ဘီရွတ်ပေါက်ကွဲမှု၌ ပျက်စီးသွားသော ဘင်္ဂလားဒက်ရှ်စစ်သင်္ဘောအား တူရကီ ပြင်ဆင်ပေးမည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၅-ဦးသေဆုံး၍ ၁၀၀ ကျော် ဒါဏ်ရာရရှိခဲ့ရာ ရေတပ်မတော်စစ်သည် ၂၁-ဦး ပါဝင်

လက်ဘနွန်နိုင်ငံ ဘီရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီးကြောင့် ပျက်စီးသွားသော ဘင်္ဂလားဒက်ရှ်ရေတပ်စစ်သင်္ဘောအား တူရကီနိုင်ငံက ပြုပြင်ပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ တူရကီသံရုံးက တနင်္ဂနွေနေ့၌ ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

  
တူရကီနိုင်ငံသို့ ပို့ဆောင်၍ စစ်သင်္ဘော၏အပျက်အစီးများအား ပြုပြင်ပေးမည်ဟု ဆိုသော်လည်း စတင်မည့် နေ့ရက်အတိအကျကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ မကြာမီ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း တူရကီသံရုံး၏ သတင်းဆိုင်ရာကောင်စစ်ဝန် ဂီဇမ်အေဒင်အာဒမ်က Dhaka Tribune ၏ မေးခွန်းအား ပြန်လည်ဖြေကြားသည်။ 


တူရကီကာကွယ်ရေးဝန်ကြီး၏ Twitter စာမျက်နှာ၌မူ ဘီရွတ်ပေါက်ကွဲမှု၌ ပျက်စီးသွားသော ဘင်္ဂလားဒက်ရှ် ရေတပ်မတော်ပိုင် BNS BIJOY “ ဘီအင်အက်စ် ဗီဂျွိုင်း “ ကို တူရကီနိုင်ငံသို့ တွဲဆွဲရေယာဉ် TCG İNEBOLU “ တီစီဂျီ အင်နီဘိုလူ “ ဖြင့် ဆွဲယူလျှက်ရှိကြောင်း၊ တူရကီရေတပ်မတော် အဆောက်အအုံများ၌ လိုအပ်သည့် ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရေးသားထားကြောင်း တွေ့ရှိရသည်။ 

  
ဘင်္ဂလားဒက်ရှ်တပ်မတော် ပြည်သူ့ဆက်ဆံရေး (ISPR) ဋ္ဌာန အရာရှိတစ်ဦးကမူ ရေတပ်မတော်နှင့်ျပြာဆိုပြီးျနာက် ပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း ဖြေကြားသည်။ 


လွန်ခဲ့သည့် သြဂုတ်လ ၄-ရက်နေ့တွင် လက်ဘနွန်နိုင်ငံ ဘီရွတ်မြို့တော်ဆိပ်ကမ်း၌ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာ လူ ၁၆၀-ကျော် သေဆုံး၍ ၆၀၀၀ ကျော်ဒါဏ်ရာရရှိခဲ့ပြီး လူ ၃-သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 

  
ပေါက်ကွဲမှုကြောင့် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး၏ ပင်လယ်ရေကြောင်းဆိုင်ရာလုပ်ငန်းတစ်စိတ်တစ်ပိုင်းအဖြစ် လက်ဘနွန်ရေပြင်တွင် ကင်းလှည့်စောင့်ကြပ်ပေးလျှက်ရှိသော ဘင်္ဂလားဒက်ရှ် စစ်ရေယာဉ် “ ဘီအင်အက်စ် ဗီဂျွိုင်း “ မှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ 


ဘီရွတ်ဆိပ်ကမ်းတွင် သိုလှောင်ထားသည့် အမိုးနီးယားနိုက်ထရိတ် တန်ချိန် ၂၇၅၀ မီးလောင်ရာမှ တီအင်တီ ယမ်းအား ၁.၁ ကီလိုတန်နှင့် ညီမျှသော ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့သဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၅-ဦးသေဆုံး၍ ၁၀၀ ကျော် ဒါဏ်ရာရရှိခဲ့ရာ ရေတပ်မတော် စစ်သည် ၂၁-ဦး ပါဝင်ခဲ့သည်။


ဘီရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်နိုင်ငံတွင် လူအများအပြား ထိခိုက်သေဆုံးပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလျှံခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဘင်္ဂလားဒက်ရှ်က လက်ဘနွန်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ် အထောက်အပံ့များ ပေးပို့ခဲ့သည်။ 

ဗုဒ္ဓဟူးနေ့တွင် အစားအစာ ၉-တန်၊ ဆေးဝါးပစ္စည်း ၂-တန်တို့ကို ဘင်္ဂလားဒက်ရှ် လေတပ်မတော်၏ C130 အမျိုးအစား သယ်ပို့လေယာဉ်ဖြင့် ပေးပို့ခဲ့ရာ အပြန်တွင် လက်ဘနွန်ရောက် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၇၃-ဦးတို့ကို ကယ်ဆယ်ခေါ်ယူလာမည်ဖြစ်ကြောင်း၊ လက်ဘနွန်နိုင်ငံ၏ ကဏ္ဍအမျိုးမျိုးတွင် အလုပ်လုပ်ကိုင်နေသူ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၁-သိန်း ၅-သောင်းခန့်ရှိကြောင်း Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်၌ တွေ့ရှိရသည်။ 

  
#ဘီရွတ်ပေါက်ကွဲမှု #ပျက်စီးဘင်္ဂလားဒက်ရှ်စစ်သင်္ဘောတူရကီပြင်ဆင်ပေး 


((( Dhaka Tribune., Turkey to repair Bangladesh Navy vessel damaged in Beirut blast. By: Humayun Kabir Bhuiyan. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/military-affairs/2020/08/30/turkey-to-repair-bangladeshi-naval-vessel-bns-bijoy 


https://www.dhakatribune.com/world/middle-east/2020/08/12/73-bangladesh-citizens-to-return-home-from-beirut-wednesday?fbclid=IwAR3-8GsrGRQP-s8Q-xkXd2yNfVPE03P6uLrFmM6ji8L6P21M7HTk9VjlkI0 

0

Leave a Reply

Your email address will not be published.