ယူဂနဒှါနိုငငှံကိုယစှားပှု အိုလံပဈအားကစားသမား အိုဆာကာတှငှ ကိုရိုနာဗိုငှးရပဈှစဈaဆးခှငှး မပှုမီ လူပါ ပှောကသှှား။ အသငှးဝငှ ၂-ဦး၌ ဒဲလတှာဗီဇပှောငှးဗိုငှးရပဈှကူးစကလှှှကရှှိကှောငှး တှေ့ရှိခဲ့သောလှညှး အိုကတှိုးပဂေးဆနှ ရညမှှနှးခကှဖှှငှ့ အလေးမသမား ခုနဆှငှး

သောကြာနေ့၌ ဂျပန်နိုင်ငံ ဂျပန်အနောက်ပိုင်းတွင် ပျောက်ဆုံးနေသော ယူဂန်ဒါအားကစားသမားအား ဒေသခံအရာရှိများက ရှာဖွေနေကြရခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် စိုးရိမ်ပူပန်နေကြစဉ် အိုလံပစ်ပွဲတော်ကျင်းပရေး ဂျပန်စီစဉ်သူများ၏ ကြီးကြပ်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်ရသည်ဟု AP သတင်းအေဂျင်စီက ယမန်နေ့ ရေးသားသည်။

…  
အိုဆာကာစီရင်စု အဇူမီဆာနိုတွင် ပျောက်ဆုံးနေသူမှာ အသက် ၂၀-အရွယ် ဂျုလီယပ်စီစီကီတိုလီကို အမည်ရှိကြောင်း တိုကျိုအိုလံပစ်ပွဲတော်တွင် ယူဂန်ဒါနိုင်ငံအား ကိုယ်စားပြု၍ အမှတ်စဉ်-၉ အားကစားသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအရာရှိများက အတည်ပြုသည်။

…  
သောကြာနေ့မွန်းတည့်အချိန်တွင် အဆိုပါအားကစားသမားအနေဖြင့် စမ်းသပ်ခံယူမည့် တံတွေးနမူနာကို လာရောက်ပေးအပ်ခြင်း မရှိရာမှ အဖွဲ့ဝင်များက သတိပြုမိခဲ့ကြောင်း၊ ၎င်းနေထိုင်သည့် ဟိုတယ်ခန်းတွင်လည်း လုံး၀ ရှိမနေကြောင်း၊ သောကြာနေ့နံနက်စောစောပိုင်းတွင် ၎င်းအခန်း၌ နောက်ဆုံးတွေ့ရှိရပြီး နံနက်ပိုင်း လေ့ကျင့်ရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

…     
စီစီကီတိုလီကို ပျောက်ဆုံးနေကြောင်း သိရှိရသော အရာရှိတို့က ရဲတပ်ဖွဲ့အား အကြောင်းကြားပြီးနောက် ရှာပုံတော်ဖွင့်ခဲ့ကြသည်။ ဟိုတယ်မှာ ၂၄-နာရီပြည့် စောင့်ကြည့်သည့်စံနစ် မရှိခြင်းကြောင့် မည်သည့်အချိန်၌ ပျောက်ဆုံးခဲ့သည်ကို မသိနိုင်ပဲ ဖြစ်ရသည်ဆို၏။

…   
ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရသည့် အိုလံပစ်အားကစားပွဲသည် တိုကျိုတွင် ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် စိုးရိမ်ပူပန်လျှက်ရှိကြစဉ် ဇူလိုင်လ ၂၃ ရက်နေ့၌ စတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သောကြာနေ့တွင် အိမ်ရှင်တိုကျိုမြို့၌ ကူးစက်ခံရသူ ၁,၂၇၁ -ဦးကို တွေ့ရှိခဲ့ရပြီး၊ ၎င်းမတိုင်မီ တစ်ရက်အလို၌ ၁၃၀၇-ဦးတွေ့ရှိခြင်းမှာ ၆-လအတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်သည်။

…   
ယူဂန်ဒါအသင်း၏ မျက်နှာသွင်ပြင်သဏ္ဍာန်ကို ဂျပန်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်ရေးစနစ်၌ ထည့်သွင်းထားပြီးဖြစ်သည်။

…  
ဇွန်လ ၁၉ ရက်နေ့ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် အသင်းဝင်တစ်ဦး၌ ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ကွာရန်တင်းဝင်ရန် စီစဉ်ပေးခဲ့ရသည်။ ကျန် ၈-ဦးကိုမူ မိုင် ၃၀၀ ကျော် ဝေးသည့် အိုလံပစ် အကြိုစခန်းတည်ရှိရာ အိုဆာကာ၏အနောက်ဘက်စီရင်စု အဇူမီဆာနိုသို့ ချာတာဘတ်စ်ကားဖြင့် ပို့ဆောင်ပေးခဲ့သည်။

