ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အီဂျစ်အုပ်စုက Muslim Brotherhood မွတ်စလင်ဘရားသားဟုဒ်တွေကို အကြမ်းဖက် အစွန်းရောက်များဟု ရှု့မြင်ကြသည်။ ၁၉၂၈ – ခုနှစ် အီဂျစ်နိုင်ငံတွင် စတင်မွေးဖွားသည့် ဆွန်နီအ စ္စလာမ်တို့၏ “ မွတ်စလင်ဘရားသားဟုဒ် “ သည် ၎င်းတို့ထင်မှတ်စရာကောင်းလောက်သည့် သမိုင်းစဉ်လာ ရှိနေသောကြောင့်ဖြစ်သည်။ အရှေ့အလယ်ပိုင်း နိုင်ငံများ၏ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ အစိုးရပြုတ်ကျရခြင်း အများစုမှာ ဘရားသားဟုဒ်များလက်ချက်ဖြစ်နေတတ်သည်။
ထင်ရှားသော ဘာသာရေးအစွန်းရောက်အကြမ်းဖက် အယ်လ်ကိုင်ဒါ၏ ထိပ်တန်းခေါင်းဆောင်များမှာ ဘရား သားဟုဒ်မှ ဖြစ်သည်။ နောင်တွင် အမှတ် ၀၅၅ အယ်လ်ကိုင်ဒါတပ်မဖြစ်လာသည့် Azzam Army “ အာဇမ် တပ်” မှာ ဂျော်ဒန်ဘရားသားဟုဒ် ဂျီဟဒ်ကဝိ အဗ္ဗဒူလာယူဆွတ်အာဇမ် တည်ထောင်ခြင်းဖြစ်သည်။ ဆက်ခံသူလည်းဖြစ် အယ်လ်ကိုင်ဒါကို မွေးထုတ်သူလည်းဖြစ်သော အိုစမာဘင်လာဒင်သည် ပါကစ္စတန်ရောက် ဂျီဟဒ်ကဝိ ယူဆွတ်အာဇမ်ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခြင်းခံရသည်။
ထိုအဖွဲ့အစည်းသည် နိုင်ငံအတော်များများတွင် တရားဝင်အဖွဲ့အစည်းဖြစ်သည်။ သို့သော် ယင်းတို့၏ ရှေးစွဲနှင့် တင်းကြပ်သော အမြင်များကြောင့် စတင်ပေါ်ထွန်းရာ အီဂျစ်၌ပင် မြေပေါ်ဖြစ်လိုက် မြေအောက်ရောက် လိုက် ရှိခဲ့သည်။ ဟေ့ာစနီမူဘာရက် ပြုတ်ကျစေပြီး လူပေါင်း ၈၀၀ ကျော် သေဆုံးရသည့် အာရပ်နွေဦး “ အီဂျစ်တော် လှန်ရေး “ အပြီး ၂၀၁၁-၁၂ အီဂျစ်ပါလီမန်ရွေးကောက်ပွဲတွင် နေရာထက်ဝက်ကျော် အနိုင်ရခြင်းဖြင့် ဘရား သားဟုဒ်မှ မိုဟာမက်မော်စီ သမ္မတဖြစ်လာသည်။ တရားစီရင်ရေး-အုပ်ချုပ်ရေးတို့တွင် တင်းကြပ်သည့် ပြောင်း လဲမှု့များစွာပြုလုပ်ခြင်းကြောင့် ဇွန်လ-၂၀၁၃ တွင် အီဂျစ်ကန့်ကွက်ဆန္ဒပြပွဲများမှ အကြမ်းဖက်အဓိကရုန်းများ ဖြစ်ပွားပြီး စစ်ဖက်မှ အာဏာသိမ်းခြင်းခံရသည်။ မော်စီလည်း အီဂျစ်တော်လှန်ရေးကာလ နိုင်ငံတော်သစ္စာ ဖောက်ဖျက်မှု့ဖြင့် ထိန်းသိမ်းခံရပြီး ရုံးတင်စစ်ဆေးနေစဉ် တရားခွင်၌ ရုတ်တရက်သေဆုံးသည်။ ဆော်ဒီအုပ် စုနိုင်ငံများသို့ ထွက်ပြေးကြသော အီဂျစ်မှဘရားသားဟုဒ်များစွာတို့မှာ ဖမ်းဆီးခံရပြီး အီဂျစ်သို့ ပြန်လည်ပို့ ဆောင်ခြင်းခံရသည်။
မကြာသေးမီက ဆော်ဒီအုပ်စုက အိမ်နီးချင်း ကာတာနိုင်ငံအပေါ် အကြမ်းဖက်အုပ်စုများကို ထောက်ပံ့နေ သည်ဟု စွပ်စွဲကာ သံတမန်အဆက်အသွယ်ဖြတ်၍ စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့ထားသည်။
မွတ်စလင်ကမ္ဘာ၏ ဖခင်ကြီးအဖြစ်ခံယူလို၍ အားထုတ်ခဲ့သူများမှာ ဂါမယ်နာဆာ ( အီဂျစ် ) နှင့် မွမ်မာကဒါဖီ ( လစ်ဗျား ) တို့ဖြစ်သည်။ နောင်တွင် ဆော်ဒီနှင့် အီရန်တို့က နေရာလုလျှက်ရှိပြီး မျက်မှောက်ကာလများတွင် တေရစ်အာဒိုဂန် ( တူရကီ )၊ ဘုရင်ဖိုင်ဆယ်နှင့် မိုဟာမက်ဘင်ဆယ်လ်မန် MBS ( ဆော်ဒီ ) တို့ဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။ ယခုတဖန် မိုဟာမက်မဟာသီယာ ( မလေးရှား ) ကိုမူ နောက်တိုးအဖြစ် သတ်မှတ် ရန်ရှိသည်။
