မက်ဆာချူးဆက်နေ အပြည့်အဝကာကွယ်ဆေးထိုးနှံပြီးသူ ၇၉-ဦးသေဆုံး၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄,၅၀၀-ဦးနီးပါး ရှိခဲ့ပြီး ၃၀၃-ဦး ဆေးရုံတင်ရ။ တရုတ်ကာကွယ်ဆေးနှင့် ဖျားနာ-သေဆုံး အင်ဒိုနီးရှား ကျန်းမာရေးဝန်ထမ်းများ


အမေရိကန်နိုင်ငံ၌ ကာကွယ်ဆေးထိုးနှံပြီးသူ အများဆုံးနေထိုင်ရာ မက်ဆာချူးဆက်ပြည်နယ်တွင် ဆေးထိုးနှံပြီးချိန်မှ ယခုအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူ ၅,၀၀၀ ကျော် ရှိခဲ့ရာ ၎င်းတို့အနက် ၇၉-ဦးမှာ ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံပြီးစီးသူများဖြစ်ကြောင်း လူထုကျန်းမာရေးဋ္ဌာန DPH ၏ ကိန်းဂဏန်းများက ဖော်ပြလျှက်ရှိသည်ဟု ဘော်စတွန်အခြေစိုက် WHDH TV 7NEWS က ယနေ့ဖော်ပြသည်။

ဇူလိုင် ၁၀ ရက်နေ့အထိ ပြည်နယ်တစ်ဝှန်းလုံးတွင် ကာကွယ်ဆေးထိုးနှံပြီးစီးသူပေါင်း ၄-သန်းကျော် (၄,၁၉၅,၈၄၄ ဦး) ရှိခဲ့သော်လည်း COVID-19 ရောဂါကူးစက်မှု ၄,၄၅၀-ခုနှင့် ဆေးရုံတင်ကုသပေးခဲ့ရသူ ၃၀၃-ဦး ရှိခဲ့ကြောင်း မက်ဆာချူးဆက် လူထုကျန်းမာရေးဌာန၏ အဆိုအရ သိရှိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဝေဒနာဖြင့် ပြည်နယ်နေ ၅၆-ဦးကို ဆေးရုံတင်ခဲ့ရာ နောက်ပိုင်းတွင် ကွယ်လွန်ခဲ့ကြသည်။ ၂၃-ဦးမှာမူ ဆေးရုံသို့ သွားရောက်ခြင်း မရှိပဲ ၎င်းတို့၏ နေအိမ်များ၌ သေဆုံးကြခြင်းဖြစ်သည် ဆို၏။

သို့သော်လည်း ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးနောက် ဗိုင်းရပ်စ်ပိုးကူးစက်မှုမှာ အလွန်နည်းပါးသည် ဟု ဆိုနိုင်ပြီး လူပေါင်း ၄,၁၉၅,၈၄၄ ဦးတွင် ၄,၄၅၀-ဦး ကူးစက်ခံရခြင်းဖြစ်၍ ဝ.၁% သာရှိကြောင်း၊

အလားတူပင် ကာကွယ်ဆေးထိုးနှံပြီးစီးသူများအနက် ဆေးရုံတင်ရသူ ၃၀၃-ဦးဖြစ်ရာ ဝ.၀၀၇၂%၊ ၇၉-ဦး သေဆုံးသည်ဆိုခြင်းမှာလည်း ဝ.၀၀၁၉% သာရှိကြောင်း၊ #ကာကွယ်စွမ်းဖောက်ထွက်ဖြစ်စဉ် Breakthrough case ခေါ် ကာကွယ်ဆေးထိုးနှံပြီးနောက် ဗိုင်းရပ်စ်ရောဂါဖြင့် ကူးစက်-သေဆုံးမှုများမှာ အလွန်နည်းပါးမည်ဟု မျှော်လင့်ကြောင်း ကျန်းမာရေးအရာရှိများက ရှင်းပြသည်။

