ရုရှားလုပ် Pantsir-S1 ရွှေ့ပြောင်းနိုင်သော လေကြောင်းကာကွယ်ရေး စက်အမြောက်တွဲ ဒုံးကျည်စံနစ်များ မြန်မာစစ်တပ်ရရှိနေပြီ။ ၂၀၂၀ ပြည့်နှစ်များမှစ၍ အဆင့်မြင့် ခေတ်မီ ဝေဟင်မြေပြင်သုံး ခေတ်ပေါ်ဗားရှင်း စစ်လက်နက်/ယာဉ်များ မြန်မာရရှိခဲ့


အပြည်ပြည်ဆိုင်ရာ လက်နက်ကုန်သွယ်မှုများအား စောင့်ကြည့်လျှက်ရှိသည့် ဆွီဒင်နိုင်ငံအခြေစိုက် ( #စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု့ဒ် ) #SIPRI ၏ ၂၀၂၀ ပြည့်နှစ် အချက်အလက်များအရ ရုရှားနိုင်ငံက #Pantsir-S1 ရွှေ့ပြောင်းနိုင်သော လေကြောင်းကာကွယ်ရေး စက်အမြောက်တွဲ ဒုံးကျည်စံနစ်များ ကို မြန်မာနိုင်ငံသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း၊ သို့သော်လည်း အရေအတွက်မည်မျှ လွှဲပြောင်းပေးခဲ့သည်ကိုမူ အသေးစိတ် မသိရှိရကြောင်း Defense News က ယမန်နေ့ဖော်ပြသည်။…      
၂၀၀၀ ပြည့်နှစ်များမှစ၍ ရုရှားသည် မြန်မာနိုင်ငံထံသို့ Mi-24 ရဟတ်ယာဉ်များ၊ MiG-29 တိုက်ခိုက်ရေးလေယာဉ်များ၊ Mi-2 အပေါ့စား ရဟတ်ယာဉ်များ၊ Yak-13 လေ့ကျင့်ရေးလေယာဉ်များ၊ Su-30MK ဂျက်တိုက်လေယာဉ်များ၊ Igla-1 MANPADS ပုခုံးထမ်းဒုံးကျည်များ၊ Tunguska ခြေရာခံကိုယ်တိုင်ပျံသန်းနိုင်သည့် လေယာဉ်ပစ်ဒုံးကျည်များ၊ D-30 ၁၂၂ မီလီမီတာဟောင်ဝစ်ဇာအမြောက်များ၊ S-125 Pechora-2M လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များနှင့် ထောက်လှမ်းရေးသုံး BRDM-2 ဘီးတပ်လက်နက်တင်ယာဉ် ခေတ်မီဗားရှင်းများအပါအဝင် စစ်သုံးလက်နက်ကိရိယာများကျယ်ပြန့်စွာ ပေးအပ်ခဲ့သည်။…    
၎င်းတို့တွင် ကမ္ဘာ့လူကြိုက်အများဆုံး တာတိုပစ်လေကြောင်းကာကွယ်ရေးစံနစ်တစ်ခုဖြစ်သော Pantsir-S1 လည်း ပါဝင်ပြီး အယ်လ်ဂျီးရီးယား၊ အီသီယိုပီးယား၊ အီကွေတိုရီယယ်ဂိုင်ယာနာ၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ မြန် မာ၊ အိုမန်၊ ရှရှား၊ ဆားဘီးယား၊ ဆီးရီးယား၊ ယူအေအီးနှင့် ဗီယက်နမ်အပါအဝင် ၁၄-နိုင်ငံတို့၌ တွင်ကျယ်စွာ အသုံးပြု နေဆဲဖြစ်ကြောင်း သိရှိရသည်။…    
Pantsir-S1 သည် ကိုယ်ဖာသာရွေ့လျားနိုင်သော စက်အမြောက်တွဲ ဒုံးကျည်စံနစ်ဖြစ်ပြီး 8×8 ယူရယ်အမျိုးအစား စစ်သုံးထရပ်ကားပေါ်တွင် တပ်ဆင်ထားသည်။ မြေပြင်မှ ဝေဟင်ပစ် 57E6 ပဲ့ထိန်းဒုံးကျည် ၁၂-စင်းနှင့် 2A38M 30mm အော်တိုမက်တစ် စက်အမြောက် ၂-ခု ပါဝင်သည်။…   
57E6 57E6-E တို့သည် အဆင့် ၂-ဆင့်ပါ လောင်စာခဲသုံး ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များဖြစ်ကြပြီး ဝ.၇၅ မိုင်မှ ၁၂.၅ မိုင်အ ကွာအဝေးအတွင်း ၁၆ – ၃၃,၀၀၀ ပေ အမြင့်မှ ချဉ်းကပ်လာသည့် ကောင်းကင်ပစ်မှတ်များကို ချေမှုန်းနိုင်သည်။ ဆုံလည်ပစ်စင်၏ ဘေးဘက်များတွင် ဒုံးကျည်တို့ကို လောင်ချာပြွန် ၃-ခုပါဝင်သော အုပ်စု ၂-စုအဖြစ် တပ်ဆင်ထားသည်။…   
Pantsir-S1 တွင် 2A38M ၃၀ မီလီမီတာ အော်တိုမက်တစ် စက်အမြောက် ၂ လက်ကိုလည်း တွဲဖက်တပ်ဆင်ထားပြီး ပေါက်ကွဲအား ပြင်းထန်၍ အပိုင်းအစနှင့် ပစ်လမ်းကြောင်း ခြေရာကောက် စက်အမြောက်ကျည် ၇၀၀ တို့ကို အသင့်တပ်ဆင်ထားသည်။ ၂.၅ မိုင်ခန့်အတွင်း ဝေဟင်ပစ်မှတ်များကို တစ်မိလျှင် ကျည် ၂,၅၀၀ နှုန်းဖြင့် ပစ်ခတ်နိုင်သည်။

ပစ်ခတ်မှုထိန်းချုပ်နိုင်သော Pantsir-S1 တွင် UHF , EHF နှင့် ဒွိလှိုင်းသုံး ပစ်မှတ်ရှာ ရေဒါများ အသုံးပြုသည်၊ ၂၀ မှ၂၂ မိုင် အကွာဝေးကို ထောက်လှမ်းနိုင်ပြီး၊ ၁၅ – ၁၇ မိုင်အထိ ခြေရာကောက် ပစ်ခတ်နိုင်သည်။
..
(((Defence News., 06 April 2021, “Russian Pantsir-S1 air defense system enters in service with Myanmar army.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
…#ရုရှားခေတ်ပေါ်_ဗားရှင်း_စစ်လက်နက်ယာဉ်များမြန်မာရရှိပြီးဖြစ်…  
https://www.armyrecognition.com/defense_news_april_2021_global_security_army_industry/russian_pantsir-s1_air_defense_system_enters_in_service_with_myanmar_army.amp.html 

Leave a Reply

Your email address will not be published.