မလေးရှား၌ Covid-19 ရောဂါဖြစ်ပွားမှု အများဆုံး ဒုတိယမြောက်နေ့အဖြစ် ၂-ရက်ဆက်တိုက် ကြုံတွေ့ရ။ ဖြစ်ပွားမှု မြင့်တက်လာရခြင်းမှာ ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရခြင်းကြောင့် ဖြစ်ပြီး နောက် ၂-ပတ်ကြာ ဆက်လက်တိုးမြင့်နေဖွယ်ရှိဟု ဆို


ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျရောက်လျှက်ရှိသော မလေးရှားနိုင်ငံတွင် ဇူလိုင် ၁၄-ရက် ဗုဒ္ဓဟူးနေ့၌ ကူးစက်ခံရသူ ၁၁,၆၁၈-ဦး ထပ်မံတွေ့ရှိရခြင်းမှာ ရောဂါဖြစ်ပွားမှုကာလ ၂-ရက်ဆက်တိုက် အများဆုံးအရေအတွက် ဖြစ်သည်ဟု Straits Times က ယနေ့ဖော်ပြသည်။

ကူးစက်မှု စုစုပေါင်း ( ၈-သိန်းခွဲကျော် ) ၈၆၇,၅၇၇-မှု ဖြစ်လာပြီး ယခုကဲ့သို့ ရောဂါဖြစ်ပွားမှု မြင့်တက်လာရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရခြင်းဖြစ်ကြောင်း၊

အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံတစ်ဝှန်းလုံး၌ ပျ့ံ့နှံ့လွှမ်းခြုံလျှက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှု တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်းမတိုင်မီ လာမည့်ရက်သတ္တ ၂-ပတ်တွင်း ကူးစက်မှု ထပ်မံတိုးမြင့်လာဖွယ်ရှိကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး နျူးရ်ဟာရှင်အဗ္ဗဒူလာက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရှိရသည်။

မလေးရှား_Covid-19ရောဂါဖြစ်ပွားမှု_အများဆုံး_၂-ရက်ဆက်တိုက်ဖြစ်လာ

(((Strait Times., July 14 2021,” Malaysia sees record 11,618 new Covid-19 cases for second straight day.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.straitstimes.com/asia/se-asia/malaysia-sees-record-11618-new-coronavirus-cases
https://www.reuters.com/world/asia-pacific/malaysia-sees-record-11618-new-coronavirus-cases-2021-07-14/ 

Leave a Reply

Your email address will not be published.