မကြာသေးမီက မက်ဆာချုးဆက်ပြည်နယ် ပရိုးဗင့်စ်တောင်းမြို့တွင် Breakthrough case ၂၀-ဦးကို တွေ့ရှိခဲ့ရာ ၁၀-ဦးမှာ အလည်အပတ်လာရောက်သူ မြို့ပြင်ပနေ များဖြစ်ကြောင်း၊
ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသူများ အထူးသဖြင့် နေအိမ်တွင်းနေထိုင်စေကာမူ ပါးစပ်-နှာခေါင်းဖုံး Mask များကို ဆက်လက်ဝတ်ဆင်ကြရန်နှင့် ဖျားနာဝေဒနာ ခံစားရလျှင်COVID-19 ရောဂါအတွက် စစ်ဆေးမှုခံယူရန် တိုက်တွန်းကြောင်း မြိုတော်အာဏာပိုင်များက ပြောဆိုသည်။

(( လွန်ခဲ့သည့် ၂၀၁၉-ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံတွင် ပြင်းထန်အသက်ရှူလမ်းကြောင်း ရောင်ရမ်းနာ ကူးစက်မှု ပြန့်နှံံလျှက်ရှိကြောင်းသတင်းကို ကျွန်တော် အချိန်မီ ဘာသာပြန်ဆို တင်ပြခဲ့ပါသည်။

ထိုမှ မြန်မာအပါအဝင် နိုင်ငံတကာသို့ ပျံ့နှံ့ပြီး ဝူဟန်ဗိုင်းရပ်စ်ဟု အများခေါ်ဝေါ်ကြသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို SARS-CoV-2 ဟု အမည်ပေးခြင်း၊ COVID-19 ကူးစက်ကပ်ရောဂါ ကျရောက်ပြီဖြစ်ကြောင်း WHO က ကြေညာခြင်းတို့အပြင် နိုင်ငံအသီးသီးတို့၏ ကူးစက်-သေဆုံးခြင်း၊ တားဆီးကာကွယ်ရန် Lockdown အပါအဝင် ကန့်သတ်ချက်များ ထုတ်ပြန်ခြင်းတို့ကိုလည်း လက်လှမ်းမီသမျှ ဖော်ပြခဲ့ပါသည်။ ကာကွယ်ဆေးများ ရှာဖွေကြခြင်း၊ တွေ့ရှိခြင်း၊ မြန်မာအပါအဝင် နိုင်ငံအချို့တွင် ကာကွယ်ဆေးရရှိသည့် သတင်းများကိုလည်း ဖော်ပြခဲ့ရာ #လွန်ခဲ့သည့် နှစ်မှစ၍ #လူတိုင်းမဖြစ်မနေ_ကာကွယ်ဆေးထိုးနှံကြရန်_အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါသည်။

လွန်ခဲ့သောရက်၌ Facebook တွင် တရုတ်ကာကွယ်ဆေး အများဆုံး ထိုးနှံခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု သတင်းကို လိုရာဆွဲလျှက် ဖော်ပြခဲ့ကြကြောင်း တွေ့ရှိရပါသည်။

ထိုမှတစ်ဆင့် တရုတ်-ရုရှား ကာကွယ်ဆေးများကို နိုင်ငံတကာက အသိအမှတ် မြ့ပုဟု ဆိုခြင်း၊ တရုတ်-ရုရှား ဆေးထိုးနှံထားသူများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ပြည်ဝင်ခွင့် လက်မခံဟု ဆိုသည်အထိ ရောက်ရှိသွားသည်။

တရုတ်လုပ်ကာကွယ်ဆေးကို အဓိကအဖြစ် ထိုးနှံပေးနေသော နိုင်ငံပေါင်း ၁၀၀ ကျော်အနက် အင်ဒိုနီးရှားတွင် ဇွန်လမှစတင်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်းခံရသော ကျန်းမာရေးလုပ်သား ၁၃၀ ကျော်နှင့် သေဆုံးသူ ၅၈-ဦးရှိကြောင်း သတင်းထွက်ပေါ်လာသောသောအခါ ( ခေါင်းစည်း စာသားသက်သက်ချည့် လိုရာဆွဲခြင်းဖြင့် ) အထက်ပါ အကြောင်းအရာများမှာ ပို၍ လူပြောများရသည်ဟု ကျွန်တော် ယုံကြည်ပါသည်။

