တနင်္လာနေ့ မလေးရှားနိုင်ငံတွင် မဟာသီယာမိုဟာမက်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်မည်ဟု ကြေညာကြောင်း၊ အန်နဝါအီဗရာဟင်မပါပဲ အစိုးရသစ်ဖွဲ့စည်းရန် အားထုတ်လျှက်ရှိသည်ကို ရက်သတ္တပတ်ကြာမျှ နိုင်ငံရေး ပြက်လုံးများ ထွက်ပေါ်အပြီး မဟာသီယာက ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု Al Jazeera က ယနေ့ရေးသားသည်။
မလေးရှားဘုရင်မင်းမြတ်ထံ တင်သွင်းသည့် မဟာသီယာ၏ ရာထူးမှ နှုတ်ထွက်မည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် စာကြောင်း ၂-ကြောင်းသာပါရှိသည်ဟု သိရှိရပြီး မွန်းလွဲ ၁-နာရီ၌ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။ မဟာသီယာ၏ “ပါတီပရီဘူမိဘာဆန်တူပါတီ” သည်လည်း မလေးရှားလက်ရှိညွန့်ပေါင်း “ပါကတ်တန်ဟာရာပန်” အစိုးရမှ နှုတ်ထွက်ကြမည်ဖြစ်ကြောင်း ပါတီဥက္ကဌ က ၎င်း၏ လူမှု့ကွန်ရက်စာမျက်နှာ၌ ရေးသားသည်။
မလေးရှားနိုင်ငံရေးလောကတွင် ပြင်းထန်သော အခြေအတင် ငြင်းခုန်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် မဟာသီယာ၏ပါတီက အန်နဝါအီဗရာဟင်မပါပဲ အစိုးရသစ်ဖွဲ့စည်းရန် စီစဉ်လျှက်ရှိသည်ဟု တနင်္ဂနွေညပိုင်း၌ သတင်းထွက်ပေါ်ခဲ့သည်။
မလေးရှားနိုင်ငံ၏ အထင်ရှားဆုံးသော နိုင်ငံရေးသမားများဖြစ်ကြသည့် မဟာသီယာ ၉၄-နှစ် နှင့် ပြိုင်ဖက်ဟောင်း အန်နဝါအီဗရာဟင် ၇၂-နှစ်တို့အကြား ကာလရှည် နိုင်ငံရေး နပမ်းလုံးပွဲများအပြီး ယခုကဲ့သို့ မဟာသီယာနှုတ်ထွက်သည်ဆိုခြင်းမှာ နောက်ဆုံး နိုင်ငံရေးကစားကွက်တစ်ခုဖြစ်ကြောင်း သတင်း၌ ဆက်လက်ရေးသားသည်။
((( Al Jazeera., 24 Feb. 2020,” Malaysia’s Mahathir submits resignation to king.” #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#မဟာသီယာမလေးရှားဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက် #အန်နဝါအီဗရာဟင်
