လက်ခံနိုင်ဖွယ်မရှိသော ဝင်ရောက်စွက်ဖက်သူအဖြစ် ICC ၏ ဥပဒေအရာရှိအား အမေရိကန်က အမည်ပျက်စာရင်းသွင်းကာ ဒါဏ်ခတ်ပိတ်ဆို့ ။ အာဖဂန်တွင် စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု ဂမ်ဘီယာနိုင်ငံသူက အမေရိကန်အား စွပ်စွဲပြန်

နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ ဥပဒေအရာရှိချုပ် ဖက်တိုဘင်ဆူဒါသည် အမေရိကန်နိုင်ငံ၏ တရားစိုးမိုးမှုအပေါ် လက်ခံနိုင်ဖွယ်မရှိအောင် ဝင်ရောက်စွက်ဖက်သဖြင့် အမည်ပျက်စာရင်း ထည့်သွင်းသတ်မှတ်လိုက် ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက ကြေညာသည်ဟု Russis Today က ယမန်နေ့ရေးသားသည်။ 


အာဖဂန်နစ္စတန်တွင် အမေရိကန်နိုင်ငံက စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲလျှက် စုံစမ်းစစ်ဆေးရန် အားထုတ်လျှက်ရှိသော ဂမ်ဘီယာနိုင်ငံသူဥပဒေအရာရှိအပြင် ၎င်းနှင့်ရုပ်ပိုင်းဆိုင်ရာပူးပေါင်းကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ ဖြည့်ဆည်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဋ္ဌာနအကြီးအကဲ ( အာဖရိက- လီဆိုသိုနိုင်ငံသားဖြစ်သူ ပါစီကိုမိုချိုချိုကို တို့အား အမေရိကန်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် နာမည်ပျက် စာရင်းသွင်းကာ ဒါဏ်ခတ်အရေးယူခဲ့ကြောင်း သိရှိရသည်။ 

  
နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ICC အား အလုံးစုံ ပျက်ပြားလျှက် အဂတိလိုက်စားနေသော အဖွဲ့အစည်းတစ်ခုအဖြစ် ရည်ညွှန်းလိုက်ပြီး အမေရိကန်နိုင်ငံနှင့် နိုင်ငံသားတို့အား စီရင်ဆုံးဖြတ်ရန် ကြိုးစားမှုမှန်သမျှသည် တရားမဝင်သဖြင့် သည်းခံမည်မဟုတ်ကြောင်း ပြောဆိုသည်။ 

  
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်သာလျှင် ရာဇဝတ်မှုတွင် ရက်စက်ကြမ်းကြုတ်မှုကို ခံစားခဲ့ရသူများအတွက် တရားမျှတမှုကို ရှာဖွေလျှက်ရှိသော နိုင်ငံတကာရာဇဝတ်တရားရုံး၏ တရားဥပဒေနှင့်အညီ ဆောင်ရွက်မှုကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း၊ ICC အနေဖြင့် ရောမသဘောတူညီချက်တွင် လက်မှတ်ရေးထိုးသော နိုင်ငံများက အပ်နှင်းသည့် အခွင့်အာဏာများကို အသုံးပြုလျှက် အစီအစဉ်အတိုင်း ဝတ္တရားနှင့် အညီ မဆုတ်မနစ် ဆက်လက်ဆောင်သွားမည်ဖြစ်ကြောင်း ICC ပြောရေးဆိုခွင့်ရှိသူက ချေပခဲ့သည်ဆို၏။ 

  
နိုင်ငံတကာရာဇဝတ်တရားရုံးတည်ထောင်မည့် ရောမသဘောတူညီချက်ကို  နိုင်ငံပေါင်း ၁၂၃-နိုင်ငံတို့က ၂၀၀၂-ခုနှစ်တွင်  လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၁၉-ခုနှစ်၌ အာဏာတည်ကြောင်း ပြဋ္ဌာန်းခဲ့သည်။ အာဖဂန်နစ္စတန်သည် အဖွဲ့ဝင်ဖြစ်သော်လည်း အမေရိကန်သည် အဖွဲ့ဝင်နိုင်ငံ မဟုတ်ချေ။ 

  
လွန်ခဲ့သည့် ဇွန်လတွင် အမေရိကန်နှင့် ပါလက်စတိုင်း၌ လူ့အခွင့်အရေးချိုးဖောက်သည်ဟု အစ္စရေးအပေါ် စုံစမ်းစစ်ဆေးခြင်း အပါအဝင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအား စစ်ဆေးရန်တောင်းဆိုသည့် ICC ဝန်ထမ်းများ၏ စီးပွားရေးနှင့် ပုဂ္ဂလိကဆိုင်ရာ ဒါဏ်ခတ်ပိတ်ဆို့ရန် အခြေခံမူများကို ဒေါ်နယ်ထရမ့်အစိုးရက ပြဋ္ဌာန်ခဲ့သည်။ 