အင်ဒိုနီးရှားတွင် COVID-19 စတင်ကျရောက်ပြီး များမကြာမီ ၂၀၂၀-ခုနှစ် မတ်လ၌ ဆရာဝန်နှင့် သူနာပြု ၇၀၀ မှ ၉၀၀ အကြား သေဆုံးခဲ့သည်။ ထိုအချိန် အင်ဒိုနီးရှားတွင် လူအများအပြားတို့အား ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များ တွင်ကျယ်ခြင်း မရှိသေးပါ၊။ မတ် ၂၀၂၀ မှ ဇွန် ၂၀၂၁ အထိ အထွေထွေကု ၄၀၅-ဦး၊ သွားဆရာဝန် ၄၃-ဦး၊ သူနာပြု ၃၂၈-ဦး၊ သားဖွားဆရာမ ၁၆၀၊ အခြားကျန်းမာရေးလုပ်သား ၉၅-ဦးတို့ COVID-19 ဖြင့် ကွယ်လွန်ခဲ့ကြပြီး ဖြစ်ပါသည်။

အင်ဒိုနီးရှား၌ ကျန်းမာရေးလုပ်သား ၉၅% ကို ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးထိုးနှံပြီးသူ ၅% သာရှိသည်။ ကျွန်းများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အလျှောက် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများ ပြန့်နှံ့ပုံမှာလည်း ဒေသတစ်ခုနှင့် တစ်ခု မတူကြပါ။ အချို့ဒေသများ၌ လူ ၁-သိန်းလျှင် ဆရာဝန် ၅၃.၈၉ ဦးရှိသော်လည်း အချို့တွင် ၁၀.၃၆ ဦးသာ ရှိကြောင်း Global Health Workforce Alliance တွင် တွေ့ရှိ ရသည်။

ယခုအချိန်ထိ ၁၀၀% ပြည့် ကာကွယ်နိုင်သည့် ကာကွယ်ဆေးမျိုးမည့်သည်နိုင်ငံ မည်သည့် ရောဂါအတွက်မှ မရှိသေးပါ။ တရုတ်ဆေးကို နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် ရုရှားဆေးကို နိုင်ငံပေါင်း၇၀ ကျော်တွင် ထိုးနှံပေးလျှက်ရှိပါသည်။ တရုတ်ကာကွယ်ဆေးကို COVID-19 ရောဂါ အရေးပေါ်သုံးအဖြစ် အသိအမှတ်ပြုခဲ့သော WHO က ရနိုင်သမျှ ကာကွယ်ဆေးကို အမြန်ဆုံး အများဆုံး ထိုးနှံကြရန် ဆော်သြလျှက် ရှိပါသည်။

#ကာကွယ်ဆေး_အမြန်ဆုံး_ထိုးနှံကြပါ။ #Mask_ဝတ်ဆင်ပါ၊ #လက်ဆေးပါ #လူစုလူဝေးရှောင်ရှားပါ #လူချင်းနီးကပ်မှုကန့်သတ်ပါ #အိပ်ရေး၀၀အိပ်၍_ကိုယ်ခံအားပြည့်နေစေရန်ဂရုစိုက်ပါ #ကျန်းမာရေးဋ္ဌာန၏_ညွှန်ကြားချက်များကို_လိုက်နာပါ ။ ။ သတင်းဘာသာပြန်သူ))

#မက်ဆာချုးဆက်ကာကွယ်ဆေးထိုးနှံပြီးသူများ_COVID-19_ဖြင့်_သေဆုံးကူးစက်

(((WHDH TV 7NEWS., July 14, 2021,” 79 fully vaccinated Mass. residents have died from breakthrough COVID-19 infections, data shows.” By: FRANK O’LAUGHLIN ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://whdh.com/news/79-fully-vaccinated-mass-residents-have-died-from-breakthrough-covid-19-infections-data-shows/
https://www.bostonglobe.com/2021/07/13/nation/state-says-number-covid-cases-vaccinated-people-is-incredibly-low/
https://www.thejakartapost.com/news/2021/07/08/indonesias-lead-sinovac-vaccine-scientist-dies-of-suspected-covid-19.html
https://reliefweb.int/report/indonesia/indonesian-health-care-workers-bear-burden-new-covid-19-wave
https://www.business-standard.com/article/current-affairs/1-031-indonesian-medical-workers-die-from-covid-since-onset-of-pandemic-121070600264_1.html
https://www.scmp.com/news/china/science/article/3140387/coronavirus-sinovac-worlds-most-used-vaccine-how-good-delta
https://www.who.int/emergencies/diseases/novel-coronavirus-2019/covid-19-vaccines

Leave a Reply

Your email address will not be published.