မျက်နှာဖုံးစွပ် ဆူပူဆန္ဒပြသူများ၏ အန္တရာယ်မကင်းသော တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသဖြင့် ဟောင်ကောင် အဓိကရုန်းနှိမ်နင်းရေးရဲတို့ လက်နက်ပြောင်းလဲ တပ်ဆင်

ဟောင်ကောင်တွင် မျက်နှာဖုံးစွပ်ဆူပူဆန္ဒပြသူများ၏ အန္တရာယ်မကင်းသော တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့အား လူသေစေသည့် အဓိကရုန်းနှိမ်နင်းရေးလက်နက်များကို ပြောင်းလဲတပ်ဆင်လာသည်ကို တွေ့ရှိရကြောင်း South China Morning Post က ယနေ့ရေးသားသည်။

အဓိကရုန်းဖြစ်ပွားရာ ရှေ့ဘက်အကျဆုံး၌ တာဝန်ထမ်းဆောင်သူ ရဲတပ်ဖွဲ့ဝင်တို့သည် မောင်းပြန်စက်သေနတ်၊ ဆပ်မရှင်းဂန်း ပုံစံလက်နက်များကိုင်ဆောင်ထားကြပြီး ယခင် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာ၌ ကိုင်ဆောင်သော လက်နက်များနှင့် မတူကြောင်း တွေ့ရှိရသည်။

ဆူပူသူများသည် တက္ကသိုလ်များအားစီးနင်းသိမ်းယူရာ၌ ရဲတပ်ဖွဲ့ဝင်များအား အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ယုံ မဟုတ်တော့ချေ။ သတ္ထုပိုက်လုံး၊ အက်ဆစ်ရည်၊ ဓါတ်ဆီပုလင်းဗုံး၊ လေးနှင့်မြား၊ လက်ဖြစ်လောက်လေးဂွ အများအပြား အသုံးပြု တိုက်ခိုက်ကြခြင်းဖြစ်သည်ဆို၏။

တနင်္ဂနွေနေ့ ပိုလီတက္ကနစ်တက္ကသိုလ်ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ခြေသလုံးတွင် မြားစိုက်ဝင်ဒါဏ်ရာရှိခဲ့ပြီး၊ လောက်လေးဂွတွင် သတ္ထုဘောစေ့ဖြင့် ပစ်ခတ်သဖြင့် အခြားရဲတပ်ဖွဲ့ဝင် တစ်ဦး ထိမှန်ဒါဏ်ရာရရှိခဲ့ရသည်။ မျက်နှာဖုံးစွပ် ဆူပူသူများသည် မီးလောင်ဗုံးများဖြင့် ဒလစပ်ပစ်ခတ်ကြပြီးနောက် အဓိကရုန်းထိမ်းသိမ်းရေး သံချပ်ကာယာဉ်တစ်စီးကိုလည်း မီးတင်ရှို့ခဲ့ကြသည်။ ကားဖြင့် ဒလကြမ်းဝင်တိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်များက ကျည်အစစ်အသုံးပြု ဟန့်တားခဲ့ကြောင်းလည်း သိရှိရသည်။

ရိုင်ဖယ်နှင့် စက်သေနတ်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များကို မြင်ရသည်မှာ စစ်မြေပြင်တွင် အထူးတိုက်ခိုက်ရေး ( SDU ) ယူနစ်မှ စနိုက်ပါသေနတ်သမားနှင့် တိုက်ခိုက်ရေးသမားများပုံပေါက်နေသည်။

ဆူပူသူတို့က အကွာအဝေး တစ်ခုထိ လူသေစေသော လေးနှင့်မြားအသုံးပြုသည်ကို တွေ့ရပြီးနောက် အဓိကရုန်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်တို့အနေဖြင့်လည်း လူသေစေသည့် လက်နက်များ အသုံးပြုရန်ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

(( ယနေ့နိုင်ငံတကာတွင် Civil Disobedience ခေါ် အစိုးရဆန့်ကျင်ရေး စုဝေးဆူပူမှု့များ၌ လူသေဆုံးခြင်းများဖြစ်ပွားလျှက်ရှိသည်။

၎င်းတို့အနက် ဘိုလစ်ဗီးယား ၃-ဦး၊ အီရတ် ၃-ဦး၊ အီရန် ၁၀၆-ဦး တို့မှာ လွန်ခဲ့သော ၂၄ နာရီအတွင်း အဓိကရုန်းများ၌ မှတ်သားဖွယ်လူသေဆုံးမှု့များဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post., 20 Nov, 2019, “ Police respond to more menacing mob attacks by bringing out lethal anti-riot weapons not used earlier in unrest. “ ကို #HtayOung,

#OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.scmp.com/news/hong-kong/law-and-crime/article/3038453/police-respond-deadlier-mob-attacks-bringing-out?utm_content=article&utm_medium=Social&utm_source=Facebook&fbclid=IwAR2iczwLfF8h0f5FPzEGu7n0_FgV8YX25wnzm9Az_EtYgVpIPX4m9808LkU#Echobox=1574219560

https://www.independent.co.uk/news/world/middle-east/iraq-protests-baghdad-karbala-iran-consulate-death-toll-violence-latest-a9184421.html

#ဟောင်ကောင်အဓိကရုန်း #မောင်းပြန်စက်သေနတ် #လူသေစေသောလက်နက်

0

Leave a Reply

Your email address will not be published.