မက္ကဆီကိုတွင် မူးယစ်ဆက်နွယ်ဂိုဏ်းသားများက တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင် ၅-ဦးသေဆုံး။ ဝေးလံခေါင်ဖျားဒေသ လုံခြုံရေးလှည့်ကင်းအား အကြမ်းဖက်တိုက်ခိုက်ခြင်းအတွက် အာဏာပိုင်တို့ ပြင်းထန်စွာကန့်ကွက်

မက္ကဆီနိုင်ငံတောင်ဖက် ကုန်းမြင့်ပိုင်းလူနည်းစုတို့နေထိုင်ရာ အွာဟာကာပြည်နယ်တွင် ခြုံခိုတိုက်ခိုက်ခြင်းခံရသဖြင့် ရဲတပ်ဖွဲ့ ၅-ဦးထက်မနည်း သေဆုံးပြီး ၂-ဦး ဒါဏ်ရာရရှိသည်ဟု AP အားကိုးကား၍ Dhaka Tribune က ယမန်နေ့ ရေးသားသည်။

လွန်ခဲ့သည့် သောကြာနေ့ မွန်းလွဲပိုင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နယ်မြေမှာ ပြည်နယ်မြို့တော်နှင့် မိုင် ၅၀ ခန့်ဝေးပြီး လူဦးရေ ၄,၀၀၀ မျှသာရှိသည့် တိုင်းရင်းသားလူနည်းစုတို့ နေထိုင်ရာဖြစ်ကြောင်း သိရှိရသည်။

ဝေးလံခေါင်ဖျားဒေသ ကင်းလှည့် လုံခြုံရေးတာဝန်ထမ်းဆောင်သူ ရဲတပ်ဖွဲဝင်တို့အား တိုက်ခိုက်ခံရခြင်းအတွက် ပြင်းထန်စွာရှုတ်ချကြောင်း၊ အကြမ်းဖက်မှု့ကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။

လတ်တလောကာလ မက္ကဆီကိုတွင် ရာဇဝတ်မှု့နွယ်သော အကြမ်းဖက်မှု့များဖြစ်ပွားလျှက်ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လတွင် ဆန်ဂျိုစီမြို့တော်ဝန်နှင့် အစိုးရဝန်ထမ်းများမှာ လက်နက်ကိုင် သတ်ဖြတ်ခြင်းခံရသည်။

မက္ကဆီတပ်မတော်သည် ၂၀၀၆ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ တာဝန်ပေးခြင်းခံရသည်။ တပ်မတော်နှင့် မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်လုပ်ငန်း စီးပွားဖက်တို့အကြား အကြမ်းဖက်မှု့များ ဖြစ်ပေါ်သည်ဟု အပြစ်တင်ခြင်းခံရသည်။

မက္ကဆီကို၌ မူးယစ်ဆက်နွယ်အများစုဖြစ်သော လူသတ်မှု့ ၂၅၀,၀၀၀ ( နှစ်သိန်းငါးသောင်း ) ရှိနေသည်။ ပြည်တွင်းစစ်မီးတောက်လောင်လျှက်ရှိသော ဆီးရီးယား၊ အာဖဂန်တို့ လူသေဆုံးပမာဏထက်ပင် ကျော်လွန်ကာ အမြင့်ဆုံးအဆင့်ရောက်လျှက် ရှိနေသည်။

(( မြန်မာနိုင်ငံအား “ #ပျု-ကမ်းယံ-သက် “ လူမျိုးတို့ဖြင့် စတင်ထူထောင်ခဲ့သည်ဟု လက်ခံထားကြပါသည်။” ပျူ“ တို့မှာ ပျောက်ကွယ်သွားကြပြီး “ကမ်းယံ” တို့မှာ ကယား သို့မဟုတ် ကရင်ဖြစ်သွားသည်ဟု မှန်းဆကြသည်။ နိုင်ငံ့အနောက်ပိုင်း တောင်တန်းဒေသတွင် အတွေ့များသော “ သက် “ တို့သည် လူဦးရေ သောင်းဂဏန်း ( ဟုထင်ပါသည်။အမှတ်မှားလျှင် ပြင်ပေးပါရန် ) မျှသာ ကျန်ရှိတော့ပြီး မကြာမီမျိုးတုန်းပျောက်ကွယ်သွားနိုင်ကြောင်း ပါရဂူဘွဲ့ စာတမ်းပြုစုသူတစ်ဦးက ပြောကြားသည်ကို မကြာသေးမီက တွေ့လိုက်ရသည်။

တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ဆိုသော်လည်း အချို့မှာ ရွာကြီးကြီး တစ်ရွာမျှသာ လူဦးရေရှိပါသည်။ ၎င်းတို့ထက် လူဦးရေပိုများသည်ဆိုသော တိုင်းရင်းသားမျိုးနွယ်စုအချို့၏ ပြည်တွင်းပြည်ပ လူဦးရေစုစုပေါင်းမှာ ပြည်မတိုင်းဒေသကြီးတစ်ခုထက်ပင်နည်းသေးသည်။ သို့သော် တစ်ပြည်လုံးတွင် လက်နက်ကိုင်အဖွဲ့ ၁၀၀ ကျော်ရှိ နေသည်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခများ၌ မူးယစ်ဆေးပါဝင်လျှက်ရှိပုံကို ပြောကြားခဲ့သော ကမ္ဘာသိ ပုဂ္ဂိုလ်ကြီးများတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနမ်လည်း ပါဝင်သည်။ ရခိုင်စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြည်နယ်မြောက်ပိုင်း လှည့်လည်စုံစမ်းစစ်ဆေးပြီးနောက် အစီရင်ခံစာ၌ ထည့်သွင်း ဖော်ပြခြင်းဖြစ်သည်။

လွန်ခဲ့သည့်လ မက္ကဆီတွင် မူးယစ်ရာဇာ အယ်လ်ချာပို၏ သား ဖမ်းဆီးခံရသည်။ မူးယစ်စီးပွားဖက်တို့က နိုင်ငံ့အနောက်ပိုင်းမြို့တော်တွင် စက်သေနတ်များ ဒလကြမ်းပစ်ခတ်ရမ်းကားကြသည်။ နောက်ဆုံး မက္ကဆီကို အာဏာပိုင်တို့က အယ်လ်ချာပို၏ သားကို ပြန်လွှတ်ပေးကြရတော့သည်။

မူးယစ်ဆေးရောင်းဝယ်ဖောက်ကားခြင်းသည် အခြေချမိလျှင် ပြန်လည်နှုတ်သိမ်းရန် အလွန်ခဲယဉ်းသည်။ အကျင့်ပျက်ဝန်ထမ်းများအား လာဘ်ထိုးခြင်းဖြင့် တစ်နိုင်ငံအစိုးရ နှစ်ဖွဲ့မက ဖြစ်တတ်သည်။ ခေတ်မီလက်နက်တပ်ဆင်နိုင်သဖြင့် သာမန်ရဲလောက်ကို မဖြုံပဲ စစ်တပ်ကိုပင်လျှင် ပုခုံးချင်းယှဉ်နိုင်သည်။

ထို့ကြောင့် မူးယစ်ဆေးကို တိုက်ဖျက်ရာ၌ မိမိအင်အားကို ချိန်ဆရန်အလွန်ခက်ပါသည်။ မတစ်ထောင်သား တိုက်ဖျက်သူတို့ ကိုယ်တိုင် မစွမ်းရင်းရှိခြင်းကြောင့်၎င်း၊ အင်အားအလွန်အကျွံသုံးမိ၍ အသေအပျောက် များလွန်းသောကြောင့်၎င်း၊ မူးယစ်ဂိုဏ်းတို့ကလည်း ငွေကိုလမ်းခင်းနိုင်သောကြောင့်၎င်း၊ မူးယစ်ဆေးတိုက်ဖျက် သူနိုင်ငံ့ခေါင်းဆောင်တို့မှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထိရောက်ရလေတော့သည်။

အာရှတိုက်တွင် သက်ဆင် ( ထိုင်း ) သည် ဗွေဆော်ဦးဖြစ်ပြီး၊ ဒူတာတီး (ဖိလစ်ပိုင်) မှာ ဒုတိယဖြစ်ပါမည်။ မကြာသေးမီ တတိယမြောက်ထွက်ပေါ်လာဖွယ်ရှိသည့် နိုင်ငံခေါင်းဆောင်မှာ ရှိတ်ဟာစီနာ ( ဘင်္ဂလားဒက်ရှ် ) ဖြစ်လေသည်။

မူးယစ်ဆေးထုတ်လုပ်ခြင်းမှာ ဝေးလံခေါင်ဖျားဒေသတို့၌ ခြေကုတ်ယူလေ့ရှိသည်။ အကျိုးဆက်မှာ ဒေသတွင်း၌ မူးယစ်ဆေးကျွန်များ ဖြစ်ကုန်ကြခြင်းပင်။ မူးယစ်ဆေးနှင့် မျက်စိထက်တိမ်က ကြီးမိသောအခါ အထက်ပါအချက်များ ပေါင်းစပ်ပြီးသကာလ “ #မိမိကိုယ်မိမိဂျီနိုဆိုက် “ လေတော့သည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Nov. 9 2019, “5 Mexican police officers killed in ambush. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/north-america/2019/11/09/5-mexican-police-officers-killed-in-ambush

https://www.washingtonpost.com/opinions/2019/10/18/mexicos-release-el-chapos-son-is-shocking-capitulation/

https://www.youtube.com/watch?v=kWAPD6t03cs #မက္ကဆီကိုရဲ၅-ဦးသေဆုံး # #မက္ကဆီကိုမူးယစ်ဆေးစစ်ခင်းခြင်း #ပျူ-ကမ်းယံ-သက်

0

Leave a Reply

Your email address will not be published.