ရိုဟင်ဂျာဒုက္ခသည်ဆိုသူများတွင် မိမိတို့ထံ တောင်းဆိုစရာ အခြေခံအကြောင်းရင်းနှင့် အခွင့်အရေး မရှိဟု မလေးရှားအစိုးရ ပြည်ထဲရေးဝန်ကြီးပြောဆို။ ဒုက္ခသည်ဘင်္ဂါလီကိုယ်စားပြု မည်သည့် လူပုဂ္ဂိုလ်-အသင်း သို့မဟုတ် အဖွဲ့အစည်းမဆို မလေးရှားနိုင်ငံ၏ ဥပဒေအရ တရားမဝင်သဖြင့် အရေးယူမည်

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) များအနေဖြင့် မလေးရှားအစိုးရထံမှ တောင်းဆိုရန် အခြေခံအကြောင်းရင်းနှင့် အခွင့်အရေးဟူ၍ လုံးဝမရှိကြောင်း မလေးရှားအစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဒါတွတ်ဆရီဟမ်ဇက်ဇိုင်နူဒင်က ယမန်နေ့ ပြောကြားသည်ဟု မလေးရှားအခြေစိုက် The Star သတင်းစာက ယနေ့ရေးသားသည်။

ထို့ပြင် ဒုက္ခသည်ဘင်္ဂါလီများအား ကိုယ်စားပြုသည်ဟု ဆိုသောမည်သည့် အသင်း သို့မဟုတ် အဖွဲ့အစည်းမဆို မလေးရှားနိုင်ငံ၏ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ RoS အရ တရားမဝင်ကြောင်း၊ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် RoS အရ စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာတွင် မလေးရှားနိင်ငံအတွင်း “ ရိုဟင်ဂျာ “ ဆိုသောအမည်ဖြင့် မည်သည့်အသင်း/အဖွဲ့အစည်းမျှမှတ်ပုံတင်ထားခြင်းမရှိကြောင်း၊ ရိုဟင်ဂျာလူမျိုးကို ကိုယ်စားပြုသည်ဆိုခြင်းမှာလည်း တရားမဝင်သဖြင့် ဥပဒေအရ အရေးယူနိုင်ကြောင်း

ထို့ကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ကတ်ပြား ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာလူမျိုးဆိုသူများသည် မလေးရှားအစိုးရအပေါ်၌ မည်သည့်အဆင့်အတန်း သို့မဟုတ် အခြေခံအကြောင်းရင်းနှင့် အခွင့်အရေးဟူ၍ လုံးဝမရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။

မကြာသေးမီက မလေးရှားနိုင်ငံရှိ မြန်မာတိုင်းရင်းသား ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ထုတ်ပြန်ချက်များအရ မလေးရှားအစိုးရထံမှ တန်းတူညီမျှအခွင့်အရေးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျန်းမာရေးနှင့် ပညာရေးအခွင့်အလမ်းများရရှိရန် တောင်းဆိုကြောင်းပါရှိသည်ဆို၏။

ယင်းတောင်းဆိုမှုများမှာ မလေးရှားလူမျိုးများအတွက် ဒုက္ခသည်ဘင်္ဂါလီများအပေါ် အနှုတ်လက္ခဏာဆောင်သည့် တုန့်ပြန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး၊ အချို့ကဆိုလျှင် မလေးရှားအစိုးရအနေဖြင့် ရိုဟင်ဂျာဆိုသူအားလုံးကို နေရပ်ပြန်ပို့ရန်နှင့် ၎င်းတို့အားလက်ခံခြင်းမှ ရပ်တန့်ရန်တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

မှတ်တမ်းများအရ ယခုနှစ် မတ်လအထိ မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည် ကတ်ပြားကိုင်ဆောင်သူ ၁၇၉,၅၂၁ ဦး အနက် ၁၀၁,၅၈၄ ဦး မှာ ရိုဟင်ဂျာဆိုသူများဖြစ်သည်။

ပြည်သူအများက ရိုဟင်ဂျာဆိုသူများကိစ္စနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်လျှက်ရှိသည်ကို မိမိတို့ဝန်ကြီးဋ္ဌာနက ကောင်းစွာသိရှိပါကြောင်း၊ မလေးရှားသည် ၁၉၅၁ ဒုက္ခသည်ကွန်ဗင်းရှင်း သို့မဟုတ် အဆိုပါ သဘောတူစာချုပ်နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဒုက္ခသည်များနှင့်စပ်လျှဉ်း၍ တရားဝင် ဥပဒေရေးရာ၊ စီမံခန့်ခွဲရေးမူဘောင်များနှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း။

