ရုရှား၏ နောက်ဆုံးမျိုးဆက် SU-57 ဂျက်တိုက်လေယာဉ်များဝယ်ယူသည့် ပထမဆုံးပြည်ပဖောက်သည်မှာ မြန်မာဖြစ်လာကြောင်း သတင်းထွက်ပေါ်

၂၀၁၉-ခုနှစ်တလျှောက်လုံး ရုရှား၏ နောက်ဆုံးမျိုးဆက်သာလွန်စွမ်းရည်မြင့် Su-57 ဂျက်တိုက်လေယာဉ်တည်ဆောက်ပေးရန် အမှာစာများ ထူးခြားစွာတိုးတက်ရရှိခဲ့ရာ ၂၀၂၅-ခုနှစ်တွင် အသင့်သုံး အစီး ၇၀ လွှဲပြောင်းပေးရေးအတွက် ၂၀၁၉ ဇူလိုင်မှ စတင်၍ကာ အများအပြားထုတ်လုပ်ခဲ့ကြောင်း Military Watch မဂ္ဂဇင်း က ယနေ့ရေးသားသည်။ 

Su-57 ဂျက်တိုက်လေယာဉ်၏ ပြိုင်ဘက်ကင်းသောစွမ်းရည်ကို တရုတ်၊ အယ်လ်ဂျီးရီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယကဲ့သို့ အဓိကဖောက်သည်များအပြင် တူရကီအပါအဝင်နိုင်ငံအများအပြားက အထူးစိတ်ပါဝင်စားလျှက်ရှိသည်။ ရေကြောင်းသုံးရန်ကဲ့သို့ သုံးစွဲမည့်တိုက်ခိုက်ရေးပုံစံအလိုက် သင့်လျှော်သောလက်နက်တပ်ဆင်ပေးရန်ဆန္ဒရှိကြသည်။ အိန္ဒိယ၊ ဗီယက်နမ်တိုနှင့် ဆွေးနွေးညှိနှိုင်းဆဲတွင် ဂျက်တိုက်လေယာဉ်များဝယ်ယူသည့် အဓိက ဖောက်သည်သစ်အဖြစ် မမျှော်လင့်ပဲ အရှေ့တောင်အာရှမှ ထွက်ပေါ်သွားခဲ့ရာ “ မြန်မာ့လေတပ်မတော် “ ဖြစ် ကြောင်း သတင်းရရှိသည်။ 

အဆိုပါ သတင်းနှင့်ဖြစ်နိုင်ခြေပတ်သက်၍ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်က မြန်မာ-ရုရှား နှစ်နိုင်ငံကာကွယ်ရေးပေါင်းကူးမှုမှာ လျှင်မြန်စွာတိုးတက်လျှက်ရှိကြောင်း မှတ်ချက်ထွက်ပေါ်သည်ဆို၏။ 

မြန်မာ့လေတပ်မတော်သည် ရုရှားလုပ် မူကွဲပုံစံဟောင်း အလတ်တန်းအလေးချိန် MiG-29 ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များကို အဓိကသုံးစွဲလျှက်ပြီး တတိယမျိုးဆက် တရုတ်လုပ် J-7 နှင့် စတုတ္ထမျိုးဆက် JF-7 တို့ အားဖြည့်ထားရာမှ ယခု ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်များဖြည့်စွက်မည် ဖြစ်သည်။ 

မြန်မာ့လေတပ်မတော်ခေတ်မီရေးအစီအစဉ်တွင် ကုန်ကျစရိတ်များသော ဟဲဗီးဝိတ်တိုက်ခိုက်ရေးလေယာဉ်များ အရေအတွက်မှာ မှန်းဆရန်ခက်ခဲသည်။ ၂၀၁၈-ခုနှစ်တွင် စတုတ္ထမျိုးဆက်လွန် 4+ Su-30SM Flankers ၆-စီးမှာယူခဲ့ပြီး နောက်ထပ်အများအပြား မှာယူခဲ့ကြောင်း သတင်းထွက်ပေါ်သည်။ 

