မာရဝီတိုက်ပွဲ ပြီးဆုံးသော်လည်း အိုင်စစ်ဘာသာရေးအစွန်းရောက်တို့ လူ သစ်စုဆောင်းရာ ရေခံမြေခံဖြစ်နေ၊ ဖိလစ်ပိုင်တောင်ပိုင်း စစ်ဘေးရှောင် လူတစ်သိန်းကျော်တို့ ၂-နှစ်ကြာ သည် နေရပ်မပြန်နိုင်။

ဖိလစ်ပိုင်တောင်ပိုင်း မာရဝီမြို့အား ၅-လကြာ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်ပိုင်း ထိုးဖောက်ဝင်ရောက်လာသော အိုင်စစ်တို့နှင့် ပူးပေါင်းသည်ဟု မသင်္ကာသူ လက်နက်ကိုင်တိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ၌ အသေဖမ်းဆီးရမိသူ ၄၂-ဦးရှိကြောင်း ဖိလစ်ပိုင်တပ်မတော်က ကြေညာသည်ဟု Al Jazeera က အောက်တို ဘာ ၂၃-ရက်နေ့တွင် ရေးသားသည်။

၂၀၁၇-ခုနှစ် အောက်တိုဘာလတွင် မာရဝီမြို့အား ဆီးရီးယား-အီရတ်ရှိ အိုင်စစ်( ISIS,ISIL ) တို့နှင့် ဆက်နွယ် သူ မောတီနှင့် အဘူဆေယက်ဖ်အုပ်စုတို့က စီးနင်းပြီး အစ္စလာမ်မစ်ဘာသာရေးနိုင်ငံတော်ထူထောင်ကြောင်း ကြေညာသဖြင့် ဒုတိယစစ် နောက်ပိုင်း ဖိလစ်ပိုင်တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့ရသည်။ မင်ဒါနာအို ကျွန်းတစ်ခွင် စစ်အုပ်ချုပ်ရေးကြေညာ၍ ဖိလစ်ပိုင်တပ်မတော်က မာရဝီအား ပြန်လည်သိမ်းယူရာတွင် တပ်မ တော်သား ၁၆၅-ဦးနှင့် အရပ်သား ၄၅-ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည်။ အစွန်းရောက်အကြမ်း ဖက်သမား ၉၇၈-ဦးကို အသေရမိပြီး ၁၂-ဦးကို အရှင်ဖမ်းဆီးနိုင်သော်လည်း မြို့နေထိုင်သူ ထောင်သောင်းချီလျှက် စစ် ဘေးရှောင်ဘ၀ သက်ဆင်းခဲ့ရသည်။

အကြမ်းဖက်သမားများလက်မှ မာရဝီမြို့လွတ်မြောက်ပြီဖြစ်ကြောင်း သမ္မရိုဒရီဂိုဒူတာတီးက ကြေညာခဲ့ပြီး မူလအတိုင်းပြန်လည်ထူထောင်ရေးကတိကဝတ်များမှာ ၂-နှစ်ကြာ ယခုချိန်ထိ အကောင်အထည်ပေါ်ခြင်း မရှိသေးကြောင်း မာရဝီဌာနေများနှင့် အတိုက်အခံနိုင်ငံရေးပါတီများက ပြောဆိုသည်။ ယခုကဲ့သို့ နှောင့်နှေး ခြင်းမှာ အကြမ်းဖက်သမားများ လူသစ်စုဆောင်းရာတွင် အထောက်အကူဖြစ်စေပြီး ဖိလစ်ပိုင်တွင် အကြမ်းဖက် အယူအဆများ ရှင်သန်ရန်ပြသရာရောက်ကြောင်း ကျွမ်းကျင်သူများက သတိပေးလျှက်ရှိသည်။   

ဒုတိယသမ္မတ အတိုက်အခံခေါင်းဆောင် လီနီရိုဘရီဒိုက Al Jazeera နှင့် တွေ့ဆုံရာတွင် အစိုးရ၏ ပြန်လည် ထူထောင်ရေးကတိမှာ နှစ်နှစ်ကြာသည်အထိ အနည်းငယ်မျှသာ အကောင်အထည်ဖော်နိုင်ပြီး ဒေသခံအများ အပြားမှာ စစ်ဘေးရှောင်စခန်းများတွင် ညှိုးငယ်စွာ နေထိုင်ရဆဲဖြစ်ကြောင်း၊ ပျက်စီးသွားသော အဆောက်အ အုံများ တည်ဆောက်ပေးရေးနှင့် ပြန်လည်နေရာချရေးအတွက် တာဝန်ယူခဲ့သူ တရုတ်စီးပွားရေးလုပ်ငန်းစုအား ကမ္ဘာ့ဘဏ်က စုံစမ်းစစ်ဆေးရန် နာမည်ပျက်စာရင်းသွင်းခဲ့ခြင်းကြောင့် နှောင့်နှေးမှုဖြစ်ရကြောင်း ပြောဆို သည်။

