မလေးရှား၏ ခိုးဝင်တားဆီးရေး နှစ်သစ်အစီအစဉ်တွင် ဘင်္ဂလားဒက်ရှ် ၇၈-ဦး ဖမ်းဆီးခံရ။ ဒုက္ခသည်ဘင်္ဂါလီများ ပါကစ္စတန်နယ်စပ် အိန္ဒိယအရှေ့မြောက်စွန်း ဂျမူးနှင့် ကက်ရှ်မီးယားသို့ ရောက်ရှိနေ

မလေးရှားနိုင်ငံတွင် နှစ်သစ်အစီအစဉ်အဖြစ် ခိုးဝင်တားဆီးရေး စစ်ဆေးဖော်ထုတ်ခဲ့ရာ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၄၇၄-ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အနက် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၇၈ – ဦး ပါဝင်သည်ဟု ဘင်္ဂလား အခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ရေးသားသည်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဋ္ဌာနက ယခုနှစ်ဆန်းပိုင်း နိုင်ငံတစ်ဝှမ်းလုံးတွင် ပထမ ၂-ရက်အတွင်း၌ စီးနင်းမှု့အကြိမ်ပေါင်း ၁၂၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံခြားသား ၁,၈၇၁ – ဦးကို စစ်ဆေးနိုင်ခဲ့သည်။ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများတွင် အင်ဒိုနီးရှားမှာ ၂၂၀- ဦးဖြင့် အရေအတွက် အများဆုံးဖြစ်ပြီး တရုတ် ၈၉-ဦး၊ ဘင်္ဂလားဒက်ရှ် ၇၈-ဦး၊ မြန်မာ ၄၂-ဦး၊ ဖိလစ်ပိုင် ၂၂-ဦးတို့လည်း ပါဝင်ကြောင်း မလေးရှား Star သတင်းစာအဆိုအရ သိရှိရသည်။

တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်သူများအနေဖြင့် မိမိတို့ ဇာတိနိုင်ငံသို့ ပြန်ကြရန် လွန်ခဲ့သည့်နှစ် သြဂုတ်လ ၁-ရက်နေ့မှစတင်၍ နှစ်ကုန်ပိုင်းအထိ အချိန်သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုအစီအစဉ်မှာ နေရပ်ပြန်ရန် ပျက်ကွက်သူများအား ရှာဖွေဖော်ထုတ်ရေးအစီအစဉ်အရဖြစ်သည်ဆို၏။

အစီအစဉ်တွင် တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်သူများအား အလုပ်ပေးခိုင်းစေသည့် အလုပ်ရှင်များကိုလည်း ၁၉၅၉/၆၃ မလေးရှားလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အရေးယူမည်ဖြစ်သည်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဋ္ဌာနသည် နိုင်ငံတစ်ဝှမ်းလုံးတွင် ဒီဇင်ဘာ ၃၁-ရက်နေ့အထိ Back For Good (B4G) နေရပ်ပြန်ရေး ပရိုဂရမ်အား ကျယ်ပြန့်စွာ စစ်ဆင်ဆောင်ရွက်ခဲ့သည်။ ၎င်းတွင် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူ ၁၉၀,၄၇၁ – ဦးကို မှတ်ပုံတင်ကြရန် စီစဉ်ပေးနိုင်ခဲ့ပြီး ပျက်ကွက်သူများကို ရှာဖွေဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(( လွန်ခဲ့သည့်နှစ် သြဂုတ်လ အိန္ဒိယနိုင်ငံအာသံပြည်နယ်တစ်ခုတည်း၌ပင် အထောက်အထားပြသနိုင်ခြင်းမရှိသဖြင့် နိုင်ငံမဲ့ဖြစ်လျှက်ရှိသူ မွတ်စလင်အများစု ၁.၉ သန်း ရှိနေသည်။

ယမန်နေ့ India Today သတင်းစာအရ ပါကစ္စတန်နယ်စပ် အိန္ဒိယအရှေ့မြောက်ပိုင်း ဂျမူးနှင့်ကက်ရှ်မီးယားတွင် JKNPP ပါတီဦးဆောင်၍ ဒေသခံတို့က ၎င်းတို့ နယ်မြေအတွင်းရောက် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) နှင့် ဘင်္ဂါလီတို့ကို ပြည်နှင်ဒါဏ်ပေးရန် တောင်းဆိုကြောင်း India Today က ရေးသားထားပါသည်။

