မီးခိုးမြူများ သိပ်သည်းစွာကျဆင်း၍ နယူးဒေလီတွင် စာသင်ကျောင်းများပိတ်။ ကလေးငယ်များစွာ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုနှင့်ရင်ဆိုင်နေ။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနှင့် ကျွန်တော်များ “ဇီးရိုးပိုဆစ်ရှင်” ဖြေရှင်းမှု့

[မီးခိုးမြူ ( Smog ) ဆိုသည်မှာ မီးခိုး Smoke နှင့် မြူ Fog နှစ်ခုတို့ပေါင်းစပ်လျှက် ( Smoke+Fog= Smog ဟု ယူထားခြင်းဖြစ်သည်]

ကြာသပတေးနေ့စောစောပိုင်း အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်တွင် မီးခိုးမြူများသိပ်သည်းစွာကျဆင်းပြီး လေထုအရည်အသွေးမှာ အန္တရာယ်မကင်းသောအဆင့်သို့ ရောက်ရှိနေကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။ ကလေးငယ်ထောင်ပေါင်းများစွာတွင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး အရေးပေါ်ကြုံ တွေ့ရသည့် အခြေအနေအလိုက် စာသင်ကျောင်းများ ပိတ်ထားရသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ် မီဒီယာက ယနေ့ရေးသားသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု့အဆင့် ဆိုးရွားနေသော်လည်း နယူးဒေလီမြို့နေအများစုမှာ ကျန်းမာရေးဆိုင်ရာအန္တရာယ်ကို လစ်လျူ့ရှု့လျှက်ရှိကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။ ဝန်ကြီးချုပ် မိုဒီကိုယ်တိုင် Twitter တွင် မကြာခဏ စာရေးသားလွှင့်တင်နေသော်လည်း ထိုအကြပ်အတည်းကို ထောက်ပြခြင်း လုံးဝမရှိဟု စွပ်စွဲကြသည်။

ကြာသပတေးနေ့ နယူးဒေလီ၏ လေထုညစ်ညမ်းမှု့ အညွှန်းကိန်းမှာ အမှတ် ၅၀၀ စံနှုန်းတွင် ၄၇၂ မှတ်အထိ ဆိုးရွားစွာ ကျဆင်းခဲ့ကြောင်း အစိုးရပတ်ဝန်းကျင်ညစ်ညမ်းမှု့စောင့်ကြည့်ရေးအဖွဲ့ SAFAR က ကြေညာသည်။ သုံးရက်ဆက်တိုက် လေထုအရည်အသွေးအန္တရာယ်အဆင့်ရောက်ရှိနေကြောင်း တွေ့ရှိရပြီးနောက် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု့ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ ( EPCA ) က လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှစ၍ စာသင်ကျောင်းများ ပိတ်ထားမိန့်ထုတ်ပြန်ပေးရန် တရားလွှတ်တော်ချုပ်သို့ စာချွန်ပေးပို့သည်ဆို၏။

ကျန်းမာရေးဘေးသင့်မှု့အတိုင်းအတာမှာ ကလေးများအပေါ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး နောက် ၂-ရက်အတွင်း နယူးဒေလီနှင့် ပြည်နယ်အတွင်း အနီးတစ်ဝှိုက်တွင် ဆက်လက်ပိတ်ပစ်ရမည့် ကျောင်းများစွာ ကျန်ရှိနေသေးကြောင်း EPCA က ပြောဆိုသည်။

နိုဝင်ဘာ ၁၅ မှ စတင်ကာ နယူးဒေလီတွင် မော်တော်ယာဉ်လိုင်စင်နံပါတ်အရ စုံ’တစ်လှည့် မ’တစ်လှည့် အသုံးပြုမောင်းနှင်အသုံးပြုကြရန် အာဏာပိုင်များက ကန့်သတ်မိန့်ထုတ်ပြန်ထားသည်။ နယူဒေလီ၏ လေထုညစ်ညမ်းမှု့အဆင့်မှာ နေ့စဉ် စီးကရက်အလိပ် ၅၀ သောက်သုံးသည်နှင့် ညီမျှလျှက်ရှိသည်မှာ ၂၀၁၇ -ခုနှစ်တည်းကဖြစ်သည်။

(( လက်ရှိကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းမှာ ကမ္ဘာမြေပူနွေးလာစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှု့ကြောင့်ဖြစ်သည်။ ဓါတ်ဆီ-ဒီဇယ်ဆီစသည့် ဇီဝရုပ်ကြွင်းများ လောင်မြိုက်ရာမှ ထွက်ပေါ်သည်။

မြို့ကြီးများတွင် Smog ဆိုးရွားစွာ ကျဆင်းရမှုမှာ အင်ဂျင်စက်များမှထွက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်မှဖြစ်သည်။ ကျောက်မီးသွေးစက်ရုံများမှ ထွက်သော အငွေ့သည် ပတ်ဝန်းကျင်ညစ်ညမ်းရာတွင် နာမည်ကျော်၍ “ အက်စစ်မိုး “ ကိုပါ ရွာစေသည်။

ယနေ့ကမ္ဘာ၏ လူနေမှု့အဆင့်အတန်းနှင့် စက်မှု့ကုန်ထုတ်လုပ်ရေးတွင် လျှပ်စစ်မပါပဲ မပြီးပါ။ သို့သော်လျှပ် စစ်ဓါတ်အား ထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင်ကို တနည်းမဟုတ် တစ်နည်းဖြင့် မထိခိုက်စေပဲ ထုတ်ယူရန် လောလောဆယ် မဖြစ်နိုင်သေးပါ။ ပတ်ဝန်းကျင်သဘာဝနှင့် ကိုက်ညီသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပြောင်းလဲအသုံးပြုရန် ၁၀ စုနှစ် ၂-စုခန့် အနည်းဆုံး ကြိုးစားရမည်ဖြစ်သည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းမှာ ကင်ဆာရောဂါအဆင့်သို့ ရောက်ရှိနေသည်။ ကင်ဆာလူနာကို ရောဂါသက်သာရန်နှင့် ခံနိုင်ရည်ရှိရန် ပထမကြိုးစားရမည်ဖြစ်ပြီး ရောဂါပျောက်ကင်းရန် ဒုတိယကြိုးစားရမည်ဟု ကျွန်တော်ထင်ပါသည်။

