မီးလောင်ပျက်စီးခဲ့သော စင်္ကာပူမှတ်ပုံတင်သင်္ဘောကို ပတ်ဝန်းကျင်ညစ်ညမ်းစေမှု ဖြင့် သီရိလင်္ကာ တရားစွဲဆို။ နိုက်ထရစ်အက်ဆစ် ယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွား။ သီရိလင်္ကာသမိုင်းတွင် အဆိုးရွားဆုံး ပင်လယ်ကမ်းခြေ ညစ်ညမ်းမှုနှင့် နှစ်ချီကြာမည့် ဂေဟစံနစ် ပျက်စီးခြင်းဖြစ်စေခဲ့


အရွယ်အစား ကြီးမားသော ကွန်တိန်နာသင်္ဘောကြီး မီးလောင်ကျွမ်းရာမှ ပလပ်စတစ်အပိုင်းအစများ မျောပါ ညစ်ညမ်းခြင်းဖြင့် သီရိလင်္ကာအနေဖြင့် ကျွန်းနိုင်ငံ၏ ကမ်းရိုးတန်းတွင် မကြုံစဖူး အဏ္ဏဝါကပ်ဘေးသင့်မှုနှင့် ကြုံတွေ့ရသည့်အတွက် တနင်္ဂနွေနေ့တွင် ပြစ်မှုကြောင်းအရ တရားစွဲဆိုလိုက်သည်ဟု AFP က ယနေ့ ရေးသားသည်။

…    
တန်ချိန်နှင့် ချီသော ပလပ်စတစ်မှုန်မွှားစ အစေ့များငယ်များမှာ တောင်အာရှနိုင်ငံ၏ ထင်ရှားကျော်ကြားသော ကမ်းခြေတစ်လျှောက် ဖုံးလွှမ်းကာ ငါးဖမ်းလုပ်ငန်းကို အဟန့်အတားဖြစ်စေပြီး ဂေဟဗေဒစံနစ်ပျက်ပြားမည့်အရေးမှာလည်း စိုးရိမ်ဖွယ်ဖြစ်လာသည်။

…  
MV X-Press Pearl အမည်ရှိ စင်္ကာပူမှတ်ပုံတင်သင်္ဘောသည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်မြို့မှ သီရိလင်္ကာ ကိုလံဘို မြို့သို့ ဦးတည်ခုတ်မောင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိုးကုတ်စက်ဝိုင်းတစ်ခွင်လုံး မီးခိုးများ ဖုံးလွှမ်းစေလျှက် ပင်လယ်ပြင်၌ ၁၁-ရက်ကြာ မျောပါနေခဲ့သည်။

…   
သင်္ဘောမှ ကယ်ထုတ်ခဲ့ရသော ရေယာဉ်ဝန်ထမ်း ၂၅-ဦးကို သီရိလင်္ကာနိုင်ငံ ရေကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး အာဏာပိုင်များ၏ တိုင်ကြားချက်အရ တနင်္လာနေ့၌ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းရသည်မှာ နိုက်ထရစ်အက်ဆစ်များ ယိုစိမ့်မှုကြောင့် ဖြစ်ပြီး ထိုအကြောင်းကို မေလ ၁၁-ရက်နေ့တည်းက ရေယာဉ်ဝန်ထမ်းများက သတိပြုမိခဲ့ကြောင်း၊

 ရေယာဉ်မှူးနှင့် သင်္ဘောသားအားလုံးတို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးကာကွယ်ရေး ပြဋ္ဌာန်းချက်များအရ ကွာရန်တင်းဝင်ရောက်လျှက်ရှိပြီး နံနက်ဖန်မှစ၍ ၎င်းတို့အား စစ်ဆေးခြင်း စတင်နိုင်မည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောဆိုကြောင်း၊ သင်္ဘောမှ မီးလောင်အပျက်အစီးများနှင့် ညစ်ညမ်းမှုဖြစ်ပွားရာ ရေပြင်တစ်ဝှိုက်မှ ပင်လယ်ရေနမူနာတို့ကို ဓါတ်ခွဲစစ်ဆေးရန် မှုခင်းဋ္ဌာနသို့ ပေးပို့ ထားကြောင်း ရဲတပ်ဖွဲ့က ရှင်းပြသည်။

