(မတ်-၂၂၊၂၀၂၁) ပဋိပက္ခတွင် ပါဝင်သူတိုင်း ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြောင်း ပြသကြရန် ထိုင်းမီဒီယာအဖွဲ့ ၆-ခု ပူးတွဲကြေညာချက်ထုတ်ပြန်။ ရဲတပ်ဖွဲ့က အကြမ်းဖက်ရာမရောက်ပဲ ကြိုတင်သတိပေးရန်၊ ဆန္ဒပြသူများက လက်နက်-အင်အားမသုံးပဲ ရန်စရာမရောက်စေရန်။ ကျင့်ဝတ်လမ်းညွှန်ချက်နှင့်အညီ မီဒီယာများ သတင်းယူရန် တောင်းဆို


စနေနေ့ညတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆမ်နမ်လောင်ဧရိယာတစ်ဝှိုက် အကြမ်းဖက်ကန့်ကွက်ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ ကန့်ကွက်ဆန္ဒပြသူများနှင့် သတင်းထောက်အချို့ ဒဏ်ရာရရှိခဲ့ရသည်။ ထိုဖြစ်စဉ်အပြီး လက်ရှိ နိုင်ငံရေးသဘောထားကွဲလွဲမှုတွင် ပါဝင်ပတ်သက်သူအားလုံးတို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြောင်း ပြသကြရန် ထိုင်းသတင်းမီဒီယာအဖွဲ့အစည်း ၆-ခု တို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်ဟု ဘန်ကောက်အခြေစိုက် Thai PBS World က ယမန်နေ့ ရေးသားသည်။

..   
အဆိုပါ သတင်းမီဒီယာ အဖွဲ့အစည်းများမှာ အမျိုးသားသတင်းမီဒီယာကောင်စီ၊ ထိုင်းဂျာနယ်လစ်များအသင်း၊ ထိုင်းရုပ်သံလွှင့်သတင်းစာဆရာများအစည်းအရုံး၊ အွန်လိုင်းသတင်းတင်ဆက်သူများအစည်းအရုံး၊ ထိုင်းအသံလွှင့်ကောင်စီနှင့် အမျိုးသားဂျာနယ်လစ်များယူနီယံတို့ဖြစ်ကြောင်း သိရှိရသည်။

..  
#သြဇာညောင်းရှေးရိုးစွဲဝါဒ_ဆန့်ကျင်ရေး#ရီးဒမ်အုပ်စု၏ စနေနေ့ည ကန့်ကွက်ဆန္ဒပြပွဲအား ရည်ညွှန်းလျှက် သတင်းထုတ်ပြန်ရာတွင် ထိုင်းရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့အကြား ရုန့်ရင်းဆန်ခတ်မှုများဆီသို့ ဦးတည်သော မျက်ရည်ဓါတ်ငွေ့၊ ရာဘာကျည်နှင့် ရေအမြှောက်ထိပင် အသုံးပြုသဖြင့် ဆန္ဒပြသူအများအပြား၊ သတင်းထောက်နှင့် သတင်းဓါတ်ပုံဆရာများ ဒဏ်ရာရရှိခဲ့ရကြောင်း၊ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်ရာရောက်သည့် ပုံစံအားလုံးတို့ကို လက်ခံသဘောတူခြင်း မရှိကြောင်း၊

..   
သို့သော် ပြည်သူလူထုတို့သည်လည်း လက်နက်နှင့် အင်အားသုံးခြင်း၊ ရန်စခြင်းများ မပါဝင်ပဲ ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြပိုင်ခွင့် ရှိသည်ဟု သတင်းမီဒီယာအုပ်စုက ယုံကြည်ပါကြောင်း၊

..  
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ကန့်ကွက်ဆန္ဒပြသူများအား လူစုခွဲလိုသည့်အခါ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း၊ အကြမ်းဖက်မှုကို ရှောင်ရှားရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်သည်ကို ဆန္ဒပြသူများနှင့် မီဒီယာတို့အား ရှင်းလင်းစွာ ကြိုတင်အသိပေးရန် လိုအပ်ကြောင်း၊

..  
မီဒီယာများ ကိုယ်တိုင်သည်လည်း ဘေးကျပ်နံကျပ်ကာလတွင် သတင်းရယူရာ၌ လုပ်ငန်းသုံးပစ္စည်း သို့မဟုတ် ပို့ဆောင်ရေးယာဉ်များ ပျက်စီးရခြင်း၊ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခြင်းများမှ ကာကွယ်ရန် (သတင်းမီဒီယာကျင့်ဝတ်) လမ်းညွှန်ချက်နှင့်အညီ တိကျစွာ လိုက်နာရမည်ဖြစ်ကြောင်း၊

..   
မီဒီယာအေဂျင်စီတို့အနေဖြင့် မိမိဝန်ထမ်းများအား ဘေးအန္တရာယ်လုံခြုံစေရမည်ဖြစ်ပြီး သင့်လျော်သော အကာအကွယ်ပေးပစ္စည်းကိရိယာများ ဝတ်ဆင်ပေးရန်၊ သတင်းမီဒီယာမှဖြစ်ကြောင်း လက်မောင်းတွင် အမှတ်အသား တပ်ဆင် ပြသရန်၊ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အန္တရာယ်ကို အကဲဖြတ်သင့်ကြောင်း တိုက်တွန်းသည်ဟု ထိုင်းသတင်းမီဒီယာအဖွဲ့အစည်း ၆-ခု တို့၏ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

