လက်တင်အမေရိကသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံပွားရာ ဗဟိုချက်ဖြစ်လာကြောင်း WHO ကြေညာ။ ကမ္ဘာအဝှမ်းရောဂါဖြစ်ပွားသူများတွင် ၉၈ ရာနှုန်းမှာ သာမန်ရောဂါဝေနာခံစားရသူများဖြစ်ပြီး သေဆုံးမှု ၁၄ ရာခိုင်နှုန်းရှိခဲ့

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအရှိန်မြင့် သွက်လက်လာစေရေးအတွက် ပြန်လည်ဖွင့်လှစ်ခြင်းများ တိုးမြှင့်ကြရန် သက်ဆိုင်ရာပြည်နယ်အစိုးရတို့အပေါ် သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးလျှက်ရှိစဉ်၊ လက်တင် အမေရိကဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံပွားရာ ဗဟိုချက်ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာသည်ဟု AFP အား ကိုးကားလျှက် Dhaka Tribune က ယနေ့ရေးသားသည်။

ကမ္ဘာနှင့်အဝှမ်း Covid-19 ရောဂါဖြစ်ပွားမှုပေါင်း ၅.၂ သန်းနီးပါးနှင့် သေဆုံးသူ ၃၄၀,၀၀၀ ကျော်ရှိလာချိန်တွင် ရောဂါကြောင့် အထိနာလျှက်ရှိသော အမေရိကန်၊ ဥရောပနိုင်ငံတို့၌ ပြန်လည်ထူထောင်ရေးအဆင့်သို့ သတိကြီးစွာဖြင့်ဆောင်ရွက်လျှက်ရှိသည်။ ထိုစဉ်အတွင်း ဗဟိုနှင့်တောင်အမေရိကဒေသနိုင်ငံများတွင် ကူးစက်မှုများ တစ်ရှိန်ထိုးမြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။

တောင်အမေရိက နိုင်ငံများတွင် သေဆုံးသူ ၂၀,၀၀၀ ကျော်နှင့် ရောဂါဖြစ်ပွားမှု ၃၁၀,၀၀၀ ဖြစ်လာသော ဘရာဇီးသည် အမေရိကန်နှင့် ရုရှားပြီးလျှင် နိုင်ငံတကာ၌ တတိယမြောက် ကူးစက်ပြန့်နှံမှု အကြီးမားဆုံး ရောဂါဗဟိုချက်အသစ် ဖြစ်လာသည်။

အမေရိကန်၊ ဥရောပနိုင်ငံများကဲ့သို့ သက်ကြီးရွယ်အိုများအထိနာဆုံး ပုံစံမျိူး မဟုတ်ပဲ ဘရာဇီး၏ ကိုရိုနာကြောင့် လူသေဆုံးမှုများတွင် များသောအားဖြင့် အသက်ငယ်ရွယ်သူများဖြစ်သည်။ ရောဂါကူးစက်မှုက ခြိမ်းခြောက်လျှက်ရှိသော်လည်း ဆင်းရဲမွဲတေမှုကြောင့် အလုပ်လုပ်ကိုင်ကြရသူများ ဖြစ်နေသည်။


ဘရာဇီး၏ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခံရသူ အများစုမှာ အသက် ၆၀ အောက်များ ဖြစ်ကြသည်။ ရောဂါပိုးစွဲ ကပ်လျှက်ရှိသည့်တိုင်လည်း အလုပ်လုပ်ရန်မှတစ်ပါး အခြားရွေးချယ်ရန် မရှိချေ။ သေဆုံးမှုများမှာ အလွန်အမင်း များပြားလှသဖြင့် မြို့တော် ဆောပေါလို သင်္ချိုင်း၏ အပြင်ဖက်နေရာတွင် အလျှင်အမြန်သဂြိုလ်နေရသည်။ သဂြိုလ်ပေးသူများမှာလည်း ၁-နေ့လျှင် ၁၂-နာရီကြာမျှ တစ်လောင်းပြီး တစ်လောင်း မနားတမ်းမြြေ့မှုပ်ပေးနေရသည်။

အမေရိကန်တွင် ရောဂါကူးစက်လျှက်ရှိသူ ၁.၆-သန်းနှင့် သေဆုံးသူ ၉၆,၀၀၀ -ဦး ရှိနေသည်။ Covid-19 ရောဂါဖြစ်ပွားမှု ဆက်လက် မြင့်တက်နေဆဲ ဖြစ်သော်လည်း ကူးစက်ကပ်ရောဂါကြောင့် အမေရိကန်စီးပွားရေးအပေါ် ထိခိုက်စေခြင်းက ဗိုင်းရပ်စ်ကာကွယ်ရေး ကန့်သတ်ချက်များအား အဆုံးသတ်ရန် တောင်းဆိုမှုများဖြစ်ပေါ်စေခဲ့သည်။


ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်သေဆုံးနှုန်းမှာ ၄-ရက် ဆက်တိုက် မြင့်တက်လျှက်ရှိရာ သောကြာနေ့သည် ကြာသပတေးနေ့ထက် သေဆုံးမှု ၆.၄ ရာနှုန်း တိုးမြင့်ခဲ့သည်။


နိုင်ငံတကာတွင် ယနေ့နံနက်အထိ ရောဂါဖြစ်ပွားလျှက်ရှိသူ ၂,၈၁၃,၈၅၈-ဦး ရှိခဲ့ပြီး ၉၈ ရာနှုန်းမှာ သာမန်ရောဂါဝေဒနာခံစားရသူများဖြစ်၍ ၂ ရာနှုန်းမှာ စိုးရိမ်ရသော အခြေအနေရှိသည်။

၂၀၁၉-ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ပြန်လည် သုံးသပ်ကြည့်လျှင် နိုင်ငံနှင့် နယ်မြေပေါင်း ၂၁၂-ခုတို့၌ ကူးစက်ခံရသူအားလုံး၏ ၁၄ ရာနှုန်း ( ၃၄၃,၉၈၃-ယောက် ) မှာ သေဆုံးခဲ့ကြပြီး ၈၆ ရာနှုန်းကို ပြန်လည်နလံ ထူလာအောင် ကုသပေးနိုင်ခဲ့ကြောင်း တွေရှိရသည်ဟု Dhaka Tribune က ယမန်နေ့ အခြားသတင်းတစ်ပုဒ်၌ ဖော်ပြသည်။


((( Dhaka Tribune., May 23rd, 2020, “WHO declares Latin America new coronavirus epicenter.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်လက်တင်အမေရိကမှာကူးစက်သေဆုံးမှုဗဟိုချက်ဖြစ်လာ

https://www.dhakatribune.com/health/coronavirus/2020/05/23/who-declares-latin-america-new-coronavirus-epicenter

https://www.dhakatribune.com/health/coronavirus/2020/05/23/coronavirus-daily-new-deaths-continue-upward-trend-globally

0

Leave a Reply

Your email address will not be published.