ဘိုင်ဒင်-ပူတင် တွေ့ဆုံပွဲ ဆိုက်ဘာလုံခြုံရေးနှင့် လက်နက်ထိန်းချုပ်ရေး စတင်ရန်နှင့် သံတမန်များပြန်လည်စေလွှတ်ရန်သဘောတူ။ အတိုက်အခံနှင့် ဆိုင်ဘာတိုက်ခိုက်မှုအတွက် ဘိုင်ဒင်မေးခွန်းထုတ်သည်ကို ပါလီမန်အဆောက်အအုံဆူပူမှု နှိမ်နင်းခြင်းကိစ္စ ပူတင်ပြန်လည်ပြောဆို


ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နှင့် ရုရှားနိုင်ငံခေါင်းဆောင်တို့က ဆိုက်ဘာလုံခြုံရေးနှင့် လက်နက်ထိန်းချုပ်ရေးကိစ္စများစတင်ရန် ဗုဒ္ဓဟူးနေ့၌ သဘောတူညီခဲ့ကြသော်လည်း လူ့အခွင့်အရေးနှင့် ယူကရိန်းအရေးတို့တွင် အမြင်ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသည်ဟု Reuters က ယနေ့ ရေးသားသည်။

…  
ဆွစ်အနောက်တောင်ပိုင်း ၁၈-ရာစုနှစ် သမိုင်းဝင်အဆောက်အအုံ လိပ်ဆိုက်ဗီလာတွင် ကျင်းပသည့် အစည်းအဝေး၌ အလာပသလ္လာပပြောဆိုကြရာတွင် ခေါင်းဆောင်နှစ်ဦးစလုံးက သတိထား၍ စကားသုံးနှုန်းကြပြီး သံတမန်များ အပြန်အလှန် ပြန်လည်စေလွှတ်ရန်ကို နှစ်ဘက် သဘောတူညီကြသည်။

…  
လွန်ခဲ့သည့် မတ်လတွင် ဘိုင်ဒင်က ပူတင်အား “လူသတ်သမား “ ဟု ပြောဆိုခဲ့ပြီးနောက် ရုရှားက အမေရိကန်ရောက် ၎င်း၏ သံတမန်များအား ပြန်လည်ခေါ်ယူခဲ့ရာ အိမ်ဖြူတော်ကလည်း အလားတူ သံတမန်များ ပြန်လည်ခေါ်ယူခြင်းဖြင့် လက်တုန့်ပြန်ခဲ့သည်။

…   
ထိုသို့ သုံးနှုန်းခြင်းခြင်းမှာ အပြုသဘောဆောင်ပြီး ရန်လိုမုန်းတီးခြင်း မပါရှိကြောင်း၊ မျက်နှာချင်းဆိုင်ဆွေးနွေး ကြခြင်းကို အစား မထိုးနိုင်ဟု အမေရိကန်သမ္မတ၏ ရှင်းပြချက်ကို မိမိကြေနပ်ကြောင်း ရုရှားသမ္မတက သတင်းထောက်များအား ပြန်လည်ရှင်းပြသည်။

…    
သို့သော် လူ့အခွင့်အရေးကဲ့သို့ ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုမှာ ရှင်းလင်းစွာပေါ် လွင်နေသည်။ ထိန်းသိမ်းခံ ရုရှားအတိုက်အခံ အလက်ဆီနာဗဲလီအနေဖြင့် အကျဉ်းထောင်အတွင်း သေဆုံးခဲ့လျှင် မော်စကိုအတွက် ချေမှုန်းဖျက်ဆီးရာရောက်လိမ့်မည်ဟု ဘိုင်ဒင်က ပြောဆိုသည်။ အလားတူပင် ဆိုင်ဘာကိစ္စရပ်များတွင် နှစ်နိုင်ငံတင်းမာမှုကို ဖြစ်စေသည့် ရုရှားမှ စတင်သော Ransomware တိုက်ခိုက်မှုများကို မော်စကိုက နှိမ်နင်းရန် ဝါရှင်တန်က တောင်းဆိုခဲ့သည်။