ကွာလာလန်ပူတွင် ကျင်းပသော မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် တူရကီနှင့် မလေး ရှားသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု့အပါဝင် သဘောတူညီချက် ၁၅-ခုကို လက်မှတ်ရေးထိုးကြသည်ဟု တူရကီသတင်းစာ Anadolu Agency က ယနေ့ဖော်ပြသည်။
မွတ်စလင်ခေါင်းဆောင်တွေ အစည်းအဝေး နိုင်ငံအများအပြား မတက် -RFA ( Dec-19, 2019 )
~~~~~~~~~~
■ မလေးရှားနိုင်ငံမှာ စတင်ကျင်းပနေပြီဖြစ်တဲ့ မွတ်စလင်နိုင်ငံများ အစည်းအဝေးကို အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီအာရေးဗီးယား၊ အီဂျစ်နဲ့ ယူအေအီး အာရပ်စော်ဘွားများနိုင်ငံ စတဲ့ အင်အားကြီးနိုင်ငံ ခြောက်နိုင်ငံကျော်က တက်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။
မနေ့က စတင်ပြီး စနေနေ့ အထိ လေးရက် ကြာကျင်းပမယ့် အဲဒီအစည်းအဝေးမှာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေနဲ့ တရုတ်ပြည် ယင်ကျန်းပြည်နယ်က ဝီးဂါး မွတ်စလင်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ကက်ချ်မီးယားဒေသ တင်းမာမှု အပါအဝင် မွတ်စလင်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။
မလေးရှား ဝန်ကြီးချုပ် Mahathir Mohammad မဟာသီယာ မိုဟာမက်နဲ့ တူရကီ သမ္မတ Tayyip Erdogan တာရစ် အယ်ဒွမ်တို့ တက်ရောက် မိန့်ခွန်းပြောကြားမယ့် ဒီအစည်းအဝေးမှာ ကမ္ဘာတဝန်း မွတ်စလင်တွေအပေါ် မုန်းတီးကြောက်ရွံ့မှုတွေ တိုးပွားလာနေတာကို တုံ့ပြန်ဆောင်ရွက်ရေးအတွက် ထည့်သွင်းဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ မူလက ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan အီမရန် ခန် လည်း ပါဝင်ပြောကြားဖို့ အစီအစဉ်ရှိပေမယ့် နောက်ဆုံးအချိန်ကျမှ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အီရန်နဲ့ ကာတာနိုင်ငံခေါင်းဆောင်တွေတော့ တက်ရောက်မယ်လို့ သတင်းရပါတယ်။
ဆော်ဒီအာရေးဗီးယား ပြောခွင့်ရသူ တစ်ဦးက ဒီအစည်းအဝေးဟာ Muslim Brotherhood မွတ်စလင် ညီနောင်များအဖွဲ့ကို စွမ်းဆောင်ရည်မြှင့်တင်ဖို့ဖြစ်တယ်လို့ ဝေဖန်ပြောကြားပါတယ်။
ဒီအဖွဲ့ကို ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနဲ့ အီဂျစ်နိုင်ငံတွေက အကြမ်းဖက်ကွန်ယက်အဖြစ် သတ်မှတ်ထားပါတယ်။ မလေးရှား ဝန်ကြီးချုပ် ရုံးကတော့ ဒါဟာ လူတွေ ဝေဖန်ပြောကြားနေကြသလို အုပ်စုသစ်ဖွဲ့ဖို့ မဟုတ်ပါဘူးလို့ တုံ့ပြန်ကြေညာခဲ့ပါတယ်။
(( RFA, Dec.19,2019, “မွတ်စလင်ခေါင်းဆောင်တွေ အစည်းအဝေး နိုင်ငံအများအပြား မတက်.. “ အား #HtayOung, #OungMarine ဆီလျော်စွာ ကိုးကားသည်း ဖြည့်စွက်ချက်များမှာ ပေးထားပါ Links များ အတိုင်းဖြစ်သည်။ )))
https://www.aa.com.tr/en/asia-pacific/turkey-malaysia-sign-15-pacts-on-science-defense/1677363
https://www.bbc.com/news/world-middle-east-14075493
https://www.theguardian.com/commentisfree/2012/jun/24/mohamed-morsi-victory-landmark
http://herosfortheyouth.blogspot.com/2010/05/sheikh-abdullah-azzam.html
https://www.pri.org/stories/2011-05-13/after-bin-laden-al-qaeda-calls-diy-terrorism #အမှတ်-၀၅၅အယ်လ်ကိုင်ဒါတပ်မဟာ #အဗ္ဗဒူလာယူဆွတ်အာဇမ် #အီဂျစ်တော်လှန်ရေး #အိုစမာဘင်လာဒင်အယ်လိကိုင်ဒါ #ဘရားသားဟုဒ်