မသမာမှု၊ လိမ်လည်မှုနှင့် တစ်ဖက်သပ် ဖျင်ပိတ် ငြင်းဆိုမှုများကို တရားမျှတသယောင် မစားရ ဝခမန်း လော်ဘီလုပ်ရေးသားနေသည်ကို တွေ့မြင်နေရပါသည်။



.. 
အဆိုပါ လူညစ်ပတ်များရေးသည်ကို ဖတ်ရင်း စိတ်ပျက် စိတ်မောကာ ကျွန်တော်၏ နေ့စဉ် လက်လှမ်းမီသမျှ နိုင်ငံတကာသတင်းဘာသာပြန်ဆို တင်ပြနေခြင်းကိုပင် စိတ်ဝင်စားနိုင်ခြင်း မရှိတော့ပါ။ 
.. 
Rules of Laws တရားဥပဒေစိုးမိုးခြင်းဟုဆိုရာ၌ အဆိုပါတရားဥပဒေတွင် Legitimate ဆီလျော် သဘာဝကျ ခြင်းလည်း ပါဝင်ပါသည်။ ၁၉-ရာစုစောစော ၁၈-ရာစုနှောင်းပိုင်း အင်္ဂလန်နိုင်ငံတွင် ခါးပိုက်နှိုက်ကို လူပုံအလယ်၌ ကြိုးပေးသတ်သည့် ဥပဒေရှိခဲ့ဖူးသည်။ 
.. 
ရယ်စရာ ဖြစ်ရသည်မှာ ကြိုးပေးသတ်ပွဲကို စုပြုံတိုးဝှေ့ကြည့်ကြရင်း ခါးပိုက်နှိုက်ခံသည်ဟူ၏။ 
.. 
ယနေ့ခေတ်တွင် ခါးပိုက်နှိုက်များ ရှိနေဆဲဖြစ်သော်လည်း ခါးပိုက်နှိုက်သဖြင့် ကြိုးစင်တင်သည်ကို လက်ခံနိုင်ခြင်း မရှိတော့ပါ။ ၎င်းမှာ ပြဋ္ဌာန်းထားသည်ဆိုသော ဥပဒေ၏ Legitimate ဆီလျော် သဘာဝကျမှု သဘောဖြစ်၏။ 
.. 
လူတစ်ယောက်၏ ဂုဏ်သိက္ခာကြီးမြတ်ခြင်း လေးစားထိုက်ဖွယ်ရှိခြင်းဆိုသည်မှာ ချမ်းသာကြွယ်ဝခြင်း၊ ပညာတတ်ခြင်း၊ ရုပ်ရည်ချောမော ဥပဓိကောင်းမွန်ခြင်းတို့ မဟုတ်ပါ။ 
.. 
#အမှန်တရားကိုမြတ်နိုးခြင်း #မှန်ကန်သည့်ဘက်မှ_ရပ်တည်ခြင်း တို့သာလျှင် ရေရှည်တည်တန့်သည်။ 
… 
ထိုသို့မဟုတ်လျှင် #ကျွန်တော်_ကျွန်မမှာ #ဒီလိုချောက်ကျင့်မကောင်းသူဖြစ်ကြောင်း #လူသိရှင်ကြားကြေညာ သည်နှင့် တူနေပါသည်။ 
.. 
သင်သည် သင့်တိုင်းပြည်တွင် #အကောင်_ဗလောင် ဖြစ်ကောင်း ဖြစ်ပါမည်။ သို့သော် နိုင်ငံပြင်ပ ရောက်သည်နှင့် မြန်မာနိုင်ငံသားတစ်ဦးသာ ဖြစ်သည်။ 
.. 
“ သူ့အလှည်တုန်းက လုပ်လို့ အခု ငါ့အလှည့် “ ဆိုသည်မှာ အာဃာတတရားသာဖြစ်ပြီး ထိုအယူအဆ လွှမ်းမိုးသွားလျှင် သားစဉ်မြေးဆက် နစ်မွန်းယုံသာ ရှိပါမည်။ 
.. 
သဘောထားကွဲလွဲခြင်းကို လက်ခံပါသည်။ ပိုက်ဆံရ၍ဖြစ်စေ လူတိုင်း အလွယ်သိနိုင်ပါလျှက် တမင် ကိုယ်တိုင်စိတ်ပါ ၍ဖြစ်စေ ညစ်ပတ် အောက်တန်းကျခြင်းကိုမူ သဘောမတူနိုင်ပါ။ သတင်းအတု ဖြန့်ဝေလျှင် မည်သည့်သတင်း-မည်သူ့ကိုမဆို သည်းမခံပါ။ 
.. 
လူညစ်ပတ် ၄-ယောက်ခန့်ကို ဘလော့ပစ်မှ ကျွန်တော် မျက်စိချမ်းသာ စိတ်အေးနိုင်လိမ့်မည် ထင်ပါ၏။ 
.. 
အစဉ်လေးစားစွာဖြင့် 
.. 
#HtayOung, #OungMarine 
.. 
https://academic.oup.com/aler/article-abstract/4/2/295/251447?redirectedFrom=PDF 
.. 
http://rictornorton.co.uk/gu11.htm  

0

Leave a Reply

Your email address will not be published.