ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ်အများစုမှာ နိုဝင်ဘာရွေးကောက်ပွဲတွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ၌ ကြေညာသည်ဟု နိုင်ငံတကာမီဒီများဖော်ပြ။ ရခိုင်ပြည်နယ် ၁၇- မြို့နယ်အနက် ၄- မြို့နယ်တွင် အနည်းငယ်နှင့် ၉ ုမြို့နယ်တွင် ဆန္ဒမဲပေးနိုင်ခြင်း ရှိလိမ့်မည်မဟုတ် ဟု ဆို


  
နိုဝင်ဘာလ ၈-ရက်နေ့တွင် ကျင်းပပြုလုပ်မည် အထွေထွေရွေးကောက်ပွဲတွင် ပဋိပက္ခများဖြစ်ပွားလျှက်ရှိသော ရခိုင်ပြည်နယ်ရှိ ( စုစုပေါင်း ) မဲရုံများ၏ ထက်ဝက်ကျော်မှာ ဆန္ဒမဲပေးရန် အခြေအနေမတည်ငြိမ်သောကြောင့် ကျင်းပခြင်းပြုလုပ်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


( Dhaka Tribune သည် အဆိုပါသတင်းကို Reuters မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ အလားတူ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆွစ်ဇာလန် စသည်တို့အပါအဝင် နိုင်ငံတကာသတင်းမီဒီယာများကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့်သတင်းကို တစ်ပြိုင်နက်တည်း ဖော်ပြကြောင်း တွေ့ရှိရပါသည်။ ) 


အဆိုပါဒေသရှိ လွှတ်တော်ကိုယ်စားလှယ်နေရာအများစုမှာ မြန်မာနိုင်ငံတွင် ဦးစီးခေါင်းဆောင်ပြုသူအဖြစ် အများယုံကြည်လက်ခံထားသည့် ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်သူ ရခိုင်အမျိုးသားရေးဝါဒီတို့ လွှမ်းမိုးရာနေရာဖြစ်သည်။ ယခုနှစ်များတွင် ပိုမိုအရှိန်မြင့်လာသည့် လူမျိုးစုသောင်းကျန်းမှုများ ထူပြောရာလည်းဖြစ်သည်။ 

  
ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့ပါတီ၏ ကိုယ်စားလှယ်လောင်း ၃-ဦးမှာ ရခိုင်ပြည်နယ်၌ မဲဆွယ်စည်းရုံးစဉ် ပြန်ပေးဆွဲခြင်းခံရကြောင်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို မြန်မာရဲတပ်ဖွဲ့က တုံ့ပြန်ခြင်း မရှိသေးပဲ ရခိုင်သောင်းကျန်းသူ AA တို့လည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိချေ။ 
အဆိုပါနယ်မြေအချို့မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသောကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က သောကြာနေ့ ညနေပိုင်း၌ ကြေညာခဲ့သည်။ 


ရခိုင်ပြည်နယ် ၁၇- မြို့နယ်အနက် ၄- မြို့နယ်တွင် အနည်းငယ်နှင့် ၉ ုမြို့နယ်တွင် ဆန္ဒမဲပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ကြေညာချက်၌ ပါရှိသည်။ ဆန္ဒမဲပေးနိုင်သည့် နေရာအနည်းငယ်မျှသာ ကျန်ရှိသည့်အတွက် မိမိတို့အပေါ် အလွန်ကြီးမားစွာ သက်ရောက်မှုရှိကြောင်း၊ ရာနှုန်းပြည့်လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း၊ ယခုနှစ် ရွေးကောက်ပွဲမှာ ယခင်ရွေးကောက်ပွဲများထက် ပိုမိုဆိုးရွားကြောင်း ရခိုင် ပြည်နယ်ရှိ အဓိက ပါတီကြီးတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ရှင်းပြသည်။ 
မဲရုံများဖျက်သိမ်းခြင်းမှာ တရားမျှသော ရွေးကောက်ပွဲအတွက်ဟု ဆိုလိုရင်းအဓိပ္ပါယ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် Reuters ၏ တောင်းဆိုချက်ကို မြန်မာအစိုးရက တုန့်ပြန်ခြင်း မရှိချေ။ 

