မငြိမ်သက်မှုပိုမိုဆိုးရွားလာပါက မြန်မာသို့ခရီးသွားလာခြင်းကို တားမြစ်ရန်နှင့် နိုင်ငံသားများအား ပြန်လည်ခေါ်ယူရန် စဉ်းစားရလိမ့်မည်ဟု တောင်ကိုရီးယားအာဏာပိုင်များပြောဆို။ အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် ၅၇၇-ဦးထက်မနည်းနှင့် ရန်ကုန်ကိုရီးယားဘဏ်ခွဲဝန်ထမ်း သေနတ်ထိမှန်သေဆုံး


နိုင်ငံရေးမတည်ငြိမ်မှုများ ယခုထက်ပိုမိုဆိုးရွားလာပါက တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ခရီးသွားလာခြင်းကို တားမြစ်ရန်နှင့် တောင်ကိုရီးယားနိုင်ငံသားများ ထွက်ခွာလာရေးအတွက် နောက်ထပ်ယာယီလေယာဉ်ခရီးစဉ်များစီစဉ်ပေးရန်ကို စဉ်းစားရလိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ အရာရှိများက တနင်္လာနေ့၌ ပြောဆိုသည်ဟု Korea Times က ယနေ့ရေးသားသည်။…    
မငြိမ်သက်မှုများ ဖြစ်ပေါ်စေသည့် ဖေဖော်ဝါရီ ၁-ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ရက်သတ္တ တစ်ပတ်လျှင် ယာယီလေယာဉ်ခရီးစဉ် တစ်ကြိမ် သို့ဟုတ် နှစ်ကြိမ်ပျံသန်းနိုင်ရန် တောင်ကိုရီးယားအစိုးရက စီစဉ်ပေးထားသည်။ မြန်မာနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံသား ၃,၅၀၀ ခန့်ရှိရာတွင် ၄၁၁-ဦးတို့မှာ အဆိုပါ လေယာဉ်များဖြင့် ပြန်လည်ရောက်ခဲ့ကြပြီး ယခုရက်သတ္တပတ်တွင် နောက်ထပ်ပြန်လာရန် ၂၇၄-ဦး ရှိနေ ကြောင်း သိရှိရသည်။…  
မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရက ကန့်ကွက်ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် ၅၇၇-ဦးထက်မနည်း သေဆုံးခဲ့ပြီး လူမှုရေး မငြိမ်သက်မှုများ မြင့်တက်လျှက်ရှိသည်။…  
တောင်ကိုရီးယားနိုင်ငံသားအသိုင်းအဝိုင်းမှ ထိခိုက်သေဆုံးမှု မရှိသေးသော်လည်း တောင်ကိုရီးယားပိုင် Shinhan ဘဏ်၏ ရန်ကုန်ရုံးခွဲမှ ဒေသခံဝန်ထမ်းတစ်ဦးမှာ သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးရသည့်အတွက် သတိပြု သွားလာကြရန် စိုးရိမ်စရာဖြစ်ခဲ့ရသည်။ တောင်ကိုရီးယားနိုင်ငံသားများအား အကာအကွယ်ပေးနိုင်ရေး အတွက် လိုအပ်ပါက ခရီးသွားလာခွင့် တားမြစ်ရန် ဖြစ်နိုင်ခြေများအပါအဝင် အထူးလေယာဉ်များတိုးမြှင့်ပျံသန်းရေးအတွက် မြန်မာလေကြောင်းအာဏာပိုင်များ၊ လေကြောင်းလိုင်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြင့် အပြည့်အ၀ ပြင်ဆင်လျှက်ရှိကြောင်း၊ …ဧပြီလ ယခုရက်သတ္တပတ်မှစတင်၍ အပတ်စဉ် လေယာဉ် ၃-စီး ပျံ သန်းလျှက်ရှိကြောင်း၊ ၄-စီးအထိ စီစဉ်ပေးနိုင်သော်လည်း လေယာဉ်လက်မှတ်ဝယ်လိုအားမှာ ၎င်းအဆင့်သို့ မရောက်ရှိသေးကြောင်း၊ အရာရှိများက ရှင်းပြသည်။…   
မြန်မာနိုင်ငံတွင် တောင်ကိုရီးယားပိုင် ကုမ္ပဏီပေါင်း ၂၆၀ ကျော်ရှိနေပြီး အများစုမှာ လည်ပတ်လျှက်ရှိသော အထည်ချုပ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်သည့်အတွက် တိုင်းပြည်မှထွက်ခွာရန် အခက်တွေ့နေကြသည်ဆို၏။…   
ခရီးသွားလာခွင့် တားဆီးခြင်းမှာ ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုတစ်ခုဖြစ်သော်လည်း ချက်ချင်းလက်ငင်း ဆောင်ရွက်ရမည့် အခြေအနေအပေါ်ပေါက်သေးကြောင်း၊
၎င်းဆောင်ရွက်ရန်ကို မှတ်သားထားပြီး ခရီးသွားလာရေးတားမြစ်ခြင်းမတိုင်မီ ဘေးကင်းလုံခြုံသည့်နေရာတွင် နေထိုင်ကြရန် ကိုရီးယားနိုင်ငံသားတိုင်းကို ရှေးဦးစွာ ညွှန်ကြားမည်ဖြစ်ကြောင်း၊ ထိုမျှနှင့်မကပဲ အပြည့်အ၀ ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း တောင်ကိုရီးယား အရာရှိများက ပြောဆိုသည်။…  
စနေနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ခရီးသွားလာရေးသတိပေးချက်ကို“ အနီရောင်” အဆင့်အဖြစ်မြှင့်တင်ခဲ့ရာ ၎င်းသည်အဆင့် ၄-ဆင့်စနစ်တွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။…   
လွန်ခဲ့သည့် ရက်သတ္တပတ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ချန်အီယောင်က မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသားများ ပြန်ခေါ်ခြင်းကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချပါက ၂၄-နာရီအတွင်း စစ်ဘက်လေယာဉ် သို့မဟုတ် အထူးလေယာဉ်များ စေလွှတ်နိုင်ခြေရှိသည်ဟု ပြောဆိုကြောင်း #ယွန်ဟတ် သတင်း အေဂျင်စီက ဖော်ပြသည်။

(((Korea Times., : 2021-04-05,” Gov’t may consider banning travel to Myanmar if unrest worsens: official.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#မငြိမ်သက်မှုဆိုးရွားလာပါက_မြန်မာမှနိုင်ငံသာများပြန်ခေါ်ခြင်း_ခရီးသွားမှုတားဆီးခြင်းပြုလုပ်ရန်_တောင်ကိုရီးယားသုံးသပ်

http://www.koreatimes.co.kr/www/nation/2021/04/120_306642.html?fa&fbclid=IwAR1rjYOfOJ6LIk2NheJmuJsbza_1KyI2eN0lw7vd7ybCHfQ_JR-9jNSR-N0 

Leave a Reply

Your email address will not be published.