မလေးရှားအစိုးရအနေဖြင့် UNHCR ကတ်ပြား ကိုင်ဆောင်သူတို့ကို တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏ ဒုက္ခသည်ဆိုသည့် အဆင့်အတန်းကို အသိအမှတ်ပြုခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း လူသားချင်းစာနာထောက်ထားမှုအရ ၎င်းတို့ကို UNHCR က တတိယနိုင်ငံသို့ ပို့ဆောင်ခြင်း မတိုင်မီအထိ မလေးရှားတွင် ယာယီနေထိုင်ခွင့်ပြုခဲ့ခြင်းသာဖြစ်ကြောင်း။

UNHCR ကဒ်ကိုင်ဆောင်သူများအနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် အများ ပြည်သူဆိုင်ရာ စည်းမျဉ်းများကို ခြိမ်းခြောက်သည့် အပြုအမူများ လုပ်ဆောင်လာပါက အစိုးအနေဖြင့် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် မည်သည့်နည်းနှင့် မဆိုအရေးယူ ဆောင်ရွက်မည်သာ ဖြစ်သောကြောင့် ရှောင်တိမ်း၍ ရလိမ့်မည်မဟုတ်ကြောင်း။

မလေးရှား ရဲတပ်ဖွဲ့သည် “ ရိုဟင်ဂျာဆိုသူများအပေါ် လှုပ်ရှားမှုထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်အမိန့် “(MCO) အရ အရေးယူဆောင်ရွက်မှု အစီရင်ခံစာ ၁၉ -စောင်ကို အစီရင်ခံတင်ပြထားခဲ့ပြီး၊ စုံစမ်းစစ်ဆေးဆဲ ဖွင့်လှစ်ထားသည့် အမှု ၄-ခုရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒါတွတ်ဆရီဟမ်ဇက်ဇိုင်နူဒင်က ပြောကြားသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။

(( မြန်မာနိုင်ငံသည် ၁၈၂၄-ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်တို့လက်သို့ ရခိုင်နှင့် တနင်္သာရီအား စောစီးစွာ ပေးအပ်လိုက်ရသည်။ ၁၈၈၅-ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မြန်မာတို့ စစ်ရှုံးသဖြင့် သီပေါမင်းပါတော်မူခဲ့ရပြီး တစ်နိုင်ငံလုံးမှာလည်း ဗြိတိသျှအင်ပါယာလက်အောက်ခံ အိန္ဒိယ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သွတ်သွင်းခြင်းခံရသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် သွေးချင်းတိုင်းရင်းသားမျိုးနွယ်ဖြစ်သော မွန်-ကရင်တို့ကို ထိုင်းနိုင်ငံတွင်၎င်း၊ ကိုးကန့်၊ ဝ၊ ကချင်တို့ကို တရုတ်နိုင်ငံ၌၎င်း၊ ကသည်း-နာဂတို့ကို အိန္ဒိယ၌၎င်း တရားဝင်လူမျိုးအမည်ဖြင့် ထင်ရှားစွာတွေ့မြင်ရပါသည်။ အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တွင် မြန်မာတို့နှင့် ရုပ်ရည်ချင်းအလွန်ဆင်သည့် ရခိုင်၊ ချက္ကမာ ( ဒိုင်းနက်)၊ မရမာကြီးတို့ကို တရားဝင်တွေ့ရှိရသော်လည်း “ ရိုဟင်ဂျာလူမျိုး “ ဟူ၍ ဘင်္ဂလားဒက်ရှ်သာမက အိန္ဒိယ၌ပါ တရားဝင်လူမျိုးအမည်ဖြင့် မတွေ့ရသည်မှာ ထူးဆန်းလှသည်။

