စစ်သွေးကြွအကြမ်းဖက်သမားသည် ကလေး ၃-ဦးနှင့်အတူ မြေအောက်ဥမင်လှိုဏ်ခေါင်းမှတဆင့်
ထွက်ပြေးသွားကြောင်း၊ လှိုဏ်ခေါင်းအဆုံးအရောက်တွင် အနံခံခွေးများနှင့်အတူ
အထူးတပ်ဖွဲ့ဝင်များ ထပ်ချပ်လိုက်လာသည့်အတွက် ၎င်းက အသေခံဗုံးခွဲခါးပတ်ကို
ဖောက်ခွဲရာ ဘက်တာဒီနှင့်အတူ ကလေး ၃-ဦး သေဆုံးကြောင်း၊ ပေါက်ကွဲမှုကြောင့်
၎င်း၏ခန္ဓာကိုယ်မှာ တစ်စစီဖြစ်သွားပြီး ပြိုကျလာသော မြေစာများနှင့်
ဖုံးအုပ်သွားကြောင်း၊ ရုပ်အလောင်းအစိတ်အပိုင်းများကို ၁၅-မိနစ်ကြာ DNA
စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ သူရဲဘောကြောင်သည့် ရက်စက်အကြံပက်စက်လှသူမှာ
ခွေးတစ်ကောင်လို သေဆုံးပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ရှင်းလင်းပြော ဆိုသည်။
ဒေသစံတော်ချိန် ည ၁၁-နာရီ၌ အထူးတပ်ဖွဲ့ဝင်များ တိုက်ခိုက်စီးနင်းရာတွင်
သေဆုံးသူဦးရေ အတိအကျကို စိစစ်နေဆဲဖြစ်ပြီး ဘက်တာဒီနှင့်အတူ
အများအပြားသေဆုံးကြောင်း၊ အမေရိကန်တပ်ဖွဲ့ဝင်များတွင် ထိခိုက်ကျဆုံးသူမရှိပဲ၊
စစ်ခွေးတစ်ကောင်သာလျှင် ဒါဏ်ရာရရှိခဲ့ကြောင်း၊ စစ်ဆင်ရေးအောင်မြင်စွာပြီးဆုံးခဲ့ရာ
ရုရှား၊ တူရကီ၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့က အကူအညီပေးသည့်အတွက်
ကျေးဇူးတင်ရှိပါကြောင်း အမေရိကန်သမ္မတက ဆက်လက်ပြောဆိုသည်။
ဒေါနွယထွရမွ့၏ မိနွ့ခှနွးမတိုငမွီ အမရေိကနအွထူးတပဖွှဲ့ဝငမွှား
စဈဆငရွေးပှုလုပပွုံကို ရုပသွံလှှငွ့ထုတသွညွ။ ပကှစွီးနသေော မောတွောယွာဉမွှား၊
လကနွကကွှီးကှောငွ့ ကငွှးခှိုငွ့မှားဖှဈနသေော မှပှငွေ၊
အဆောကအွအုံအကှိုးအပဲ့မှားကို တှေ့မှငရွသောလွညွး အစဈအမှနဟွုတမွဟုတွ
အတညပွှုနိုငခွှငွး မရှိခှေ။
ဆီးရီးယားနိုင်ငံအတွင်း အိုင်စစ်ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ရန် အမေရိကန်အထူးတပ်ဖွဲ့နှင့်
မိမိတို့ ၅-လကြာ လျှို့ဝှက်ထာက်လှမ်းခဲ့ရကြောင်း ဆီးရီးယန်းကာ့ဒ် SDF တပ်မှူးက
ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။ ဘက်တာဒီပုန်းအောင်းနေရာသို့
အမေရိကန်အထူးတပ်များဝင်ရောက်နိုင်ရန် ကူညီသည်ဟု ဒေါ်နယ်ထရမ့်က ပြောဆိုခြင်းအပေါ်
ငြင်းဆိုလိုက်ပြီး သေဆုံးသည်ဆိုခြင်းကို သံသယရှိကြောင်း
ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်။
(( အဘူဘေကာအယ်လ်ဘက်တာဒီမှာ အီရတ်နိုင်ငံ ဘက္ကဒက်မြောက်ဖက် ၇၈- မိုင်ခန့်အကွာ
ရှာမာရာမြို့၌မွေးဖွားသည်။ အသက် ၄၈-နှစ်ခန့်ရှိပြီဟု ယူဆရသူသည် တမန်တော်မိုဟာမက်မှ
ဆင်းသက်သည့် ခလီဖာတစ်ပါး ဖြစ်သည်ဟု ပြောဆိုကြသော်လည်း စစ်ဆေးရာ၌
အချက်အလက်များစွာလိုအပ်သည်။ အီရတ်အား အမေရိကန်ကျူးကျော်ပြီးနောက် ဘက္ကာဒီသည်
ဆွန်နီဘာသာဝင်များဖြင့် Jaysh Ahl al-Sunnah wa-l-Jamaah ခေါ် အဖွဲ့ကို ထူထောင်ပြီး
အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ မဟာမိတ်အဖြစ်ခံယူသည်။
((( Russia Today., 27 Oct, 2019,” How the operation to kill ISIS head al-Baghdadi unfolded.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))
https://www.rt.com/news/471985-how-baghdadi-raid-unfolded/
https://www.rt.com/news/471975-kurdish-leader-baghdadi-operation/
https://www.rt.com/news/471974-who-was-abu-bakr-al-baghdadi/
https://www.rt.com/russia/471984-trump-russia-baghdadi-killed-syria/