မန်မာ့ရေတပ်မတော်က ငါးဖမ်းသမား ၂၀ ကို ပင်လယ်ပြင်မှ ခေါ်ဆောင်သွားဟု ဘင်္ဂလားဒေ့ရှ် ပြော။ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်၌ လှေ ၄-စီးဖြင့် ငါးဖမ်းနေစဉ် ခေါ်ဆောင်ခံရခြင်းဖြစ်ဟု ဆို

 
ကော့ခ်ဘဇားနယ်မြေ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်၌ ၎င်းတို့ နိုင်ငံသား ငါးဖမ်းသမား ၂၀ – ယောက်မှာ လှေ ၄-စီးဖြင့် ငါးဖမ်းနေစဉ် မြန်မာ့ရေတပ်မတော်က ခေါ်ဆောင်သွားခြင်းခံရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။..  
ဗုဒ္ဓဟူးနေ့ နံနက် ၁၁ -နာရီခန့်တွင် ဘင်္ဂလားပင်လယ်အော် ဆီတာပါဟာရေပြင်၌ ထိုသို့ဖြစ်ပွားခြင်းဖြစ်ပြီး၊ ခေါ်ဆောင်သွားခြင်းခံရသူအားလုံးမှာ ရှာပရီယာဒစ်ဒေသနေထိုင်သူများဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့အမည်နှင့် လိပ်စာအတိအကျကိုမူ လောလောဆယ် မသိရှိရသေးကြောင်း ဆာဘရန်းယူနီယံ အမှတ် ၈ နယ်မြေ အထက်လွှတ်တော်အမတ် မိုဟာမက်နျူးအာမင်က ပြောဆိုသည်ဟု ဒါကာအခြေစိုက် သတင်းမီဒီယာက ဖော်ပြသည်။ 
.. 
#မြန်မာ့ရေတပ်မတော်က_ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား_၂၀ ကို_ပင်လယ်ပြင်မှ ခေါ်ဆောင်သွားဟုဆို 
.. 
((( Dhaka Tribune., January 21 2021, “20 Bangladeshi fishermen picked up by Myanmar Navy from Bay of Bengal. By: Abdul Aziz, Cox’s Bazar “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 
https://www.dhakatribune.com/bangladesh/nation/2021/01/21/20-bangladeshi-fishermen-picked-up-by-myanmar-navy-from-bay-of-bengal 

0

Leave a Reply

Your email address will not be published.