မမြင်ရသော ရန်သူကို လျှော့မတွက်ပါနှင့်။ ဥစ္စာကို ကံစောင့်၍ အသက်ကို ဉာဏ်စောင့်ပါသည်။


ယခုရက်ပိုင်းအတွင်း ကျွန်တော်၏ စိတ်အလျဉ်၌ အမြဲတွေးနေမိသည်မှာ မြန်မာပြည်ကြီးကို SAC ကပဲ အုပ်ချုပ်မလား၊ NUG ကပဲ ချုပ်ကိုင်နိုင်မလားဆိုသည့် ကိစ္စ လုံး၀ မဟုတ်ပါ။

R2 လဲ မ P … ဘာ UN နှင့် နိုင်ငံတကာတပ်များကိုလည်း စိတ်မဝင်စားပါ။
….
ကျွန်တော်ချစ်သော နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် တွေးပူမိသည်မှာ SAR-CoV-2 ခေါ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်သာလျှင်ဖြစ်ပါသည်။

အိမ်နီးချင်း အိန္ဒိယတွင် တစ်ရက်တည်း၌ လူ ၃-သိန်းမျှ ဗိုင်းရပ်စ်ရောဂါကူးစက်ခံရ၍ နေ့စဉ် လူ ၁,၀၀၀ ကျော် သေဆုံးနေသည်။ ဘင်္ဂလားဒေ့ရှ်တွင်လည်း ကူးစက်သေဆုံးနှုန်း မြင့်တက်လျှက်ရှိပါသည်။ ယခင်က ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် သေဆုံးနှုန်းမှာ ၁၀၀ လျှင် ၁.၄ ဦးခန့်ဖြစ်သည်။ ယခုအခါ ကူးစက်ခံရလျှင် ၄၄% ကို ဆေးရုံတင်ရန် မလွဲမသွေ လိုအပ်ပြီး၊ ၎င်းတို့၏ ၄၈% မှာ ၅-ရက်အတွင်း သေဆုံးလျှက်ရှိသည်။ ကျန် ၁၆% မှာလည်း ၅-ရက်မှ ၁၀-ရက်အတွင်း သေဆုံးသည်။

မြန်မာနှင့် ရေမြေ ရာသီဥတု တူညီသည့် ထိုင်း- လော- ကမ္ဘောဒီယားစသည့် ဒေသတွင်းနိုင်ငံများ၌ ကူးစက်သေဆုံး ပြန်လည်ဖြစ်ပွားလျှက်ရှိရာ လေယာဉ်ပျံသန်းမှုများကို တားဆီးခြင်း Lockdown နှင့် ကွာရန်တင်း ပြဋ္ဌာန်းခြင်းများ အသည်းအသန် လုပ်ဆောင်နေကြသည်။

ကျွန်တော်တို့ဆီတွင် နေ့စဉ်ပိုးတွေ့အရေအတွက် နည်းပါးနေသည်မှာ နေ့စဉ် လူ ၁-ထောင်ဝန်းကျင်သာ စစ်ဆေးနိုင်၍ ဖြစ်ပါသည်။ သွေးနှင့်သားနှင့် လူချင်း အတူတူဖြစ်၍ စစ်လျှင် တွေ့မည်မှာ သေချာနေပါသည်။

မြန်မာပြည်၌ #လူ ရှိနေသေးလျှင် အာဏာသိမ်းချင်သူကလည်း သိမ်း၍ တော်လှန်ရေးလုပ်လိုသူလည်း လုပ်ခွင့် ရနိုင်ပါသည်။ SAC နှင့် NUG တို့ တစ်စားပွဲတည်းထိုင်ကာ ဆွေးနွေးညှိနှိုင်း၍ ပြေလည်မှု ရကောင်း ရနိုင်သည်။…  
သာမန်မျက်စိဖြင့် မမြင်ရသော Covid-19 ဗိုင်းရပ်စ်ကိုမူ ဘယ်နည်းနှင့်မှ ညှိနှိုင်းမရ တောင်းပန်၍ ရမည် မဟုတ်ပါ။

ဥစ္စာကို ကံစောင့်၍ အသက်ကို ဉာဏ်စောင့်သည်ဟု ဆိုရိုးရှိပါသည်။

ကျွန်တော်တို့ နိုင်ငံအတွင်း နေထိုင်သူအားလုံးတို့အတွက်..
….
♦ ရောဂါပိုး စွဲကပ်လျှက်ရှိကြောင်း နေ့စဉ် အရေအတွက်များများ စစ်ဆေးဖော်ထုတ်ပါ
♦ ကာကွယ်ဆေး ထိုးနှံပေးမည့် စင်တာများ ထူထောင်ပေးပါ
♦ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုကို အတတ်နိုင်ဆုံး များနိုင်သမျှ များများဆောင်ရွက်ပေးပါ
♦ ကူးစက်ခြင်းခံရသူများအား ဆေးဝါးအကူအညီ ရရှိစေရန် စီစဉ်ပေးပါ
♦ ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးကာကွယ်ရေး အသိပညာပေးမှု မြှင့်တင်ဆောင်ရွက်ပေးပါ။
♦ ကပ်ရောဂါ ကာလအတွင်း လူသားချင်းစာနာသောအားဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ဥပဒေချိုးဖောက်သည်ဟု အရေးယူအချို့က လျှော့ပေါ့ ပေးပါ။


အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine 

+1

Leave a Reply

Your email address will not be published.