..    
ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု လျှင်မြန်လာသဖြင့် တားဆီးကန့်သတ်ချက်အသစ်များ ပြဋ္ဌာန်းသည်ကို ဥရောပနိုင်ငံများ၌ လူထောင်သောင်းချီစုဝေးကာ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

..   
(( ကန့်ကွက်/ဆန္ဒဖော်ထုတ်ခြင်းဆိုသည်မှာ ဒီမိုကရေစီတွင် မရှိမဖြစ် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါ၏။ ကန့်ကွက်-ဆန္ဒပြခွင့်သာ မရှိခဲ့လျှင် လူ့အဖွဲ့အစည်းအတွင်း လူတစ်ဦး/တစ်ဖွဲ့၏ မတရားသဖြင့် နစ်နာနေရခြင်းများကို ကျန်လူ့အဖွဲ့အစည်းဝင်များလည်း မသိနိုင်၊ ကုစားပေးနိုင်ခြင်းလည်း ရှိတော့မည် မဟုတ်ပါ။

..  
သို့သော် လူစုလူဝေးဖြစ်ပေါ်သည့်အခါ လမ်းအသွားအလာ ပိတ်ဆို့ခြင်း၊ ရောင်းရေးဝယ်တာ ထိခိုက်ခြင်းမှစ၍ ကျန်းမာရေး လူမှုရေးပိုင်းတွင် ထိကို ထိခိုက်၍ အများပြည်သူနှောက်ယှက်ရာရောက်သည်။ ထိုမှ ဥပေဒနှင့် ဆန့်ကျင်သောအစုအဝေးဖြစ်လာသည်။ လူစုလူဝေးအတွင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ မီးဘေးနှင့် မမျှော်လင့်သော အန္တရာယ်များအား ဖိတ်ခေါ်သကဲ့သို့ ရှိနေတတ်သည်။ ထို့ကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့် ပြစ်မှုဆိုင်ရာဥပဒေတို့တွင် အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ လူစုခွဲခြင်းတို့ကို အခန်းလိုက်/ကဏ္ဍလိုက် အသေးစိတ်ပြဋ္ဌာန်းထားသည်။

..  
ဤတွင် သာမန်ဥပဒေနှင့် မညီသော အစုအဝေးကို လူစုခွဲရာ၌ ဂျင်ကလိ-ကုန်းသီးဖြင့် ခုခံသည်ဆိုတိုင်း သေနတ်နှင့်ပစ်ရပါသည်ဆိုခြင်းမှာ ကြိုတင်သတိပေးခြင်းနှင့် လက်နက်၏ ထိရောက်မှု ပမာဏ မတူညီပါသဖြင့် အများနားလည်ရန် ခဲယဉ်းသည်။

..  
သို့သော်လည်း ရဲတပ်ဖွဲ့ဝင်အင်အားအလုံအလောက်နှင့် ခေတ်မီလူစုခွဲရေးပစ္စည်းများ အလျှံပယ်သုံးနိုင်သည့် အနောက်နိုင်ငံများ၌ပင် လူစုလူဝေးဖြိုခွင်းရာတွင် ထိခိုက်အနာတရဖြစ်ခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းမှ လူသေဆုံးရသည်များလည်း မကြာခဏ တွေ့ရှိရပါသည်။

..   
ထိုင်းဂျာနယ်လစ်ဆိုသည်မှာလည်း အခြားကမ္ဘာအရပ်ရပ်နည်းတူ မီဒီယာလုပ်ငန်းနှင့် အသက်မွေးကြသည့် သတင်းသမားများပင်ဖြစ်သည်။ အစိုးရသည် အာဏာရှိ၍ ပြည်သူလူထုတို့၌ အင်အားရှိသည်။ အရေအတွက်ပမာဏအရဆိုလျှင် ပြည်သူလူထုဘက်က သာလွန်သည်။

..  
သို့သော် လူများတိုင်း မှန်သည်ဟု #ဆိတ်ခလောက်လုပ်ကာ မသတ်မှတ်၊ ပြည်သူလူထုမှားလျှင်လည်း မှားကြောင်း ပြောရဲသည့် ထိုင်းဂျာနယ်လစ်တို့၏ မီဒီယာကောင်း ပီသပုံမှာ လေးစားစရာဖြစ်သည်။

..
ဒါပေဇိ.. ကြည့်တာ #ဒလန်တွေ နဲ့ တူတယ်။

..   
ဥပဒေနှင့်အညီ အင်အားအနည်းဆုံးသုံးခြင်းနှှင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ လက်ကိုင်ထားနိုင်ကြပါစေ။   ။သတင်းဘာသာပြန်သူ)))

(((Thai PBS World., March 21, 2021.” Six Thai media organizations urge everyone in political conflict to show restraint.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်သာသာပြန်ဆို သည်။ )))

https://www.thaipbsworld.com/six-thai-media-organizations-urge-everyone-in-political-conflict-to-show-restraint/ 

Leave a Reply

Your email address will not be published.