(မတ်-၂၈၊၂၀၂၁) ဘင်္ဂလားဒေ့ရှ် ဟိုင်ဖေ့ဇက်အစ္စလာမ်မစ်တို့ ဆန္ဒပြမှု ဆက်လက်ဖြစ်ပေါ်။ ဟတ်တယ်လ် ခေါ် CDM ကို ဖြိုခွင်းလာလျှင် နိုင်ငံ့စီးပွားရေးတစ်ခုလုံး တုန့်ဆိုင်းသွားစေရမည်ဟု ခြိမ်းခြောက်။ ဒါကာသို့ဦးတည်သော မီးရထားလမ်းများအား ပိတ်ဆို့။ ကားလမ်းမကြီးနှင့် အခြားလမ်းများတွင်လည်း အတားအဆီးများ ပြုလုပ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံသိူ့ အိန္ဒိယဝန်ကြီးချုပ် အလည်အပတ်ရောက်ရှိလာစဉ် #ဟိုင်ဖေ့ဇက်အီးအစ္စလာမ်မီ ခေါ် ဘာသာရေးဘောထားတင်းမာသူတို့က ကန့်ကွက်သည့်အနေဖြင့် ရမ်းကား ဖျက်ဆီးမှုများ ပြုလုပ်လျှက်ရှိသည်။ တနင်္ဂနွေနေ့ည #ဟတ်တယ်လ် ခေါ် ဈေးပိတ်-ရုံးပိတ်-အလုပ်ရုံများပိတ်သည့် #CDM #လူထုအခြေ ပြု_ ဖီဆန်အံတုမှု၌ ရဲတပ်ဖွဲ့၏ အရေးယူမှုများအား ကြံကြံခံကာ တနင်္လာနေ့တိုင်အောင် မိုးလင်းမိုးချုပ် ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီးအထိ ဆင်နွှဲကြရန် ၎င်းတို့အကြီးတန်းခေါင်းဆောင်နှစ်ဦးက ထောက်ခံသူတို့ကို နှိုးဆော်လိုက်သည် bdnews24 ဒစ်ဂျစ်တယ်မီ ဒီယာက ယနေ့ရေးသားသည်။…  
ဟိုင်ဖေ့ဇက်အဖွဲ့၏ ခေါင်းဆောင်ကြီးများဖြစ်ကြသော #မော်လနာ_ဆေကာဝပ် နှင့် #မော်လနာ_မိုနျူရယ်လ် တို့က ယနေ့မွန်းလွဲပိုင်း ဒါကာမြို့ #ဘိုင်တူရယ်လ်_မူကာရမ်_အမျိုးသားဗလီကြီးတွင် လူထုစုဝေးရာ၌ ယခုကဲ့ သို့ သတင်းထုတ်ပြန်ကြောင်း Business Standard သတင်းစာက ဖော်ပြသည်။…   
သို့သော် ဟိုင်ဖေ့ဇက်၏ တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူကမူ ဆန္ဒပြမှု ရက်တိုးချဲ့ရန်အတွက် အုပ်စုထိပ်တန်းခေါင်းဆောင်များအကြားဆွေးနွေးမှုအပြီးတွင် တနင်္ဂနွေနေ့ ညနေ နောက်ဆုံးထား၍ ဆုံးဖြတ်ချက်ကို ကြေညာမည်ဖြစ်ကြောင်း ပြောဆိုသည်။…   
မိမိတို့သည် ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး အကယ်၍ ရဲတပ်ဖွဲ့အနေဖြင့် ဟိုင်ဖေ့ဇက်၏ လူများအား တိုက်ခိုက်လာခဲ့လျှင် တစ်နိုင်ငံလုံး၏ အသက်သွေးကြောလုပ်ငန်းများ တုန့်ဆိုင်းရပ်တန့်သွားစေလိမ့်မည်ဖြစ်ကြောင်း #ဘိုင်တူရယ်လ်_မူကာရမ်_ကြေညာစာတမ်း၌ ဘင်္ဂလားဒေ့ရှ်အစိုးရအား ခြိမ်းခြောက်ထားသည်။…  
အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အလည်အပတ်ခရီးစဉ်အတွင်း ကန့်ကွက်ဆန္ဒပြကြရာတွင် သောကြာနေ့ #စစ်တကောင်း နှင့်_ဘရာမင်ဘာရီးယားတို့၌ ၎င်း၏တက်ကြွလှုပ်ရှားသူများ သေဆုံးခဲ့ရပြီးနောက် #ဟိုင်ဖေ့ဇက်အီး အစ္စလာမ်မီ က တနင်္ဂနွေနေ့ #ဟတ်တယ်လ် ခေါ် #CDM ကို ကြေညာခဲ့သည်။…   
တနင်္ဂနွေနေ့တစ်နေ့လုံး နိုင်ငံအနှံ့အပြား၌ ဟိုင်ဖေဇက် ခေါင်းဆောင်များနှင့်တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်သပိတ်မှောက်ရာတွင် ဒါကာနှင့် ရာ့ဂျ်ရှာဟီအပါအဝင် အချို့နေရာများ၌ ရမ်းကားဖျက်ဆီးခြင်း၊ မော်တော်ယာဉ်များအား မီးတင်ရှိ့ခြင်းစသည် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး ဘရာမင်ဘာရီးယားတွင် အစိုးရရုံးများကို တိုက်ခိုက်ခဲ့ကြသည်။…  
ထို့ပြင် စစ်တကောင်းသို့ ဦးတည်သော မီးရထားလမ်းများအပေါ်တွင် ကျောက်တုံးများ ချထားခဲ့ပြီး ဒါကာ-စစ်တကောင်း၊ ဒါကာ-ဆဲလ်ဟက် မီးရထားလမ်းကြောင်းအား အတင်းအဓမ္မ ရပ်တန့်စေခဲ့သည်။

