ရုရှား၏ Sputnik V သည် ဗြိတိန်မှ ဗီဇပြောင်း Covid-19 ဗိုင်းရပ်စ်အသစ်အပေါ် ထိရောက်စွာ ကာကွယ်ပေးနိုင်ဟု ဆို။ AstraZeneca လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး ထိရောက်မှု ၉၅ ရာနှုန်းကျော်ရှိ.

 
ရုရှားနိုင်ငံမှ Sputnik V သည် မကြာသေးမီက ဗြိတိန်နိုင်ငံတွင် ပထမဆုံး စတင်တွေ့ရှိရသည့် ဗီဇပြောင်း Covid-19 ဗိုင်းရပ်စ်ပိုးအသစ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်ဟု Euro Weekly News က ယမန်နေ့ ရေးသားသည်။ ….
ရုရှားနိုင်ငံမှ ထုတ်လုပ်ပြီး ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအဖြစ် ပထမဆုံး မှတ်ပုံတင်ခဲ့သည့် Sputnik V မှာ ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိရပြီး ဥရောပတစ်ခွင် ပျံ့နှံ့သွားခဲ့သည့် ရောဂါကူးစက်မျိုးအသစ်မျိုးကဲ့သို့ ဗီဇပြောင်း Covid-19 ဗိုင်းရပ်စ်အသစ်နှင့် အခြားသော ကူးစက်မှုများတွင် အလွန်ထိရောက်မှု ရှိကြောင်း ရုရှားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့ အကြီးအကဲ ကီရယ်ဒီမီထရော့ဗ်က ပြောကြားသည်ဆို၏။ ….  
ကိုရိုနာဗိုင်းရပ်စ်၏ S-protein ၌ ယခင် ဗီဇပြောင်းလဲမှုများရှိသော်လည်း Sputnik V က ထိရောက်မှုရှိသည်ကို အကြိမ်ကြိမ်ပြသခဲ့ကြောင်း တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ စောစောပိုင်းကမူ ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က ရုရှားအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအလုပ်အဖွဲ့ အနေဖြင့် ဗြိတိန်သိပ္ပံပညာရှင်များထံမှ နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များကိုသာ လေ့လာနေခဲ့သည်ဟုဖော်ပြခဲ့သည်။ ….
COVID-19 ၏ ဗီဇပြောင်းကူးစက်မှု အသစ်ကိုတိုက်ဖျက်ရန်အတွက် အခြားကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သော AstraZeneca နှင့်အတူတကွလက်တွဲလုပ်ဆောင်သွားမည်ကြောင်း ဒီမီထရော့ဗ်က ထပ်လောင်း ရှင်းပြသည်။ Sputnik V ကို ဘီလာရုစ်နိုင်ငံတွင်လည်း အသုံးပြုရန်မှတ်ပုံတင်ထားကြောင်းနှင့် ထိရောက်မှု ၉၅ ရာခိုင်နှုန်းကျော် ရှိကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ်၌ ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။….  
ဒီဇင်ဘာမှာ ၁၉။ ပြီးခဲ့သည့် စနေနေ့၌ ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတင်းထုတ်ပြန်ရာတွင် ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း Covid-19 အသစ်ကို တွေ့ရှိရကြောင်းနှင့် အဆိုပါဗိုင်းရပ်စ်သည် ၎င်းသည်မူလ ရောဂါကူးစက်မှုထက် ၇၀ ရာခိုင်နှုန်း ပိုမိုလျှင်မြန်ကြောင်း ဖော်ပြထားသည်။ ….
သို့သော် ဆေးဘက်ဆိုင်ရာအရာရှိချုပ် ခရစ်ဝှစ်တီကမူ ဗီဇပြောင်းဗိုင်းရပ်စ်မှာ အသက်အန္တရာယ် ပိုမိုဖြစ်စေနိုင်သည်ဟု ယူဆရန် အချက်အလက်များ မရရှိသေးကြောင်း ပြောဆိုသည်။ ….
ဝန်ကြီးချုပ်ရုံး၏ သတင်းကြေညာချက်အပြီးတွင် ဗြိတိန်နိုင်ငံအတွင်း လွတ်လပ်စွာသွားလာ လှုပ်ရှားခွင့်အပေါ် မကြုံစဖူး ကန့်သတ်ချက်များကို ချမှတ်ခဲ့သည်။ နိုင်ငံအများစုတို့ကလည်း ဗြိတိန်နှင့် အဝင်အထွက် လေယာဉ်ခရီးစဉ်များကိုဖျက်သိမ်းလိုက်သည်။…  
လက်ရှိနိုင်ငံတကာတွင်ဖြစ်ပွားလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပိုးထက် အဆ ၇၀ ကျော်ကူးစက်မှုလျှင်မြန်သော ဗီဇပြောင်းဗိုင်းရပ်စ်သစ်မှာ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ သြစတြေးလျှနျင် အီတလီတို့၌ ကြိုကြားကူးစက်မှု ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း South China Morning Post ၏ ယမန်နေ့သတင်းတစ်ပုဒ်၌ တွေ့ရှိရသည်။ 
….
#ဗြိတိန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်နှင့်_ရုရှားကာကွယ်ဆေး ….
((( Euro weekly news., 21 December 2020, “ Russia’s Sputnik V Vaccine ‘Effective’ Against New Mutation Of COVID-19.By: Tony Winterburn “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
….
https://www.euroweeklynews.com/2020/12/21/russias-sputnik-v-vaccine-effective-against-new-mutation-of-covid-19/ ..
https://www.scmp.com/news/world/europe/article/3114725/who-europe-urges-stronger-action-contain-new-coronavirus-strain?fbclid=IwAR3138kO0E4D54KRuyalIug7cBSlh3x99KMrc_T0mIX4sbtlDIsCySZFT6U 

0

Leave a Reply

Your email address will not be published.