မဲဆန္ဒရှင် ၁၀၄-သန်းတွင် ရိုဟင်ဂျာဆိုသူများ တစ်ယောက်မျှ မပါဝင်ဟု ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်း။ ဒုက္ခသည်ဘင်္ဂါလီများအား ဘင်္ဂလားဒက်ရှ်အမျိုးသား သက်သေခံကတ်ထုတ်ပေးသည့်သတင်း မှန်ကန်ခြင်း မရှိဟုဆို။

လွန်ခဲ့သည့် စက်တင်ဘာ-၂၃ ရက်နေ့တွင် စစ်တကောင်းခရိုင်ရွေးကောက်ပွဲကော်မရှင် ယာယီဝန်ထမ်း ၃-ဦးကို  ဘင်္ဂလားဒက်ရှ်အမျိုးသားသက်သေခံ Bangladeshi national identity (NID) ကတ်ပြား တရားမဝင်ကိုင်ဆောင်စေမှုနှင့်ပတ်သက်ကြောင်း စွပ်စွဲခံရပြီး သက်ဆိုင်ရာ၏ ဖမ်းဆီးခဲ့ရသည်။ 

  
ဒုက္ခသည်ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာဟုဖော်ပြ ) အများအပြားလက်ဝယ်သို့ အမျိုးသားသက်သေခံကတ်ပြား တရားမဝင်ရရှိစေမှုတွင် ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းမှုမဟုတ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ( CEC ) ကေအမ်နူရူးလ်ဟူဒါက ရမ်ပူရ်မြို့ သတင်းစာရှင်းလင်းပွဲ၌ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Ukhia News က အောက်တိုဘာ ၁၊ ၂၀၁၉ တွင်ရေးသားသည်။ 


ရွေးကောက်ပွဲကော်မရှင်သည် ဘင်္ဂလားဒက်ရှ်တစ်နိုင်ငံလုံးအတွက် သတင်းအချက်အလက်များကောက်ယူရရှိခဲ့ရာ မဲဆန္ဒရှင် ၁၀၄ သန်းတို့တွင် ရိုဟင်ဂျာဆိုသူများ မပါဝင်ကြောင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းတို့အနက် အချို့သည် အမျိုးသားသက်သေခံကတ်ပြားပါအချက်အလက်များအား တရားမဝင်နည်းလမ်းဖြင့် ရယူရန် လေ့လာအားထုတ်ခဲ့ကြကြောင်း၊ ၎င်းတို့သည် ကော်မရှင်၏ ကွန်ပျူတာဆာဗာ ( Server ) မှ သတင်းအချက်အလက်များ ရယူခဲ့ခြင်းမဟုတ်ပဲ ၎င်းတို့နှင့် အပေါင်းပါ ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းအချို့မှတဆင့် ရရှိသောအချက်အလက်များကို အသုံးပြု၍ NID ကတ်အတုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့အချက်အလက်ပေါက်ကြားမှု့တွင် ပတ်သက်ကူညီသည့် ရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းတို့ကို အချိန်မီဖော်ထုတ်နိုင်ခဲ့ပြီး ဆက်လက်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ ယခုအခါ အမျိုးသားသက်သေခံကတ်ပြား တရားမဝင် ရရှိစေမှု ရပ်တန့်သွားပြီဖြစ်ကြောင်း နူရူးလ်ဟူဒါက ပြောဆိုသည်။ 

  
ရွေးကောက်ပွဲကော်မရှင်ရုံး အမျိုးသားသက်သေခံကတ်ပြားဆိုင်ရာဋ္ဌာန အထွေထွေမန်နေဂျာသည် အချက်အလက်ပေါက်ကြားမှု၌ ပတ်သက်သည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်း၏ စက်တင်ဘာ ၂၃-ရက်နေ့ အစစ်ခံချက်အရ အခြားဆက်နွယ်သည့် ယာယီနှင့် အမြဲတန်းဝန်ထမ်းများအပါအဝင် ကော်မရှင်ရုံးဝန်ထမ်း စုစုပေါင်း ၁၅-ဦး ခန့်နှင့် ပေါက်ကြားခဲ့သည့် အချက်အလက်အတိအကျကို သိရှိခဲ့ရကြောင်း၊ အချက်အလက်များအား မသမာသော နည်းလမ်းဖြင့်ရယူ၍ မဲဆန္ဒရှင်အဖြစ် လိမ်လည်ရန် အားထုတ်သည့် ဒုက္ခသည် ဘင်္ဂါလီ ၆၁-ဦး၏ အမည်စာရင်းအား ဆက်လက်ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အားလုံးကို မကြာမီ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ အမြင့်ဆုံး ပြစ်ဒါဏ်ချမှတ်စေရန် ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တွင် ကော်မရှင်၏ ဆာဗာမှ အချက်အလက်များကို တရားမဝင် ရယူနိုင်ခြင်း မရှိစေရန် လိုအပ်သည်များကို လုပ်ဆောင်လျှက်ရှိကြောင်း ဆက်လက်ပြောဆိုသည်။ 

  
လွန်ခဲ့သည့် စက်တင်ဘာ ၂၃-ရက်နေ့မှစတင်တွင် စစ်တကောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ယာယီဝန်ထမ်း ၃-ဦး၊ ဒါကာမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး အမျိုးသားသက်သေခံကတ်ပြားဆိုင်ရာဋ္ဌာန နည်းပညာကျွမ်းကျင်သူ ၁-ဦးကို ဘင်္ဂလားဒက်ရှ်ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးခဲ့သည်။ ထိုနောက် ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းအချို့ ကို ကော်မရှင်၏ရုံးသုံးကိရိယာများအား တရားမဝင်အသုံးပြုမှု၊ မသမာသောနည်းလမ်းဖြင့် ရယူထားသော အချက်အချက်အလက်များကို အသုံးပြုကာ အမျိုးသားသက်သေခံကတ်ပြားအတုပြုလုပ်မှုတို့ဖြင့် ဆက်လက်ဖမ်းဆီးခဲ့သည်။ 