ဟိုင်ဖေဇက်တို့သည် ဒါကာမှ စစ်တကောင်းနှင့် ဆဲလ်ဟက်အဝေးပြေးကားလမ်းမကြီးနှင့် အခြားကားလမ်းများကိုလည်း နေ့ပိုင်း CDM အဖြစ် တနင်္ဂနွေနေ့ တစ်မနက်လုံး ပိတ်ဆို့ထားခဲ့ကြသည်။…   
စနေနေ့နံနက် စောစောပိုင်း ဘရာမင်ဘာရီယာတွင် ကန့်ကွက်သပိတ်မှောက်ပွဲများ၌ ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါ ရဲတပ်ဖွဲ့ဝင်များနှင့် ကန့်ကွက်ဆန္ဒပြသူများအကြား အဓိကရန်းဖြစ်ပွားရာ ၅-ဦးသေဆုံး၍ လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ စနေ့နေ့ ရုန့်ရင်းဆန်ခတ်မှုများမှာ တနင်္ဂနွေနေ့အထိ သေဆုံးသူ ၆-ဦးဖြစ်လာကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( Hartal ဟတ်တဲလ် သည် တောင်အာရှသုံး နိုင်ငံရေး ဝေါဟာရဖြစ်ပြီး အများသိရှိပြီးဖြစ်သော CMD ကို ၎င်းတို့ ဒေသိယဘာသာဖြင့် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။…  
ကျွန်တော်များဆီတွင် အညာသားနှင့် မြစ်ဝကျွန်းပေါ်သားတို့အကြား လူမျိုးချင်းတူသော်လည်း ဝေါဟာရ-လေသံ မတူသကဲ့သို့ ဘင်္ဂလားဒေ့ရှ်တွင်လည်း စစ်တကောင်းသားနှင့် အခြားဘင်္ဂါလီများတွင် အနည်းငယ်ခြားနားသည်။…  
စစ်တကောင်း ဘင်္ဂါလီလူကြီးပိုင်းတို့မှာ ဘာသာရေးအယူအဆ ပြင်းထန်သူများဖြစ်ကြသည်။ ဂျမတ်ဟု အတိုကောက်ခေါ်သော အဆိုပါအဖွဲ့ကို ၁၉၄၁-ခုနှစ်တည်းက ပါကစ္စတန်၌ ဖွဲ့စည်းခဲ့ပြီး၊ တစ်ချိန်က အရှေ့ ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) တွင်လည်း ပါတီခွဲရှိနေသည်။ စစ်တကောင်းဘင်္ဂါလီအများစုမှာ #ဂျမတ်အီး အစ္စလာမ်မီပါတီ၌ ပါဝင်ခဲ့ကြသည်။…  
#ဂျမတ်အီးအစ္စလာမ်မီပါတီသည် ပါကစ္စတန်မှ ခွဲထွက်၍ သီးခြားနိုင်ငံ ထူထောင်လိုသည့် ဘင်္ဂလားမျိုးချစ်များ၏ လွတ်လပ်ရေးစစ်ပွဲကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ဖူးသည်။ ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအား အစ္စလာမ်ရှရီယာဥပဒေ နှင့်အညီဖြစ်စေလိုသူ ဂျမတ်အီးအစ္စလာမ်မီပါတီသည် ၁၉၇၁-ခုနှစ် တော်လှန်ရေးကာလ၌ ပါကစ္စတန်စစ်သားများ၏ ဘင်္ဂါလီတို့အပေါ် စစ်ရာဇဝတ်မှုနှင့် ဂျီနိုဆိုက်ရာတွင် အားပေးကူညီခဲ့သူများ ပါဝင်ခဲ့ကြောင်း စွပ်စွဲခံရသည်။…  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ဖွဲ့စည်းသည့် နိုင်ငံတကာရာဇဝတ်တရားရုံးက ၂၀၁၃-ခုနှစ်တွင် #အဗ္ဗဒူကွာဒါးမူလာ အပါအဝင် ဂျမတ်အီးခေါင်းဆောင်အချို့အား ကြိုးပေးကွတ်မျက်ခဲ့သည်။ ဂျမတ်အီးဘင်္ဂလားဒေ့ရှ်ပါတီနှင့်ဆက်နွယ်ကာ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အကြား မကြေလည်မှုစတင်ခဲ့သည်။…  
ထိုနောက် #ဂျမတ်အူလ်မူဂျာဟေဒင် ခေါ် ဘင်္ဂလားဒေ့ရှ် အစွန်းရောက်စစ်သွေးကြွအဖွဲ့အား ဒါကာမြို့ပါကစ္စတန်သံရုံးက အထောက်အပံ့ပြုသည်ဟု နှစ်နိုင်ငံအကြား အပြန်အလှန်စွပ်စွဲကြပြီး ၂၀၁၅-ခုနှစ်တွင် ပါကစ္စတန်နှင့် သံတမန်အဆက်အသွယ် ပြတ်တောက်သွားသည်။ ။သတင်းဘာသာပြန်သူ ))
…#ဟိုင်ဖေ့ဇက်အစ္စလာမ်မီတို့၏ဘင်္ဂလားဒေ့ရှ်_CDM…
https://www.dhakatribune.com/bangladesh/2021/03/28/hefazat-extends-hartal-till-monday
https://www.dhakatribune.com/bangladesh/2021/03/28/hefazat-observing-hartal
https://www.telegraph.co.uk/news/worldnews/asia/bangladesh/10514784/Bangladesh-hangs-Butcher-of-Mirpur-for-war-crimes.html 

Leave a Reply

Your email address will not be published.