မာရဝီမြို့အနှံ့ အခိုင်အမာခြေကုတ်ယူထားသော  အကြမ်းဖက်သူပုန်တို့ကို အစိုးရတပ်များက ခဲယဉ်းစွာ ချေမှုန်းခဲ့ရသဖြင့်တစ်မြို့လုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ရသည်။ ယခုအောက်တိုဘာလအထိ မြို့နေ ထက်ဝက်ဖြစ်သော မွတ်စလင်ဘာသာဝင်အများစု လူ ၁၀၀,၀၀၀ ကျော်မှာ အစိုးရတည်ဆောက်ပေးထားသော ယာယီစခန်းများ၌ ခိုလှုံနေရဆဲဖြစ်သည်။ ဒေသခံများ ပုံမှန်ဘဝပြန်လည်ရရှိရန် နှစ်နှစ်အတွင်း တည်ဆောက် ပြီးစီးသင့်သည်တို့ကို အကောင်အထည်မဖော်နိုင်ပဲ နောက်ထပ် ၃-နှစ်ခန့်ကြာမြင့်ဖွယ်ရှိကြောင်း  ဒုတိယ သမ္မတက ဆက်လက်ပြောဆိုသည်။

(( အယ်လ်ကိုင်ဒါ-အိုင်စစ်ကဲ့သို့ အစွန်းရောက်အကြမ်းဖက်တို့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အမေရိကန်-ရုရှား ကဲ့သို့ နိုင်ငံတကာအဆင့် စစ်တပ်များပင် အကြပ်အတည်းဖြစ်ရသည့်အချက်မှာ ၎င်းတို့အား အပြီးတိုင် ချေမှုန်း ရန် အပျက်အစီးများစွာနှင့် ရင်းနှီးရခြင်းဖြစ်သည်။

အိုင်စစ်တို့၏ ခေတ်မီပြောက်ကျာစစ်နည်းဗျူဟာသည် “ အရင်းကပ်တော့နာ၊ အဖျားကပ်တော့သာ“ “ အမာ ကိုရှောင်၊ အမွကို တိုက် “ ဟူသော ပြောက်ကျားစစ်ပါရဂူ ဥက္ကဋ္ဌကြီးမော်၏ အဆိုအမိန့်များကို ပြောင်းပြန်လှန် ထားသည်ဟူ၏။ ကျေးရွာများကို ကျော်၍ မြို့ကြီးများ၏ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော အထင်ကရအ ဆောက်အအုံများတွင် ခြေကုတ်ယူလေ့ရှိသည်။  သေလျှင် အာဇာနည်ဖြစ်သည်ဟု မိမိကိုယ်မိမိ သေလူအဖြစ် တိုက်ပွဲဝင်သူ အစွန်းရောက် အကြမ်းဖက်တို့သည်၊ လက်လုပ်ဗုံး၊ စနိုက်ပါသေနတ်တို့ကို အဓိကသုံးစွဲသော် လည်း နည်းနည်းနှင့် ကြဲကြဲဝိုင်းတတ်သည်။

“ မာရဝီအား ပြန်လည်သိမ်းယူလိုလျှင် မြို့ပျက်ကြီးသာ ရရှိစေရမည် “ ဟု မောတီနှင့် အဘူဆေယက်ဖ်တို့ ကြုံးဝါးခဲ့ပါသည်။ ဖိလစ်ပိုင် လေတပ်နှင့် အထူးတပ်ဖွဲ့ဝင်တို့က သူပုန်တို့အား တစ်နေရာပြီး တစ်နေရာ ရှင်းလင်း ရာတွင် မာရဝီတစ်မြို့လုံးနီးပါး အမှန်တကယ်ပင် မြေမှုန်ဖြစ်ရတော့သည်။      ။ သတင်းဘာသာပြန်သူ ))  

((( Al Jazeera., 23 Oct 2019, “Delay in return ‘boosts ISIL recruitment’ in Philippines’ Marawi.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.aljazeera.com/news/2019/10/delay-return-boosting-isil-recruitment-philippines-marawi-191022063320387.html

0

Leave a Reply

Your email address will not be published.