ဂျာမနီကဲ့သို့သော နိုင်ငံကြီးများနှင့် အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်တို့သည် ထိုနည်းအတိုင်းဖြေရှင်းနေသလား ကျွန်တော်မှတ်ယူသည်။ ကျောက်မီးသွေးစွမ်းအင်စက်ရုံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံများ တစ်ပြိုင်တည်း တည်ဆောက်နေကြ၍ ဖြစ်သည်။ အချိန်ကာလတစ်ခုအတွင်း နိုင်ငံ၏ လူနေမှု့အဆင့်အတန်းနှင့် စက်မှု့ထုတ်ကုန်မြင့်မားအရှိန်ရလာမည်ဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းစေသော စက်ရုံများ တစ်ဖြည်းဖြည်း ဖျက်သိမ်းမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သစ်တောများ ပြောင်တေးရှင်းဖြစ်နေခြင်းမှာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲစေရန် လက်ယပ်ခေါ်နေသည့်အလားဖြစ်ကြောင်း ငြင်းကွယ်ရန်မရှိပါ။ ထိုအတွက် မိုးသည်းထန်ပြီး ရေကြီးရေလျှံ မကြာခဏဖြစ်ပွားသည်။ သို့သော် ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုဒ်အထုတ်လွှတ်ဆုံး နိုင်ငံကြီးနှစ်ခုကြား မြန်မာတစ်နိုင်တည်း ပတ်ဝန်းကျင်ထိန်းသိမ်းနေ၍ မဖြစ်ပါ။ မြန်မာ၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု့မှု ကမ္ဘာအဆင့်ဝေး၍ အိမ်နီးချင်းထက်ပင် အလွန်နည်းနေသေးသည်။ တည့်တည့်ပြောရလျှင် ကျောက်မီးသွေးစက်ရုံများ ယခုချက်ချင်းရပ်မည်။ ဆည်တည်ဆောက်ခြင်းများလည်း ခွင့်မပြုတော့ဟုဆိုလျှင်ပင် ရေကြီးရေလျှံ မဖြစ်တော့ဟု အာမမခံနိုင်ချေ။

လက်ရှိကမ္ဘာတွင် လူဦးရေအလွန်အမင်းတိုးနေသည်။ လူတို့ နေထိုင်ရန် မြေနှင့် စိုက်ပျိုးခင်းများ တိုးချဲ့ရသဖြင့် သစ်တောများပြုန်းတီးပြီး ပတ်ဝန်းကျင်ညစ်ညမ်းလာသည်။ ရာသီဥတုမျာလည်း းဖောက်ပြန်လာရသည်။ ထို့ကြောင့် နိုင်ငံတကာအားလုံး သယံဇာတ ထုတ်ယူခြင်းများကို ရပ်ဆိုင်းငံ့၍ သဘာဝပတ်ဝန်းကျင်ထိခိုက် ပြောင်းလဲစေမည့် လုပ်ဆောင်မှု့အားလုံးကိုပါ ရပ်ဆိုင်းကြရန် ၁၉၇၀ ခန့်က “ဇီးရိုးပိုဆစ်ရှင်” သီအိုရီ ပေါ်ခဲ့ဖူးသည်။

ထိုသီအိုရီကို ပါကစ္စတန်က အပြင်းအထန် ကန့်ကွက်ပါသည်။ ထိုသို့ “ဇီးရိုးပိုဆစ်ရှင်”ထားလိုက်လျှင် ချမ်းသာသူက သည်အတိုင်း ချမ်းသာနေမည်ဖြစ်ပြီး၊ ဆင်းရဲသူကလည်း ဆက်လက်ဆင်းရဲရန် ဖြစ်လာစေမည်။ ဆင်းရဲသူက ချမ်းသာသူ နှိပ်စက်သမျှ ခံရဖို့သာရှိသည်ဟု ထောက်ပြသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းမှာ ကင်ဆာရောဂါအဆင့်သို့ ရောက်ရှိနေသည်။ ကျွန်တော်တို့၏ အသိအမြင်မှာ နှစ် ၅၀ ကျော် နောက်ကျနေသည်။

မသာဖြစ်ကြသည်ချင်းတူသော်လည်း ဖျာလိပ်နှင့် ပတ်ချရသော မသာနှင့် ပေါ်လစ်သုတ် မှန်ခေါင်းတလားနှင့် ဂူသွင်းခံရသော မသာလောက်တော့ ကွာခြားပါလိမ့်မည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., 14 Nov 2019, “Schools shut because of Delhi’s smog, but hundreds of children run a race.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/neighbours/2019/11/14/schools-shut-because-of-delhi-s-smog-but-hundreds-of-children-run-a-race.

https://www.indiatoday.in/who-is-what-is/story/delhi-odd-even-vehicle-rule-arvind-kejriwal-aap-government-air-pollution-276180-2015-12-08

https://www.vox.com/energy-and-environment/2017/11/22/16666808/india-air-pollution-new-delhi

#အိန္ဒိယလေထုညစ်ညမ်း၍ကျောင်းများပိတ် #ဇီးရိုးပိုဆစ်ရှင်

0

Leave a Reply

Your email address will not be published.