ဂျမူးနှင့် ဆမ်ဘာခရိုင်နှစ်ခုတွင် တရားမဝင်ရောက်ရှိနေသော မွတ်စလင်အရေအတွက်မှာ ကောက်ယူရရှိသော စာရင်းအရ လူဦးရေ ၁၃,၇ဝဝ ခန့် ရှိလာပြီး ၂၀၀၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် လူ ၆,၀၀၀ ကျော်တိုးလာခြင်းဖြစ်သည်ဆို၏။ ၎င်းတို့သည် ဘင်္ဂလားမှ အိန္ဒိယနိုင်ငံအတွင်း ပြည်နယ်ပေါင်းများစွာတို့ကို ဖြတ်ကျော်၍ ဂျမူးနှင့်ကက်ရှ်မီးယားသို့တိုင် ရောက်ရှိလာခြင်းဖြစ်ပြီး ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေသဖြင့် ပြည်နှင်ဒါဏ်ပေးရန် တောင်းဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ RFA ၏ မြန်မာပိုင်းအစီအစဉ်တွင် ထိုသူများမှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာဆိုသူများ ဖြစ်သည်ဟု ဖော်ပြသော်လည်း ကျွန်တော်ဖတ်ရှု့မိသည့် အင်္ဂလိပ်ဘာသာ အိန္ဒိယ India Today သတင်းစာတွင် ဘင်္ဂလားမှ ရွှေ့ပြောင်းဝင်ရောက်သူများဟု ဖော်ပြထားသဖြင့် ကွဲလွဲလျှက်ရှိသည်ကို တွေ့ရပါသည်။ ( သတင်း ၂-ပုဒ်ကို Links များနှင့်တကွ ဖော်ပြထားပါသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၁-ရက်နေ့ အိန္ဒိယပါလီမန်က နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက်ဥပဒေ ကြမ်း CAA ကို အတည်ပြုခဲ့သည်။ ပါလီမန်တွင် အခြေအတင်ဆွေးနွေးရာ၌ အိန္ဒိယ၏ ယခင်နှင့် ယခုနိုင်ငံသားဥပဒေများတွင် ရိုဟင်ဂျာလူမျိုးဆိုသူများကို နိုင်ငံသားအဖြစ် မည်သည့်အခါမျှ ထည့်သွင်းစဉ်းရန်မရှိကြောင်း၊ မြန်မာနိုင်ငံမှ ၎င်းတို့သည် ဘင်္ဂလားဒက်ရှ်မှတစ်ဆင့် အထောက်အထားမဲ့ ဝင်ရောက်လာသူများဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက ပြောဆိုပြီးဖြစ်သည်။

CAA ဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာသူများအား နိုင်ငံသားပြုခွင့် သတ်မှတ်သော်လည်း ပါကစ္စတန်-ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ မွတ်စလင်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။

ထိုအတွက် အိန္ဒိယနိုင်ငံအတွင်း CAA ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားလျှက်ရှိသည်။ အာသံပြည်နယ်ရောက် နိုင်ငံမဲ့ မွတ်စလင်အများစု ၁.၉ သန်းမှ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယတို့ ညှိနှိုင်းလျှက်ရှိပြီး ဘင်္ဂလားဒက်ရှ်ကလည်း ၎င်းတို့နိုင်ငံသားမဟုတ်လျှင် လက်မခံဟု ငြင်းဆန်လျှက်ရှိပါသည်။ ထို့ပြင် ဘင်္ဂလားဒက်ရှ်၏ တရားဝင်လူမျိုးစာရင်းတွင် ရိုဟင်ဂျာ မရှိချေ။ ( အောက်-၉၊ ၂၀၁၉။ Ukhia News & Dhaka Tribune “ Rohingya NID fraud: CEC says EC not at fault.” ကို ရှု့ )

အာသံပြည်နယ်ရှိ မွတ်စလင်အများစု နိုင်ငံမဲ့ ၁.၉ သန်းတို့သည် စာမတတ်သူအများအပြားပါဝင်နေပြီး အထောက်အထားပြသနိုင်ခြင်း မရှိသည်မှာ သေချာလျှက်ရှိသည်။

ထို့ကြောင့် ၎င်းတို့တွင် ရိုဟင်ဂျာဆိုသူဦးရေ မည်၍ မည်မျှ ပါရှိမည်ဆိုခြင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တို့၏ သဘောထားသာမက ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီတို့က မည်သို့ ဆုံးဖြတ်မည်ဆိုခြင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., 04 Jan 2020, “Malaysia detains 78 Bangladeshis in a drive against illegal immigrants.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#မလေးရှား၏ ခိုးဝင်တားဆီးရေး နှစ်သစ်အစီအစဉ် #ဂျမူးနှင့်ကက်ရှ်မီးယားဒုက္ခသည်ဘင်္ဂါလီ

https://bdnews24.com/bangladesh/2020/01/04/malaysia-detains-78-bangladeshis-in-a-drive-against-illegal-immigrants

https://www.indiatoday.in/india/story/next-move-on-deportation-of-rohingya-refugees-union-minister-jitendra-singh-1633814-2020-01-04

ရိုဟင်ဂျာတွေ ပြည်နှင်ဒဏ်ပေးဖို့ ဂျမူးပါတီ တောင်းဆိုဆန္ဒပြ~~~~~~~~~~■ အိန္ဒိယနိုင်ငံတောင်ပိုင်း ဂျမူးမြို့မှာ ဒေသခံ NPP…

Posted by RFA Burmese on Saturday, 4 January 2020

https://economictimes.indiatimes.com/news/terror-attack

https://timesofindia.indiatimes.com/india/Since-2005-terror-has-claimed-lives-of-707-Indians/articleshow/53234226.cms

https://zeenews.india.com/india/pm-narendra-modi-slams-oppositions-divisive-politics-on-caa-says-citizenship-law-not-anti-muslim-2253822.html?fbclid=IwAR2r5o57UpRvceSU5nzODW6nsIJM2ecYN_yLGdoAXOYgYvKVDDFiqrQl5Ls

0

Leave a Reply

Your email address will not be published.