ရက်တိုနှင့် ရက်ရှည်လာရောက်လည်ပတ်မည့်သူများတွင် မြန်မာနိုင်ငံသို့ လတ်တလော ခရီးသွားရာဇဝင် ရှိခဲ့ဖူးလျှင် ပြည်ဝင်ခွင့်ကို စင်္ကာပူ ရပ်ဆိုင်းမည်။ ယမန်နေ့ည မြန်မာတွင် ကူးစက်ခံရသူ တစ်ရက်အတွင်း ၄-ထောင်ကျော် တရားဝင် ထပ်မံတွေ့ရှိ


စင်္ကာပူနိုင်ငံသို့ ရက်တိုနှင့် ရက်ရှည်လာရောက်လည်ပတ်မည့်သူများ၌ လွန်ခဲ့သည့် ၂၁-ရက်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားရောက်ခဲ့ဖူးကြောင်း ရာဇဝင်ရှိခဲ့လျှင် ပြည်ဝင်ခွင့် သို့မဟုတ်  နိုင်ငံအား ယာယီဖြတ်သန်းခွင့် Transit ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာန MOH က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၄ ရက်) တွင် ကြေညာသည်ဟု Channel News Asia က ယနေ့ ရေးသားသည်။

…   
ဇူလိုင် ၁၅-ရက်နေ့ညသန်းခေါင်ယံ ၁၁း၅၉ နာရီမှ စတင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်မပြန်မချင်း အတည်ဖြစ်သည့် အဆိုပါပြဋ္ဌာန်းချက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အခြေအနေ ပိုမိုဆိုးရွားလာ၍ ဖြစ်ကြောင်း ဖော်ပြသည်။

…   
ပြဋ္ဌာန်းချက်သည် လွန်ခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင်ငံအား ယာယီဖြတ်သန်းခဲ့ဖူးပြီး စင်္ကာပူသို့ ဝင်ရောက်ရန် ကြိုတင်ခွင့်ပြုချက်ရယူထားသော ခရီးသွားများနှင့်လည်း သက်ဆိုင်သည်ဆို၏။

…  
မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးကြောင်း ရာဇဝင်ရှိသည့် ခရီးသွားများအားလုံးတို့အနေဖြင့် တင်းကျပ်သောအစီအမံများကို လိုက်နာကြရမည်ဖြစ်ပြီး ဆိုက်ရောက်ချိန်တွင် antigen rapid test ဖြင့် #antigen #ပဋိပစ္စည်းလှုံ့ အမြန်စစ်ဆေးမှုကို ခံယူကြရမည်ဖြစ်ကြောင်း MOH က ပြောဆိုသည်။

…  
မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး ၁၄-ကြာ နေအိမ်အတွင်း၌သာ Stay-home နေထိုင်ရန် သတိပေးချက်အတိုင်း ပြီးစီးခြင်း မရှိသေးသူများအနေဖြင့် ဖြစ်ပေါ်လာသည့် လိုအပ်ချက်များအတိုင်း ဆက်လက်လိုက်နာကြရမည်။ Stay-home နေထိုင်သူတို့သည် ဆိုက်ရောက်ပြီး ၃ – ၇- ၁၁ နှင့် ၁၄ ရက်တို့တွင် ညွှန်ကြားထားသော အဆောက်အအုံ၌ COVID-19 ရောဂါစစ်ဆေးမှုကို ခံယူကြမည်ဖြစ်ကြောင်း ကြေညာသည်။

…   
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုမှာ မကြာသေးမီရက်များအတွင်း ကပ်ရောဂါကာလတလျှောက် အများဆုံးအရေအတွက်ကို တွေ့ရှိခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်များအရ တစ်ရက်အတွင်း ပိုးတွေ့သူဦးရေ ၅,၀၁၄-ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး နောက်တစ်ရက် အင်္ဂါနေ့တွင် ကူးစက်ခြင်းခံရသူ ၄၀၄၇-ဦး ထပ်မံတွေ့ရှိရကြောင်း သိရှိရသည်။

…  
ယမန်နေ့ ညပိုင်း တရားဝင်ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံး၌ COVID-19 ဖြစ်ပွားမှု ၂၀၁,၂၇၄ ခု ရှိခဲ့ပြီး ၄,၀၃၆ ဦး အသက်ဆုံးရှုံး ခဲ့ရပြီးဖြစ်သည်။

#မြန်မာသို့_ခရီးသွားရာဇဝင်ရှိခဲ့သူများအား_စင်္ကာပူ ပြည်ဝင်ခွင့်_ရပ်ဆိုင်းမည်

(((Channel News Asia., 14 Jul 2021, “ COVID-19: Singapore to stop entry for long-term pass holders, short-term visitors with travel history to Myanmar.” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.channelnewsasia.com/news/singapore/covid-19-myanmar-border-measures-travellers-no-entry-transit-15217616?fbclid=IwAR2TCB52u-_kG-MTmd1Ssvi–XXKPju62af-ByOVKuuTwVCwgtnCLF7wq4s 

Leave a Reply

Your email address will not be published.