  
ရောမသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်းမရှိပဲ ICC ၏ တည်ရှိမှုကို မူလကည်းက ဆန့်ကျင်ခဲ့သော အမေရိကန်သည် ၁၉၉၀ ပြည့်နှစ်များတွင် ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံများအတွက် အထူးသီးသန့် ခုံရုံးများ တည်ထောင်ခြင်းကို ထောက်ခံခဲ့သည်။ 

၂၀၀၂-ခုနှစ် သမ္မတဂျော့ခ်ျဒဗလျူဘုရှ်အစိုးရလက်ထက်၌ “ အမေရိကန် အမှုထမ်းသူများ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကိုပြဌာန်းခဲ့သည်။ ၎င်းတွင် မည်သည့် အမေရိကန် သို့မဟုတ် မဟာမိတ်နိုင်ငံသားတို့ကိုမဆို ICC က အရေးယူခဲ့လျှင် “ဟိဂ်ကျူးကျော်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်” အတိုင်းဖြစ်သည်ဟု ဖော်ပြလျှက် အင်အားအသုံးပြရန် အတည်ပြုထားသည်။ 


ထို့ပြင် ရောမသဘောတူညီချက်အား လက်ခံအတည်ပြုသည့် နိုင်ငံများမှ အမေရိကန်၏ စစ်ရေးအကူအညီများ ကို ပြန်လည်ရုပ်သိမ်းနိုင်ရန်လည်း ခွင့်ပြုထားသည်။ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းများ၌ အမေရိကန်တပ်များအား အပြည့်အ၀ ကာကွယ်ပေးနိုင်ခြင်း မရှိလျှင် အမေရိကန်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကန့်သတ်ထားသည်။ 



(( အမေရိကန်သည် တရားဥပဒေစိုးမိုးရေးနှင့် ပွင့်လင်းမြင်သာသော တရားစီရင်ရေး၌ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အမေရိကန်တပ်များသည် ကမ္ဘာ့အနှံ့ နိုင်ငံအတော်များများ၌ တပ်စွဲထားသည်။ မ’သားတစ်ထောင်တို့ကြားတွင် မုဒိန်းမှု- လိင်စော်ကားမှုဆိုသည်တို့မှာလည်း မလွဲမသွေဖြစ်လေ့ရှိပါသည်။ အတတ်နိုင်ဆုံးတော့ သူတို့ဖာသာ ဖော်ထုတ်ပြီး အရေးယူသည်။ လက်သည်မပေါ်- အမှုမှန်မဖြစ်သည်များလည်း ရှိနိုင်ပါသည်။ 

  
သို့သော် စစ်တိုက်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့အကြား ခြားနားချက်ဆိုသည်မှာ နံရံပါးပါးလေးမျှသာဖြစ်သည်။ လူ့အခွင့်အရေးချိူးဖောက်သည်ဆိုခြင်းမှာလည်း ကမ္ဘာ့နိုင်ငံကြီးဖြစ်၍ သူ့ဥပဒေနှင့်သူ ဖြစ်ကြောင်း တွေ့ရပါမည်။ 

  
ICC မှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်တွင် ရုံးစိုက်သော်လည်း ICC ဝန်ထမ်းများအတွက် ကုလသမဂ္ဂရုံးချုပ်ရှိရာ အမေရိကန်နိုင်ငံအတွင်း ဥဒဟို သွားလာခွင့်ရရှိရန် ဗီဇာလိုအပ်သည်။ 

ထိုအတွက် အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ထုတ်ပေးမှသာ ပြည်ဝင်ခွင့် ရရှိပါလိမ့်မည်။ လွန်ခဲ့သော လများကမူ အာဖဂန်စစ်ရာဇဝတ်မှုများအကြောင်း စုံစမ်းစစ်ဆေးလျှင် အမေရိကန် အကြုံးမဝင်ကြောင်း ICC ကိုယ်တိုင်ပြောဆိုခဲ့ဖူးသည်။ ။ သတင်းဘာသာပြန်သူ )) 

#နိုင်ငံတကာရာဇဝတ်တရားရုံးICC #ဥပဒေအရာရှိချုပ် #အမေရိကန်ဒါဏ်ခတ်ပိတ်ဆို့ 

((( Russia Today., 2 Sep, 2020, “‘Unacceptable’ interference: International Criminal Court objects to US sanctions prompted by war crimes investigation.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/499743-icc-sanctions-pompeo-crimes/

https://www.rt.com/news/491537-us-economic-sanctions-icc/

0

Leave a Reply

Your email address will not be published.