စင်စစ်အားဖြင့် ယနေ့ ရိုဟင်ဂျာဟု ရည်ညွှန်းပြောဆိုခြင်းခံရသူများသည် ကော့ခ်ဘဇားဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဆိုသူများကို ဆိုလိုပြီး၊ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း တရားမဝင်ကြောင်း ယနေ့ ဘင်္ဂလားထုတ်သတင်းစာများက အခိုင်အမာ ပြသလျှက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ဟန်တရုတ်နှင့် အာရပ်တို့ နည်းတူ ဘင်္ဂါလီတို့သည်လည်း ရှေးအကျဆုံး လူမျိုးများဖြစ်ကြပါသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရာဘင်ဒြာ နသ့်တဂိုးကဲ့သို့ ကဝိစာဆိုများ၊ ဆာဂျစ်တာယေး၊ အင်မရန်ခန်း၊ အရှိုကူမားကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာနှင့် သရုပ်ဆောင်များ၊ ဆူဘတ်ချန်ဒရာဘို့စ်၊ ဂျိုရိုတီဘာဆု ကဲ့သို့ထင်ရှားသော နိုင်ငံရေးသမားများ၊ နိုင်ငံတကာသိ သိပ္ပံပညာရှင်များနှင့် ထူးချွန်သူအများအပြား ထွန်းပေါ်ခဲ့သည့် လူမျိုးနွယ်ကြီးဖြစ်ပါသည်။

ဤတွင် အိန္ဒိယတိုက်ငယ်နှင့် မြန်မာနိုင်ငံအား နှစ်ရာချီ ကိုလိုနီပြုခဲ့သည့် အင်္ဂလိပ်တို့မှတ်တမ်းတွင် စစ်တကောင်းဘင်္ဂါလီအဖြစ် သေချာခိုင်လုံစွာရေးမှတ်ခဲ့သော လေသံကွဲဘင်္ဂါလီစကားပြောဆိုသူများ ဘယ်ရောက်သွားပြီဆိုသည်ကို ယခုလောက်ဆိုလျှင် ကောင်းစွာမှန်းဆနိုင်လောက်ပါပြီ။

ထိုသို့ မှန်းဆရာတွင် လူမျိုးကြီးဖြစ်သူတို့၏ ဇာတိပုညအား ထိခိုက်စေလိုခြင်းမရှိသည့်အပြင် ကမ္ဘာတစ်ဝှမ်းလူ သန်းပေါင်းများစွာ ယုံကြည်ကိုးကွယ်သည့် သာသနာကြီးကိုလည်း စော်ကားလိုခြင်း မပါဝင်ပါ။ အငြင်းပွားရန် မရှိသော၊ နိုင်ငံရေး ရည်မှန်းချက်ဖြင့် လူမျိူးတစ်မျိုးဖန်တီးခြင်းကို ထောက်ပြလိုရင်းဖြစ်သည်။

လူ့အဖွဲ့အစည်းကြီး ၂-ရပ်အကြား သွေးကွဲ သံသယပွားဖွယ်ဖြစ်ကြောင်း နောက်ဆက်တွဲရလာဒ်ကို စိတ်ရင်းမှန်အတိုင်းဖော်ပြရန်မှာ ကျွန်တော်များလည်း ထမင်းစားနေသော “လူ”များဖြစ်၍ “လူ့အခွင့်အရေး” ရှိပါသည်။ ။ သတင်းဘာသာ ပြန်သူများ ))

((( The Star., Apr 30, 2020,” Rohingya refugees have no right or basis to make demands, says Home Minister.” ကို #MalNyeinn, #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ရိုဟင်ဂျာဒုက္ခသည်ဆိုသူများတွင်တောင်းဆိုစရာအကြောင်းရင်းနှင့်အခွင့်အရေးမရှိ

# ရိုဟင်ဂျာလူမျိုးကိုကိုယ်စားပြုသည်ဆိုခြင်းမှာတရားမဝင်သဖြင့်အရေးယူနိုင်

https://www.thestar.com.my/news/nation/2020/04/30/rohingya-refugees-have-no-right-or-basis-to-make-demands-says-home-minister

https://www.thestar.com.my/news/nation/2020/04/30/police-corporal-arrested-for-allegedly-posting-video-of-rohingya-in-police-custody-on-social-media

https://www.thestar.com.my/news/nation/2020/04/30/cops-probe-videos-related-to-rohingya-groups

https://www.thestar.com.my/news/nation/2020/04/29/cops-on-the-hunt-for-two-rohingya-after-busting-burglary-gang

https://www.dhakatribune.com/bangladesh/nation/2019/09/30/rohingya-nid-fraud-cec-claims-ec-not-at-fault

1+

Leave a Reply

Your email address will not be published.