ရာစုနှစ် စစ်ယန္တယားဖြစ်သော ရေငုတ်သင်္ဘောမှာ ရေအောက်တွင် ငုတ်လျှိုးနေလျှင် ထောက်လှမ်းရန် အလွန်ခက်သဖြင့် အလေးအနက်ထားရမည့် စစ်လက်နက်တစ်ခုဖြစ်နေသည်။

ထို့ကြောင့် ရေငုတ်သင်္ဘောကို နိုင်ငံအတော်များများက ပိုင်ဆိုင်လိုကြသည်။ 

ရေငုတ်သင်္ဘောကို ကိုယ်ထည်ချည့်သက်သက် တည်ဆောက်ရန်မှာ များစွာ မခဲယဉ်းလှပါ။ 

အဓိကအခက်ကြုံရသည်မှာ စွမ်းအင်နည်းပညာဖြစ်လေသည်။ 

ရေအောက်၌ ငုတ်လျှိုးနေချိန်တွင် လေ ( အောက်ဆီဂျင် ) အကန့်အသတ်ရှိသည်။ 

ရေငုတ်သင်္ဘောတွင် လိုက်ပါသူများ အသက်ရှူရန် ရှိနေသေးသည်။ 

ထို့ကြောင့် အတွင်းမီးအားအင်ဂျင်ဖြစ်သည့် ဒီဇယ်/ဓာတ်ဆီ အင်ဂျင်သုံး၍ မရတော့ပဲ ဘက်ထရီကို အားကိုးရလေသည်။ 

ရေငုတ်သင်္ဘောကြီး တစ်စီးလုံးကို ဖိအားနှင့် ခုခံမှုများသော ရေအောက်တွင် ရွေ့သွားစေရန် အင်ဂျင်ကို လှည့်ပေးမည့် ဘက်ထရီမှာ 

ဘယ်လိုနေမလဲ ဘယ်အရွယ်ရှိမလဲ စဉ်းစာရသည်ပင် အတော်အခက်တွေ့နိုင်သည်။ 

ဘက်ထရီတို့တွင် အသုံးပြုနိုင်သော အမ်ပီယာ နာရီမှာ အရေးကြီးသည်။

လက်ပတ်နာရီတို့တွင် သုံးလေ့ရှိသော ဆေးပြားအရွယ် လစ်သီယံ ဘက်ထရီလေးများသည် ၁.၅ ဗို့ ရှိတတ်သည်။

သို့သော် လစ်သီယံဘက်ထရီ ၈ လုံးသည် ၁၂ ဗို့ဖြစ်သည်ဟု မော်တော်ကား စက်နှိုး၍ကား မရနိုင်ချေ။ ဝိုင်ယာဆက်သည်နှင့် အားကုန်သွားပါလိမ့်မည်။

ဒီစီ- အေစီပြောင်း အင်ဗာတာအချိုပသည်ဟ watts ဝပ် အနေဖြင့် အတော်များများထုတ်ပေးနိုင်ပါသည်။

သို့သော် ထွက်ပေါ်လာသည့် အေစီ လျှပ်စစ် AC Current မှာ Sine Wave ဖြစ်နေရန်လိုအပ်ပြီး ထိုသို့မဟုတ်လျှင် လျှပ်စစ်ပစ္စည်း ပျက်စီးသွားရသည်။

နိုင်ငံအတော်များများတွင် အင်ဗာတာတို့မှာ ဘက်ထရီမှ ဒီစီလျှပ်စစ်ကို အေစီ စားပွဲတင်ပန်ကာလည်ဖို့ပင်လျှင် မနည်းလုပ်နေရဆဲဖြစ်တော့သည်။ 

အစဉ်လေးစားစွာဖြင့် 
#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.