ယမန်နေ့ ဖော်ပြခဲ့သော သတင်းတွင် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးရန်ပုံငွေ၌ မြောက်ကိုရီးယားအစား တောင်ကိုရီးယား ဖြစ်သွားပြီး မူရင်းတစ်ခုလုံး ပြောင်းလဲသွားခြင်း

ယမန်နေ့တွင် … ( မြောက်ကိုရီးယားက မြန်မာအား အကူအညီပေးမည့် ကုလသမဂ္ဂအစီအစဉ်အတွက် ဒေါ်လာ ၃-သိန်း ထည့်ဝင်ကြောင်း ရုရှားသတင်းစာဖော်ပြ။ ၂၀၀၅-ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံး ငွေကြေး အလှူဖြစ်ဟုဆို။ ရန်ပုံငွေ ၂၇၆-သန်း လိုအပ်ရာတွင် ပြင်သစ်က ဒေါ်လာ ၃-သိန်းသာ ထည့်ဝင်..) ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ကျွန်တော် ဘာသာပြန် ဖော်ပြခဲ့ပါသည်။

၎င်းမှာ ရုရှားသတင်းစာ Russia Today(June 17,2021) ၏ North Korea gives first financial aid since 2005, granting a whopping $300,000 to Myanmar ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

မူရင်းသတင်းမှာ လွှင့်တင်ပြီး နာရီအနည်းငယ်အကြာတွင် မြောက်ကိုရီးယားအစား တောင်ကိုရီးယားဖြစ်သွားပြီး ထည့်ဝင်ရန်ပုံငွေမှာလည်း အမေရိကန် ဒေါ်လာ ၉-သိန်းဟု ပြောင်းလဲသွားပါသည်။

မူရင်းသတင်းတွင် ၎င်းတို့ ကိုးကားသည့် ကုလသမဂ္ဂ၏ ဝဘ်ဆိုက်တွင်အရ မှားယွင်းဖော်ပြမိခဲ့ကြောင်း ဝန်ခံထားပြီး ဓါတ်ပုံတွင်လည်း ပြောင်းလဲဖော်ပြသည်ကို တွေ့ရှိရပါသည်။

ပဋိပက္ခများဖြစ်ပွားလျှက်ရှိသည့် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက ရန်ပုံငွေ စုစုပေါင်း ၂၇၆-သန်းကို အလှူရှင်များထံမှ ရှာဖွေလျှက်ရှိရာ အိုင်ယာ လန်က ၁,၈၈,၈၃၈-ဒေါ်လာထည့်ဝင်သဖြင့် ပြင်သစ် ဖင်လန်တို့ထက် များစွာ ပိုမိုကြောင်း၊ အခြား အများဆုံး ထည့်ဝင်ကြသူများမှာ ဂျပန်က လိုအပ်ငွေ၏ ၁၃.၂ % နှင့် ဗြိတိန်က ၇.၂% တို့ အသီးသီးဖြစ်ကြောင်း

အမေရိကန်က ယခင်ကတိပြုထားသော ဒေါ်လာ ၅၁-သန်း၏ ထက်ဝက်ကိုသာ ထည့်ဝင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

မူရင်းသတင်းတွင် အကြောင်းအရာအတော်များများ ပြောင်းလဲသွားသည်ကို အချိန်မီ မပြင်နိုင်ပါသဖြင့်

ဖယ်ရှားခဲ့ရသည်ကို အနှူးအညွှတ်တောင်းပန်အပ်ပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.rt.com/news/526805-south-korea-myanmar-aid/

Leave a Reply

Your email address will not be published.