…  
ဇန်နဝါရီလတွင် ရာထူးလက်ခံခဲ့သော ဂျိုးဘိုင်ဒင်၏ သီးခြားကွန်ဖရင့် မဟုတ်ပဲ ပထမဆုံး အကြိမ်အဖြစ် ရုရှားသမ္မတနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရာတွင် အကယ်၍ Ransomware တိုက်ခိုက်မှုမျိုး ရုရှားတွင် ဖြစ်ပွားခဲ့ပါက မည်သို့ ခံစားရကို မေးမြန်းခဲ့သည်။ လွန်ခဲ့သည့် မေလတွင် Ransomware ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ရေနံ ပို့လွှတ်မှု ပြတ်တောက်ကာ အမေရိကန်အရှေ့ပိုင်းကမ်းရိုးတန်းတလျှောက် မြို့ကြီးများတွင် ကြောက်လန့်တကြား ဈေးဝယ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

အတိုက်အခံ အလက်ဆီနာဗဲလီကိစ္စ၊ ယူကရိန်းနိုင်ငံအရှေ့ဘက်ခြမ်းတွင် ရုရှားက စစ်ရေး ပိုမိုတိုးချဲ့လာနေသည့်အတွက် စိုးရိမ်ပူပန်ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများအတွက်ရုရှားများ၌တာဝန်ရှိသည်ဟူသော အမေရိကန်၏ အကြံပြု ချက်များကို သတင်းထောက်များရှေ့မှောက်၌ သမ္မတ ပူတင်က ပယ်ချခဲ့သည်။

…   
အမေရိကန်ရေနံပိုက်လိုင်း ပို့လွှတ်မှု ဖရိုဖရဲ အနှောက်အယှက်ဖြစ်ရသည်မှာ ဥပဒေချိုးဖောက်ရာမှ စတင်ကြောင်း အမေရိကန်တို့ကို ကိုယ်ချင်းစာနာမိပြီး ရုရှားမြေမှနေ၍ အဆိုပါတိုက်ခိုက်မှုမျိုး နောက်ထပ်မဖြစ်ပွားရအောင် အတတ်နိုင်ဆုံး ကြိူးစားကာကွယ်သွားမည်ဖြစ်ကြောင်း သမ္မတပူတင်က ပြောဆိုသည်။

…  
ထို့ပြင် လွန်ခဲ့သည့် ဇန်နဝါရီလ၌ အမေရိကန်ပါလီမန်အဆောက်အအုံအား ဝင်ရောက်တိုက်ခိုက်ခဲ့သော ဆူပူသူများကို ဖမ်းဆီးခြင်းကိစ္စနှင့်ပတ်သက်၍ တရားဝင်မှုကိုလည်း ရုရှားသမ္မတက မေးခွန်းထုတ်ခဲ့သည်။ နိုဝင်ဘာရွေးကောက်ပွဲတွင် ဆန္ဒမဲ ၇-သန်းကျော်အသာ ရရှိသည့် ဂျိုးဘိုင်ဒင်၏ သမ္မတရာထူးရရှိမှုကို ဒေါ်နယ်ထရမ့်က ဟန့်တားရာမှ အဓိကရုန်းများဖြစ်ပွားခဲ့ရသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။

…    
ဘိုင်ဒင်ကမူ ဇန်နဝါရီ ၆-ရက် လွှတ်တော်အဆောက်အအုံကိစ္စနှင့် Black Lives Matters ကိစ္စကို နှိုင်းယှဉ် ပြောဆိုသမျှ လူရယ်စရာ အဓိပ္ပါယ်မရှိကြောင်း တုန့်ပြန်ချေပသည်။

…  
အမေရိကန်နှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ ယိုယွင်းလာခဲ့သည်။ အထူးသဖြင့် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှ ခရိုင်းမီးယားကို ရုရှားက သိမ်းယူခြင်း၊ ဆီးရီးယားတွင် ၂၀၁၅ ခုနှစ် ရုရှားကစွက်ဖက်မှုနှင့် ဒေါ်နယ်ထရမ့်အနိုင်ရသည့် ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှားက ဝင်ရောက်မွှေနှောက်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး မော်စကိုက ပယ်ချခဲ့သည်။

#ဂျိုးဘိုင်ဒင်_ဗလာဒီမာပူတင်_ဆွစ်ဇာလန်ထိပ်သီးဆွေးနွေးပွဲ

(((Reuters., June 17th, 2021,” Far apart at first summit, Biden and Putin agree to steps on cybersecurity, arms control.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))

https://www.dhakatribune.com/world/2021/06/17/far-apart-at-first-summit-biden-and-putin-agree-to-steps-on-cybersecurity-arms-control 

Leave a Reply

Your email address will not be published.