ယခုတစ်နှစ်တည်း၌ပင် ကမ္ဘာ့ဝက်ကောင်ရေ ၄ ပုံ ၁ ပုံ လျော့နည်းဖွယ်ရှိ။ ဝက်သားဈေးမြင့်တက်မှုနှင့် ကြုံတွေ့နိုင်

ယခုနှစ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ကမ္ဘာ့ဝက်ကောင်ရေ ၄ ပုံ ၁ ပုံ လျော့နည်းဖွယ်ရှိသည်ဟု မျှော်လင့်ရပြီး ဝက်သားပြတ်လပ်ခြင်း၊ ဝက်သားဈေးနှုန်း ကြီးမြင့်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ ဥက္ကဋ္ဌက သတိပေးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။လက်ရှိဖြစ်ပွားနေသော အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဝက်များသေဆုံးရသည့်အကြောင်းရင်းတွင် ၁၀၀ ရာခိုင်နှုန်းမျှရှိသည်ဟုထင်မှတ်ရသည်။ သို့သော် ထိုရောဂါသည် လူသားများအား ကူးစက်-သယ်ဆောင်သော ခြိမ်းခြောက်သည့် လက္ခဏာ လောလောဆယ် မတွေ့ရှိရသေးချေ။

ကမ္ဘာ့ဝက်ကောင်ရေ ထက်ဝက်ကျော်ပိုင်ဆိုင်သော တရုတ်သည် ယခုဖြစ်စဉ်တွင် အထိနာဆုံးဖြစ်သည်။ ၂၀၁၈ – သြဂုတ်လကတည်းက တရုတ်အာဏာပိုင်များအနေဖြင့် ဝက်ကောင်ရေ ၁.၂ သန်းကို သုတ်သင်ခဲ့ရပြီး ဝက်သားဈေးမှာလည်း ၂-ဆကျော် မြင့်တက်ခဲ့ရသည်။ တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ တချို့တဝက်သာ ပြေငြိမ်းမှု ရရှိပြီးဖြစ်သော်လည်း အမေရိကန်က တရုတ်သို့ ဝက်သားတင်ပို့မှုမှာ ၂-ဆရှိခဲ့သည်။ယခုနှစ် တစ်နှစ်တည်းတွင် တရုတ်ပြည်တွင်း ဝက်များ၏ ၂၀ မှ ၇၀ ရာနှုန်းဖြစ်သော ဝက်ရေကောင် သန်း ၃၅၀ တွင် အပြင်းဖျားရောဂါ ကျရောက်ဖွယ်ရှိသည်။ တရုတ်သာမက ပိုလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်အပါ အဝင် နိုင်ငံ ၅၀ ခန့်တွင်လည်း ဝက်အပြင်းဖျားရောဂါ ကျရောက်နိုင်ကြောင်း ခန့်မှန်းရသည်။ ဝက်သားအသုံး ပြုထုတ်ကုန်ပစ္စည်း၊ ဝက်သွေးမှ ထုတ်ယူသော သွေးခဲဆန့်ကျင်ဆေးဝါးပစ္စည်း ရောင်းဝယ်မှု့ကို ထိခိုက်မည်ဖြစ်ပြီး အခြားသော အသားငါးဈေးနှုန်းများလည်း တစ်နွယ်ငင် တစ်စင်ပါ ပျက်ပြားစေမည်ဖြစ်သည်။

ကုသကာကွယ်ဆေး ဖော်စပ်ရေးမှာ နှေးကွေးလျှက်ရှိပြီး အကယ်၍ ဆေးဝါးတွေ့ရှိချိန်၌ ရောဂါဖြစ်စေသော ဗိုင်းရပ်စ်မှာ တည်ဆောက်ပုံ ပြောင်းလဲရှုတ်ထွေးလျှက် ကျယ်ပြန့်စွာ ကူးစက်လျှက်သား ဖြစ်နိုင်သည်ဆို၏။တရုတ်ပြည်တွင် ဝက်ကောင်ရေလျှော့နည်းခြင်းကို ကာမိရန်အတွက် အလေးချိန် ပေါင် ၁,၁၀၀ ရှိ ဝင်ရိုးစွန်း ဝက်ဝံအရွယ် ဝက်များမွေးမြူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ ဝက်ပေါ်ချိန်တွင် ဝင်ငွေ ၃-ဆတိုး၍ ရရှိပြီးု ဝက်များတွင် လက်ရှိကျရောက်သော ဗိုင်းရပ်တိုက်ဖျက်ဆေးဝါးကို ထုတ်ယူနိုင်ရန် ကြိုးစားလျှက်ရှိသည်။

((( Russia Today., 31 Oct, 2019,” Quarter of world pig population could be wiped out this year alone, animal health expert warns.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/472320-quarter-global-pig-population-doomed/https://www.bloomberg.com/news/articles/2019-10-06/china-is-breeding-giant-pigs-the-size-of-polar-bears?srnd=premium

Leave a Reply

Your email address will not be published.