…   
မီးလောင်ကျွမ်းမှုမှာ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု အာဏာပိုင်များနှင့် ကွန်တိန်နာသင်္ဘော၏ အော်ပရေတာများထံမှ သိရှိရသည်။ MV X-Press Pearl သင်္ဘော ပိုင်ရှင်ကမူ သင်္ဘော၏ ကိုယ်ထည်မှာ အကောင်းပကတိ ရှိနေပြီး လောင်စာဆီကန်များ ပျက်စီးမှု မရှိကြောင်း၊ သင်္ဘောတွင် တင်ဆောင်လာသည့် နိုက်ထရစ်အက်ဆစ် ၂၅ တန်အပါအဝင် ဆိုဒီယမ်ဟိုက်ဒရောက်ဆိုဒ်၊ ချောဆီနှင့် အခြားဓာတုပစ္စည်းအများစုမှာ မီးလောင်ပျက်စီးကြဖွယ်ရှိကြောင်း ပြောဆိုသည်။

မီးလောင်သင်္ဘောမှ ပလပ်စတစ်စွန့်ထွက်ပစ္စည်းများမှာ နိုင်ငံ့သမိုင်းတွင် အဆိုးရွားဆုံး ပင်လယ်ကမ်းခြေ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး နောင်နှစ်ပေါင်းများစွာကြာသည်အထိ ဂေဟစံနစ်ကို ပျက်စီးစေလိမ့်မည်ဟု သီရိလင်္ကာနိုင်ငံအဏ္ဏဝါရေပြင် ထိန်းသိမ်းကာကွယ်ရေးအာဏာပိုင်အဖွဲ့(MEPA) က ခန့်မှန်းထားသည်။

…   
အခင်းဖြစ်ရေပြင်မှ မိုင် ၅၀ ခန့်အကွာ ကမ်းခြေတစ်လျှောက်လုံးအား ဆေးကြောသန့်ရှင်းနေစဉ်အတွင်း ငါးဖမ်းခွင့် ပိတ်ပင်ထားမည်ဖြစ်ပြီး အစိုးရက ရေလုပ်သား ၄,၅၀၀ ထက်မနည်းတို့အား နစ်နာကြေး ပေးအပ်ရမည်ဖြစ်သည်။ နီဂွန်ဘို ခရီးသွားအပန်းဖြေစခန်းကလည်း လျှော်ကြေး တောင်းခံထားပြီး ပင်လယ်ရေပြင်ညစ်ညမ်းခြင်းကြောင့် ပင်လယ်စာ မှာယူမှုများ လျှော့ကျသွားဖွယ်ရှိကြောင်း သိရှိရသည်။

(( ယခုလောက် ပျက်စီးဆုံးရှုံမှုမျိုးကို မီးလောင်သင်္ဘောပိုင်ရှင်အနေဖြင့် ပေးလျှော်ရလျှင် သားစဉ်မြေးဆက်ပင် ပြီးဆုံးဖွယ် မရှိပါ၊ ၎င်းသင်္ဘောအား အာမခံထားသော ကုမ္ပဏီနှင့် သင်္ဘောပိုင်ရှင် အဖွဲ့ဝင်ထားသော အစုအဖွဲ့တို့က ကြားဝင် ပေးလျှော်ရလေ့ရှိပါသည်။

သို့သော် ယခုနောက်ပိုင်း ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေး ဥပဒေအရ သင်္ဘောတာဝန်ရှိသူတို့မှာ ထောင်ဒဏ် ချမှတ်ခြင်း ခံရဖွယ် ရှိပါသည်။

ထို့ကြောင့် နိုင်ငံခြား သင်္ဘောတွင် တာဝန်ထမ်းဆောင်သူဟု အထင်မကြီးပါနှင့် ယခုကဲ့သို့ ပြဿနာကြီးမျိုးတွင် ထောင်ကျရသည်လည်း ရှိနိုင်ပါသည်။   ။ သတင်း ဘာသာပြန်သူ))

#မီးလောင်ပျက်စီး_စင်္ကာပူမှတ်ပုံတင်သင်္ဘော #ပတ်ဝန်းကျင်ညစ်ညမ်းစေမှုဖြင့်_သီရိလင်္ကာတရားစွဲဆို

(((AFP., May 30, 2021,” Sri Lanka launches probe after burning Singapore registered-ship leads to pollution crisis.” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.thedailystar.net/world/news/sri-lanka-launches-probe-after-burning-singapore-registered-ship-leads-pollution-crisis-2101673

https://www.hindustantimes.com/world-news/sri-lanka-launches-probe-after-burning-ship-leads-to-pollution-crisis-101622368741876.html
+1

Leave a Reply

Your email address will not be published.