မိုးသည်းထန်မှုကြောင့် ဥရောပအနောက်ပိုင်း ရေကြီးရေလျှံဖြစ်။ ဂျာမနီ ဘယ်လ်ဂျီယန်တို့၌ ၆၈-ဦးထက်မနည်းသေဆုံး။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပုံမှန်မဟုတ်သော အပြင်းထန်ဆုံး သဘာဝဘေးသင့်၍ နေအိမ်များ ပြိုလဲပြီး လူရာချီ ပျောက်ဆုံးနေ၊


ဥရောပအနောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံဖြစ်ခြင်းကြောင့် ဂျာမနီတွင် ၅၉-ဦး ထက်မနည်း သေဆုံးပြီး၊ ဘယ်လ်ဂျီယန်၌ ၉-ဦးသေဆုံးသည်။ ကြာသပတေးနေ့တွင် ရေလျှံတက်လာပြီး နေအိမ်များ ပြိုလဲခြင်းကြောင့် လူပေါင်းများစွာ ပျောက်ဆုံးလျှက်ရှိသည်ဟု Channel News Asia က ယနေ့ ရေးသား သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့လိုက်ရသည့် ဂျာမနီနိုင်ငံတွင် ကယ်ဆယ်ရေးရဟတ်ယာဉ်များU ရေပတ်လည်ဝိုင်းရံလျှက်ရှိသော နေအိမ်ခေါင်မိုးများပေါ်တွင် ခိုလှုံ လျှက် ရှိသော ဒေသခံဒုက္ခသည်များအား ရှာဖွေကယ်ဆယ်ခဲ့ရသည်။

ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့ ်အိမ်နီးချင်း လူဇင်ဘတ်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့၌လည်း ရေကြီးမှုဖြစ်ပွားခဲ့သည်။ ဝါရှင်တန်သို့ အလည်အပတ်ခရီးရောက်ရှိနေသော ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် အသက်ဆုံးရှုံးရမှုများနှင့် ထိခိုက်ပျက်စီးရမှုများအတွက် စိတ်ရောကိုယ်ပါ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြပါရှိသည်။

အဆိုးဝါးဆုံးဒဏ်ခံခဲ့ရသောဒေသများ၌ ဂျာမန်အရေးပေါ်ဝန်ဆောင်မှု၊ ရဲဘက်နှင့်စစ်ဘက်တို့ ပါဝင်သော အဖွဲ့ဝင် ၁၅,၀၀၀ ခန့်တို့က အခင်းဖြစ်ပွားရာ နယ်မြေများသို့ ရောက်ရှိနေသည်။

စက်တင်ဘာလ ရွေးကောက်ပွဲတွင် မာကဲလ်နေရာ၌ ဆက်ခံရန်ကြိုးစားနေသော မြောက်ပိုင်း ရိုင်းဝက်စ်ဖာလီယာပြည်နယ် (NRW) ဝန်ကြီးချုပ်က ၎င်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုအချက်အလက်များကို ကောက်ယူရန်အတွက် ဘာဘေးရီးယား၌ လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် နိုင်ငံတကာ ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ကြရမည်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်လွန်ကဲတို့ကို အလေးထားရန်လိုအပ်ကြောင်း၊

ပူနွေးသောလေထုသည် ရေမှုန်များကို ပိုမိုသယ်ဆောင်နိုင်သောကြောင့် ပုံမှန်မဟုတ်သော မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှု အန္တရာယ်ကို ပိုမိုပြင်းထန်စေကြောင်း သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားသည်။

ရေဘေးဒဏ်သင့် ခရိုင်တစ်ခုတွင် လူပေါင်း ၁,၃၀၀ ရှိမည်ဟု ယူဆကြသော်လည်း ဖုန်းလိုင်းများ ပျက်စီးနေ၍ အဆက်အသွယ် မပြုနိုင်ခြင်းကြောင့် ဘေးဒဏ်သင့်သူဦးရေမှာ ထိုမျှမက ပိုမိုနိုင်ကြောင်း အာဏာပိုင်များက ပြောဆိုသည်။

ရေလွှမ်းမိုးခြင်းကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းတို့ကို နေအိမ်ခန်းများအတွင်း၌ တွေ့ရှိရပြီး ရေမျက်နှာပြင် မြင့်တက်လာသည့်အတွက် အပန်းဖြေမြို့အချို့ လုံးဝပျက်စီးသွားသည်။ လျှပ်စစ်ဖြန့်ဖြူးရေး ရပ်ဆိုင်းသွားသည့်အတွက် ဆေးရုံများ၊ ထောင်နှင့်ချီသော ဒေသခံတို့ကို နေထိုင်ရာမှ စွန့်ခွာ၌ ဘေးလွတ်သို့ ရွှေ့ပြောင်းကယ်ဆယ်ပေးခဲ့ရသည်။

#ပုံမှန်မဟုတ်ပဲ_မိုးသည်းထန်စွာ_ရွာသွန်း၍_ဥရောပအနောက်ပိုင်း၌ရေကြီးရေလျှံဖြစ်

(((Channel News Asia., 15 Jul 2021 ,” At least 68 dead in Germany, Belgium as storms ravage Europe.” ကို #HtayOung #HtayOung ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.channelnewsasia.com/news/world/at-least-68-dead-in-germany-belgium-as-storms-ravage-europe-15226248
https://sg.news.yahoo.com/germany-belgium-flooding-more-50-185116197.html
https://www.reuters.com/business/environment/thirty-missing-germany-house-collapses-heavy-rain-media-2021-07-15/

Leave a Reply

Your email address will not be published.