  
လွန်ခဲ့သည့် ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော်ကိုယ်စားလှယ်နေရာအများစုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယမြောက် မဲအရေအတွက်အများဆုံး ရရှိခဲ့သည်။ ၎င်းပါတီသည် ပြည်နယ်တွင် ၎င်း၏ ပိုမိုသြဇာကြီးမားခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ကို ထူထောင်ရန် အားထုတ်သည်။

  
၂၀၁၇-ခုနှစ်တွင် စစ်ဖက်၏ ဖြိုခွင်းမှုကြောင့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟူဖော်ပြ ) ၇၃၀,၀၀၀ ကျော်တို့မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြစဉ် ရခိုင်ပြည်နယ်သည် နိုင်ငံတကာ၏ အာရုံစိုက်ရာဖြစ်ခဲ့သည်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုများက လူမျိုးသုဉ်းစေရန် ရည်ရွယ်ခြင်းအဖြစ် ပြောဆိုသော်လည်း မြန်မာ့တပ်မတော်ကမူ ဘင်္ဂါလီသောင်းကျန်းသူများ၏ တိုက်ခိုက်မှုကို တုန့်ပြန်ခြင်းသာဖြစ်ကြောင်း ချေပသည်။ 


လက်ရှိ ပဋိပက္ခမှာ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရန် AA တို့က ဆင်နွှဲနေခြင်း ဖြစ်သည်။ ၎င်းတို့က လူသစ်စုဆောင်းရာတွင် မြန်မာတို့ကဲ့သို့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများဖြစ်သည်။ 

  
ယခုအခါ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှက်ရှိပြီး ကူးစက်မှုများပြားလာခြင်းနှင့် သေဆုံးမှုမြင့်တက်လာခြင်းတို့ကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် အတိုက်အခံတို့က တိုက်တွန်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ ဆန္ဒမဲပေးခြင်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 

#မြန်မာရွေးကောက်ပွဲရခိုင်မဲဆန္ဒနယ်မြေအများစု၌ ကျင်းပခြင်းမပြုနိုင်


((( Dhaka Tribune., October 17th, 2020,” Myanmar: Most Rakhine voting stations will not operate in November election.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/world/asia/2020/10/17/myanmar-most-rakhine-voting-stations-will-not-operate-in-november-election?fbclid=IwAR2USgkUBHJqGreDBqjIX8sILWQXm1O65R5InFDz9eWGCUb7x45hd4or2Fc 

https://www.reuters.com/article/uk-myanmar-election/myanmar-says-most-rakhine-voting-stations-will-not-operate-in-november-election-idUKKBN27207F

https://www.news18.com/news/world/myanmar-says-most-rakhine-voting-stations-will-not-operate-in-november-election-2974661.html

https://www.britishherald.com/most-rakhine-poll-stations-will-not-operate-in-nov-election-myanmar/ 
https://flipboard.com/@globeandmail/myanmar-says-most-rakhine-voting-stations-will-not-operate-in-november-election/a-S29gNaJSR5W4vJO-ZOPpiQ%3Aa%3A729020400-316ed551eb%2Ftheglobeandmail.com 
https://thesmartcitizenreport.com/2020/10/17/myanmar-says-most-rakhine-voting-stations-will-not-operate-in-nov-election/ 

https://freemarketdaily.com/2020/10/17/myanmar-says-most-rakhine-voting-stations-will-not-operate-in-nov-election/ 
https://infinitewealthtips.com/myanmar-says-most-rakhine-voting-stations-will-not-operate-in-nov-election/ 

0

Leave a Reply

Your email address will not be published.