ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသူ မော်စကိုမြို့သားတို့အား စောင့်ကြည့်နိုင်ရန် စမတ်ဖုန်း အက်ပလီကေးရှင်းကို အသုံးပြုမည်။ ကူးစက်ရောဂါကြောင့် ရုရှားဒေသ ၈၀-ကျော်အနက် ၆၀ တို့အား တားဆီးပိတ်ဆို့ထားရ

ရုရှားနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စွဲ ကူးစက်ကပ်ရောဂါ ကျယ်ပြန့်လာသည်နှင့်အမျှ မော်စကိုမြို့နေထိုင်သူများအနက် ကိုဗစ်-နိုင်တင်းရောဂါပိုး ကူးစက်ခြင်းခံရသူများအား စောင့်ကြည့်စစ်ဆေးနိုင်မည့် စမတ်ဖုန်း အက်ပလီကေးရှင်းကို မြို့တော်အာဏာပိုင်များက တီထွင်အောင်မြင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ဗုဒ္ဓဟူးနေ့ ထုတ်ဖော်ပြသခဲ့သည့် အဆိုပါစမတ်ဖုန်းအက်ပလီကေးရှင်းမှာ တားဆီးပိတ်ဆို့ထားရသော နယ်မြေတွင် ရောဂါမပျံ့ပွားရေး နေအိမ်၌သာ နေကြရန် ညွှန်ကြားခြင်းခံရသူတို့အား မှတ်သားစောင့်ကြည့် ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားအစိုးရ၏ ကိန်းဂဏန်းများအရ နိုင်ငံတစ်ဝှမ်း ယခုအထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုပေါင်း ၂,၇၇၇-မှု့ ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ ၁- ရက်တည်း ကူးစက်မှုပေါင်း ၄၄၀ ရှိခဲ့ရာ စုစုပေါင်း ၂၄-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

အထူးသဖြင့် မော်စကိုမြို့တော်သည် ကူးစက်ပျံ့ပွားမှုအများဆုံး ဗဟိုချက်ဖြစ်သည့်အလျှောက် မြို့တော်၏ အစိတ်အပိုင်းတစ်ရပ်ကို တားဆီးပိတ်ဆို့ကြောင်း တနင်္ဂနေ့၌ အမိန့်ထုတ်ပြန်ခဲ့သည်။ ဤတွင် နေထိုင်သူတို့အနေဖြင့် အနီးအနားတစ်ဝှိုက်၌ ဆေးဝါးနှင့် အစားအစာဝယ်ယူရန်၊ အရေးပေါ်ဆေးဝါးကုသမှုခံယူရန် ၊ ခွေးလမ်းလျှောက်ရန်နှင့် အမှိုက်ပစ်ရန်အတွက်သာ နေအိမ်မှထွက်ခွင့်ရရှိကြမည်ဖြစ်သည်။

ယခု စမတ်ဖုန်းအက်ပလီကေးရှင်းကို အာဏာပိုင်တို့က ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများအား Downlaod ထည့်သွင်းစေ၍ စောင့်ကြည့်စစ်ဆေးနိုင်မည့်ဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယခုအခါ အက်ပလီကေးရှင်းကို စမ်းသပ်လျှက်ရှိပြီး မြို့တော်အနှံ့ QR-code စနစ်တခုကိုလည်း ပြင်ဆင်လျှက်ရှိကြောင်း၊ အွန်လိုင်းမှ မှတ်ပုံတင်သည့် မြို့တော်နေထိုင်သူတိုင်းသည် သတ်မှတ်ပေးသည့် Code ကုဒ် တစ်ခုကို ရရှိမည်ဖြစ်သည်။ အဆိုပါ ကုဒ်ကို ဈေးဝယ် သို့မဟုတ် ဆေးဝါးရရှိရန် အပြင်သွားခိုက် တားဆီးသည့် ရဲတပ်ဖွဲ့များအား ပြသနိုင်ပြီး အလွယ်တကူစစ်ဆေးမှု ပြီးဆုံးနိုင်မည်ဆို၏။

ဗုဒ္ဓဟူးနေ့တွင် ရုရှားတောင်ပိုင်းဒေသ ၈-ခုတို့သည်လည်း မော်စကိုနည်းတူ တားဆီးပိတ်ဆို့ရာတွင်ပါဝင်ခဲ့သည်။ ဆိုလိုသည်မှာ ရုရှားနိုင်ငံဒေသ ၈၀- ကျော်အနက် ၆၀ တို့အား တားဆီးပိတ်ဆို့ထားရသည့် အဓိပ္ပါယ်သက် ရောက်လျှက်ရှိသည်။

((( Dhaka Tribune., April 1st, 2020,” Moscow unveils coronavirus tracking app as national lockdown widens.” #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


#ကိုဗစ်-နိုင်တင်းရုရှားစမတ်ဖုန်းအက်ပလီကေးရှင်း #ကိုရိုနာဗိုင်းရပ်မော်စကိုနှင့်တောင်ပိုင်းဒေသ၈-ခု တားဆီးပိတ်ဆို့

https://www.dhakatribune.com/world/europe/2020/04/01/moscow-unveils-coronavirus-tracking-app-as-national-lockdown-widens

0

Leave a Reply

Your email address will not be published.