မနက်ဖန်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအား ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းသို့ ထည့်သွင်းရေး ပြင်ဆင်လျှက်ရှိ

မနက်ဖန် ကြာသပတေးနေ့တွင် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအား ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းသို့ ထည့်သွင်းရေး ပြင်ဆင်လျှက်ရှိကြောင်း Reuters က ယနေ့ရေးသားပါသည်။

ဥရောပ စက်မှုထိပ်သီး ၇-နိုင်ငံပါဝင်သော FATF အဖွဲ့က ပနားမား၊ ဘဟားမား၊ မော်ရေးရှားအပါဝင် ၉-နိုင်ငံအား အမည်ပျက်စာရင်းထည့်သွင်းမည်ဖြစ်၍ မြန်မာနိုင်ငံလည်း ပါဝင်လောက်ကြောင်း Reuters က ခန့်မှန်းပါသည်။

မကြာသေးမီလများ၌ ဥရောပသမဂ္ဂက ပါကစ္စတန်ကို အစွန်းရောက်-အကြမ်းဖက်အဖွဲ့အစည်းများနှင့် ငွေကြေးဆိုင်ရာဆက်နွယ်မှုကြောင့် အမည်ပျက်စာရင်း ထည့်သွင်းခဲ့ဖူးသည်။ ယခုကဲ့သို့ လုပ်ဆောင်မည့် စောင့်ကြည့်စာရင်းတွင် ပါဝင်နေသဖြင့် အချိန်မီပြင်ဆင်ရန် ဥရောပသမဂ္ဂက အချိန် ၁-နှစ်ခန့်ပေးလေ့ရှိပါသည်။ မြန်မာက အချိန်မီမပြင်ဆင်ခဲ့လျှင် နာမည်ပျက် စာရင်းထဲထည့်သွင်းမည့်အကြောင်း ကျွန်တော် သိသည်ပင် ၂- လထက်မနည်းခဲ့ပါ၊ ပြင်ဖို့မတတ်နိုင်- မပြင်ခဲ့၍ ယခုကဲ့သို့ ဖြစ်ရဟန်တူပါသည်။

ကျွန်တော်များ နိုင်ငံတော်အနေဖြင့် ကိုဗစ်အလွန်ကာလ စီးပွားရေး ပြန်လည်နလံထူလာစေရန် အတော်ခဲခဲယဉ်းယဉ်း ကြိုးစားရမည်ဖြစ်သည်။ အီးယူက နာမည်ပျက်စာရင်းသွင်းခံရလျှင် စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့မှုများ ကြုံတွေ့ရနိုင်သဖြင့် တရုတ်-ရုရှားကဲ့သို့ နိုင်ငံကြီးများပင် မခံနိုင်ကြပါ။

အထူးသဖြင့် ငွေကြေးနှင့် ပတ်သက်သော ချိတ်ဆက်မှုအများစုမှာ ဥရောပနှင့်အမေရိကန်တွင် ရှိနေသည်။ အလွန်ကြီးမားသော စားသုံးသူ ဈေးကွက်ကြီးလည်း ရှိနေသည်။ ယခုကဲ့သို့ နာမည်ပျက်စာရင်း သွင်းခံရ၍ ဒါဏ်ခတ်ပိတ်ဆို့ခံရရင် အတော်ပင် အခက်တွေ့လိမ့်မည်ဖြစ်သည်။

ကျွန်တော် တစ်ဦးတည်းအမြင်အရမူ ယခင် အမေရိကန်နှင့် အနောက်အုပ်စုတို့က မြန်မာအား စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့မှုမှန်သမျှသည် ခရိုနီတို့အား အခွင့်အရေးပိုမိုရရှိစေပြီး စာရိတ္တ မခိုင်မာသော လုပ်ပိုင်ခွင့်ရှိသူများ ကြီးပွားချမ်းသာသွားကြသည်။


သာမန်ဝင်ငွေရှိသူများနှင့် လက်လုပ်လက်စားအများစုမှာ ပို၍ ဆင်းရဲတွင်း နက်သွားရသည်ချည့်ဖြစ်ပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.reuters.com/article/eu-moneylaundering-blackslist/eu-to-add-panama-bahamas-mauritius-to-money-laundering-blacklist-idUSL8N2CN6VF

https://www.bangkokpost.com/world/1863304/myanmar-added-to-money-laundering-watchlist

#အီးယူကမြန်မာအားငွေကြေးခဝါချမှုဆိုင်ရာနာမည်ပျက်စာရင်းထည့်သွင်းမည်။

0

Leave a Reply

Your email address will not be published.