
တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၀၁း၅၀ နာရီခန့်အချိန်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခု၌ မော်တော်ဆိုင်ကယ်စီး လူ ၂၀ ကျော်တို့က တရုတ်ထောက်ပံ့ငွေဖြင့် လည်ပတ်သည့် အထည်ချုပ်စက်ရုံ ၂-ရုံကို မီးတင်ရှို့ခဲ့ကြသည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ China Media Group ပိုင် အင်္ဂလိပ်ဘာသာဖြင့် လွှင့်ထုတ်သည့် China Global Television Network ( CTGN ) က ယနေ့ရေးသားသည်။..
သံဒုတ်၊ ပုဆိန်နှင့် ဓါတ်ဆီပုလင်းများ ကိုင်ဆောင်ထားသည့် မီးရှို့မှုကျူးလွန်သူတို့သည် လုံခြုံရေးဝန်ထမ်းများအား ရိုက်နှက်၍ စက်ရုံဝင်ပေါက်နှင့် ဂိုဒေါင်တို့အား မီးတင်ရှို့ခဲ့ကြသည်ဆို၏။..
အထည်ချုပ်စက်ရုံ ၂-ရုံအနက် ၁-ရုံမှာ တရုတ်ပိုင်ဖြစ်ပြီး၊ အခြား ၁-ရုံမှာ တရုတ်-မြန်မာဖက်စပ်ပိုင်ဖြစ်ကြောင်း သတင်းရရှိသည်။
..
https://news.cgtn.com/news/2021-03-14/Two-Chinese-funded-garment-factories-set-on-fire-in-Myanmar-YCP1cUIQIE/index.html
..
#တရုတ်ထောက်ပံ့ငွေဖြင့်လည်ပတ်သည့်ရန်ကုန်စက်မှုဇုံရှိအထည်ချုပ်စက်ရုံ၂-ရုံ_မီးတင်ရှို့ခံရ