ဘင်္ဂလားဒက်ရှ်အာဏာပိုင်တို့သည် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာဆိုသူများတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ အမျိုးသားသက်သေခံကတ် ( NID ) နှင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား လွန်ခဲ့သော လအနည်းငယ်မှစတင်ကာ ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ 

  
(( ကျွန်တော်တို့ မြန်မာနိုင်ငံတွင် သွေးချင်းတိုင်းရင်းသားမျိုးနွယ်ဖြစ်သော မွန်-ကရင်တို့ကို ထိုင်းနိုင်ငံတွင်၎င်း၊ ကိုးကန့်၊ ဝ၊ ကချင်တို့ကို တရုတ်နိုင်ငံ၌၎င်း၊ ကသည်း-နာဂတို့ကို အိန္ဒိယ၌၎င်း တရားဝင်လူမျိုးအမည်ဖြင့် ထင်ရှားစွာတွေ့မြင်ရပါသည်။ အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တွင် မြန်မာတို့နှင့် ရုပ်ရည်ချင်းအလွန်ဆင်သည့် ရခိုင်၊ ချက္ကမာ ( ဒိုင်းနက်)၊ မရမာကြီးတို့ကို တရားဝင်တွေ့ရှိရသော်လည်း “ ရိုဟင်ဂျာလူမျိုး “ ဟူ၍ ဘင်္ဂလားဒက်ရှ်သာမက အိန္ဒိယ၌ပါ တရားဝင်လူမျိုးအမည်ဖြင့် မတွေ့ရသည်မှာ ထူးဆန်းလှသည်။

  
စင်စစ်အားဖြင့် ယနေ့ ရိုဟင်ဂျာဟု ရည်ညွှန်းပြောဆိုခြင်းခံရသူများသည် ကော့ခ်ဘဇားဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဆိုသူများကို ဆိုလိုပြီး၊ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း တရားမဝင်ကြောင်း ယခု ဘင်္ဂလားထုတ်သတင်းက အခိုင်အမာ ပြသလျှက်ရှိပါသည်။

 
ကမ္ဘာပေါ်တွင် ဟန်တရုတ်နှင့် အာရပ်တို့နည်းတူ ဘင်္ဂါလီတို့သည်လည်း ရှေးအကျဆုံး လူမျိုးများဖြစ်ကြပါသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရာဘင်ဒြာနသ့်တဂိုး ကဲ့သို့ ကဝိစာဆိုများ၊ ဆာဂျစ်တာယေး၊ အင်မရန်ခန်း၊ အရှိုကူမားကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာနှင့် သရုပ်ဆောင်များ၊ ဆူဘတ်ချန်ဒရာဘို့စ်၊ ဂျိုရိုတီဘာဆု ကဲ့သို့ ထင်ရှားသော နိုင်ငံရေးသမားများ၊ နိုင်ငံတကာသိ သိပ္ပံပညာရှင်များနှင့် ထူးချွန်သူအများအပြား ထွန်းပေါ်ခဲ့သည့် လူမျိုးနွယ်ကြီးဖြစ်ပါသည်။ 

  
သို့သော် အိန္ဒိယတိုက်ငယ်နှင့် မြန်မာနိုင်ငံအား နှစ်ရာချီ ကိုလိုနီပြုခဲ့သည့် အင်္ဂလိပ်တို့မှတ်တမ်းတွင် စစ်တကောင်းဘင်္ဂါလီအဖြစ် သေချာခိုင်လုံစွာရေးမှတ်ခဲ့သော လေသံကွဲဘင်္ဂါလီစကားပြောဆိုသူများ ဘယ်ရောက်သွားပြီဆိုသည်ကို ယခုလောက်ဆိုလျှင် ကောင်းစွာမှန်းဆနိုင်လောက်ပါပြီ။ 


ထိုသို့ မှန်းဆရာတွင် လူမျိုးကြီးဖြစ်သူတို့၏ ဇာတိပုညအား ထိခိုက်စေလိုခြင်းမရှိသည့်အပြင် ကမ္ဘာတစ်ဝှမ်းလူ သန်းပေါင်းများစွာ ယုံကြည်ကိုးကွယ်သည့် သာသနာကြီးကိုလည်း စော်ကားလိုခြင်း  မပါဝင်ပါ။ အငြင်းပွားရန် မရှိသော၊ နိုင်ငံရေး ရည်မှန်းချက်ဖြင့် လူမျိူးတစ်မျိုး ဖန်တီးခြင်းကို ထောက်ပြခြင်းနှင့် လူ့အဖွဲ့အစည်းကြီး ၂-ရပ်အကြား သွေးကွဲ သံသယပွားဖွယ်ဖြစ်ကြောင်း နောက်ဆက်တွဲရလာဒ်ကို စိတ်ရင်းမှန်အတိုင်းဖော်ပြရန်မှာ ကျွန်တော်များလည်း ထမင်းစားနေသူများဖြစ်၍ လူ့အခွင့်အရေး ရှိပါသည်။ ။ သတင်းဘာသာပြန်သူ )) 

((( အောက်တိုဘာ – ၀၉၊ ၂၀၁၉။ Ukhia News., 01-10-2019,” Rohingya NID fraud: CEC says EC not at fault.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

http://en.ukhiyanews.com/rohingya-nid-fraud-cec-says-ec-not-at-fault/ 

#ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင် #ရိုဟင်ဂျာလူမျိုးတရားဝင်မရှိ

0

Leave a Reply

Your email address will not be published.