Su-30 များမှာ အိမ်နီးချင်းခေတ်မီသာလွန်စွမ်းရည်ဂျက်တိုက်လေယာဉ်တို့နှင့် အသည်းအသန်ယှဉ်ပြိုင်ရန် အရေအတွက် များများလိုအပ်သည့် အားနည်းချက်ကို မြန်မာလေတပ်မတော် ရင်ဆိုင်ရပုံပေါ်သည်။ 

Su-57 များသည် ဝေဟင်တိုက်ပွဲဝင်စွမ်းရည်၌ ကမ္ဘာအဝှမ်းတိုက် တိုက်လေယာဉ်များတွင် အရေအတွက်အနည်းငယ်နှင့်ပင် နိုင်ငံ့ကာကွယ်ရေးအင်အားအတွက် အားထားရလောက်သည်ဟု လက်ခံထားကြရသည်။ 

ယခင်က မြန်မာတွင် သာလွန်စွမ်းရည်မြင့်ဂျက်တိုက်လေယာဉ်များ မောင်းနှင်ထိန်းသိမ်းခဲ့ဖူးခြင်းမရှိချေ။ Su-57 များအတွက် ပြုပြင်ထိန်းသိမ်းရေး အခြေခံအဆောက်အအုံများနှင့် မောင်းနှင်ရေး လေ့ကျင့်ပေးရန်လိုအပ်မည် ဖြစ်သည်။ Su-30 ဂျက်တိုက်လေယာဉ်များထုတ်လုပ်စဉ် မြန်မာအတွက် စတင်နေခဲ့ပြီးဖြစ်ရာ ၎င်းပြီးစီးချိန်တွင် Su-57 များကဏ္ဍအလှည့် ဖြစ်လာဖွယ်ရှိသည်။ 

စတုတ္ထမျိုးဆက်လွန် 4+ ဂျက်တိုက်လေယာဉ်များသည် ထိုင်ခုံ ၂-လုံးတပ်ဆင်ထားသည့်အတွက် အကျယ်အဝန်း နေရာယူမှုရှိသည်။ Su-57 များတွင် ထိုင်ခုံတစ်လုံးတည်းမှ ထိန်းသိမ်းမောင်းနှင် တိုက်ပွဲဝင်နိုင်သည်။ အိန္ဒိယကမူ ၎င်းတို့လေတပ်မတော်အတွက် ထိုင်ခုံ ၂-လုံးဖြင့် အထူးတည်ဆောက်ပေးရန် ဆန္ဒရှိသည်ဆို၏။ 

မြန်မာသည် အထူးသဖြင့် Su-30 နှင့် Su-57 မောင်းနှင်ရေး ဖွံ့ဖြိုးစေရန် Yak-130 ထိုင်ခုံ ၂-လုံးပါ အမောင်းသင်ဂျက် တိုက်လေယာဉ် ၁၂-စီး ဝယ်ယူခဲ့ဖူးသည်။ ဈေးနှုန်းအနေဖြင့် Su-57 က Su-30SM ထက် ၄၀ ရာနှုန်း ပိုများသော်လည်း အလွန်ထူးခြားစွာခြားနားပြီး ရင်းနှီးရကျိုးနပ်ကြောင်းသိရှိရသည်။ တိုက်ပွဲဝင်စွမ်းရည်ပိုင်းတွင် ဂျက်တိုက်လေယာဉ် ၁၂-စီးအောက်ခန့်နှင့် နှိုင်းယှဉ် အစားထိုးနိုင်သည့် Su-57 များပိုင်ဆိုင်သူ ပြည်ပနိုင်ငံမှာ မြန်မာဖြစ်လာကြောင်း သတင်း၌ ဖော်ပြသည်။ 

((( အောက်တိုဘာ – ၀၇၊ ၂၀၁၉ ၊ Military Watch. October-7th-2019.” Myanmar Could Be the First Export Client for Russia’s New SU-57 Fighters – Reports.” ကို #HtayOung, #OungMaine ဆီလျှော်အောင် အတိုချုံးဘာသာပြန်ဆိုသည်။ ))) 

https://militarywatchmagazine.com/article/myanmar-could-be-the-su-57-s-first-export-client-reports . 

1+

Leave a Reply

Your email address will not be published.