…   
ရက်အနည်းငယ်အကြာတွင် ယူဂန်ဒါအသင်းမှ ဒုတိယမြောက်အသင်းဝင်တစ်ဦး၌ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း တွေ့ရှိရပြန်သဖြင့် အနီးကပ်ထိတွေ့ခဲ့သော မြိုအုပ်ချုပ်ရေး အမှုထမ်းနှင့် မော်တော်ယာဉ်မောင်းပါ ၇-ဦးတို့ကို သီးခြားခွဲထားရန် အမြန်စီစဉ်ခဲ့ရပြီးဖြစ်သည်။

…   
အရှေ့အာဖရိ ကုန်းတွင်းပိတ် ယူဂန်ဒါနိုင်ငံမှ လာရောက်သူ အားကစားသမားနှစ်ဦးလုံးတွင် ဒဲလ်တာဗီဇပြောင်းမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၇-ရက်နေ့တွင် ကွာရန်တင်းကာလပြီးဆုံး၍ ပြန်လည်လေ့ကျင့်လျှက်ရှိကြောင်း ကျန်းမာရေးအရာရှိများက ပြောဆိုသည်။

…  
ဂျပန်နိုင်ငံ အဇူမီဆာနိုစီရင်စုတွင် ပျောက်ဆုံးလျှက်ရှိသော ဂျုလီယပ်စီစီကီတိုလီကို အမည်ရှိသူမှာ အိုဆာကာ အိုလံပစ်ပွဲတော်၌ ယူဂန်ဒါနိုင်ငံအား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် အလေးမ အားကစားသမားဖြစ်ကြောင်း၊ ၎င်းသည် ယူဂန်ဒါတွင် ဘဝရပ်တည်ရေးခက်ခဲသောကြောင့် ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်လိုသည်ဟု စာရေးသား ထားရှိခဲ့ကြောင်း၊ အနီးအနားရှိ မီးရထားဘူတာမှ ဂျပန်အလယ်ပိုင်း နာဂိုယာသို့ ကျည်ဆံရထား လက်မှတ်ဝယ်ယူခဲ့သည်ကို မှတ်တမ်းတွေ့ရှိရကြောင်း Reuters က ယနေ့ဖော်ပြသည်။

…  
ပ်စီစီကီတိုလီကိုသည် တိုကျိုအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မှီသူဖြစ်၍ လာမည့်အင်္ဂါနေ့တွင် ယူဂန်ဒါနိုင်ငံသို့ ပြန်လာရန် စီစဉ်ထားခဲသူဖြစ်ကြောင်း သတင်း၌ဆက်လက်ဖော်ပြသည်။ …  
(( ယခုသတင်းကို ရေးသားနေစဉ် ကျွန်တော် အမည်မမှတ်မိသော ဖိလစ်ပိုင်သမ္မတတစ်ဦး၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း သတင်းယူရန် အတူလိုက်ပါသွားသော ဖိလစ်ပိုင်နိုင်ငံခြားဂျာနယ်လစ်များ တိုကျို၌ #ခုန်ဆင်း ခဲ့ဖူးကြောင်း သတိရမိပါသည်။

သိရှိသော မိတ်ဆွေများ ကော့မန့်ချီးမြှင့်ခြင်းဖြင့် ကူညီနိုင်ပါရန်။ ။ သတင်းဘာသာပြန်သူ))

#ယူဂန်ဒါနိုင်ငံကိုယ်စားပြု_တိုကျိုအိုလံပစ်အားကစားသမား_အိုဆာကာ၌_ပျောက်ဆုံး

(((Asahi Shimbun., July 16, 2021, “Olympic athlete on Ugandan team reported missing in Osaka” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.nbcnews.com/news/olympics/ugandan-athlete-missing-hotel-japan-ahead-olympics-n1274142
https://www.reuters.com/lifestyle/sports/olympics-missing-ugandan-weightlifter-wanted-stay-japan-media-reports-2021-07-17/
https://www.japantimes.co.jp/news/2021/07/16/national/uganda-athlete-missing/
https://www.asahi.com/ajw/articles/14396747
https://www.nytimes.com/2021/07/16/world/asia/japan-uganda-missing-olympics

Leave a Reply

Your email address will not be published.