
လွန်ခဲ့သည့် ၂၀၀၁-ခုနှစ်က ရိုက်ကူးခဲ့သော လက်ရှိကနေဒါဝန်ကြီးချုပ်၏ မျက်နှာအညိုရောင်မိတ်ကပ်နှင့် ဓါတ်ပုံမှာ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တ ၅-ပတ်မျှသာ လိုတော့ချိန်တွင် Time Magazine စောင်မမှုဖြင့် ကံဆိုးစွာ ပြန်ပေါ်လာပြီး ပြင်းထန်စွာ ပြောဆိုကြသည်အထိဖြစ်လာခြင်းကြောင့် ဗုဒ္ဓဟူးနေ့တွင် ၀န်ကြီးချုပ် ဂျတ်စတင်ထရူးဒိုးက ၀န်ချတောင်းပန်လိုက်ရသည်ဟု Reuters အား ကိုးကား၍ bdnews24 နှင့် နိုင်ငံတကာ မီဒီယာများက ယနေ့ရေးသားသည်။
မျက်နှာမည်းသွားအောင် မိတ်ကပ်လိမ်းခြယ်ထားသည့် အသက် ၂၉-နှစ်အရွယ် ထရူးဒိုး၏ ဓါတ်ပုံမှာ လူမျိုးရေး ခွဲခြားမှုကို တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ဆော်သြလေ့ရှိသည့် ကက်ဘိနက်အဖွဲ့ဝင် အရေးပါသော အိန္ဒိယနွယ်ဖွား ခေါင်းဆောင် ၃-ဦးအား စိန်ခေါ်လိုက်သလို ရှိနေသည်။
“ ကျွန်တော် ပိုပြီးနားလည်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော် တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာလဲ မဟုတ်ဖူး၊ ဒီအတွက် အလွန်ဝမ်းနည်းပါတယ် “ ဟု အသက် ၄၇-နှစ်ရှိပြီဖြစ်သော ထရူးဒိုးက နိုဗာစကော့တီယာတွင် မဲဆွယ်ပွဲပြုလုပ်နေစဉ် သတင်းထောက်များမှတစ်ဆင့် တောင်းပန်လိုက်သည်။ အဆိုပါ ဓါတ်ပုံမှာ ထိုစဉ်က ဗင်ကိုးဗား ပုဂ္ဂလိကျောင်း နှစ်လည်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထရူးဒိုးနှင့် ကျောင်းနေဖက်တစ်ဦးထံမှ Time Magazine က ရရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံတွင် ထရူးဒိုးမှာ ဗေါင်းထုပ်ဆောင်းထားပြီး ၀တ်ရုံဖားဖားနှင့် မျက်နှာအား အမည်းရောင်သမ်းအောင် မိတ်ကပ်လိမ်းခြယ်ထားသည်။ “ အာလာဒင်စတိုင်ဖမ်းပြီး ကျွန်တော် မိတ်ကပ်လိမ်းခဲ့တာပါ၊ အခုပြောနေကြသလို ရည်ရွယ်ချက် မရှိခဲ့ပါဖူး “ ဟု ကနေဒါရုပ်သံနှင့် တွေ့ဆုံရာ၌ ထရူးဒိုးက ပြောဆိုသည်။ ကျောင်းသားဘ၀ “ Day O “ ပြဇာတ် က ကြရာတွင် ဂျမေကာရိုးရာသီချင်းဆိုကာ လှေပေါ်သို့ ငှက်ပျောသီးတင်နေဟန် သရုပ်ဆောင်ဖူးခဲ့ကြောင်လည်းး ထရူးဒိုးက ၀န်ခံသည်။
ဂျတ်စတင် ထရူးဒိုးသည် လာမည့် အောက်တိုဘာ ၂၁-ရက်နေ့ ကနေဒါဖက်ဒရယ်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ခေါင်းဆောင် အင်ဒရူးရှီယာနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
( စက်တင်ဘာ – ၁၉၊ ၂၀၁၉ ) ((( bdnews24., 19 Sep 2019, “Canada’s Trudeau apologises for dressing up in brownface, election chances could suffer.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))